Source; Internet
**Unicode**
မုံရွာတက္ကသိုလ် ဥပဒေဌာနတွင် စီးပွားရေးဥပဒေပညာဒီပလိုမာ အချိန်ပိုင်းသင်တန်းကို ဒီဇင်ဘာ (၃) ရက်မှာစတင်ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ပါတယ်။
အဆိုပါသင်တန်းကို နိုင်ငံတော်စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်အတွက် ကဏ္ဍအသီးသီးမှာ တာဝန်ထမ်းဆောင်နေကြတဲ့ နိုင်ငံ့ဝန်ထမ်းတွေ၊ NGOs အမှုထမ်းတွေ၊ ပုဂ္ဂလိက ကဏ္ဍဆောင်ရွက်နေကြသူတွေအတွက် ရည်ရွယ်ဖွင့်လှစ်တာဖြစ်သည်ဟု သိရပါတယ်။
အသိအမှတ်ပြုတက္ကသိုလ်တစ်ခုခုမှဘွဲ့ရရှိပြီးသူတွေ တက်ရောက်နိုင်ပြီး သင်တန်းကာလ (၉) လကြာမြင့်မှာဖြစ်ပါတယ်။
Tour Guide (7) ဧည်လမ်းညွှန်သင်တန်းများနှင့် ပတ်သက်ပြီးရှာရန်နှိပ်ပါ။
သင်တန်းချိန်မှာ တနင်္လာနေ့မှ သောကြာနေ့အထိ၊ နံနက် (၇) နာရီမှ (၉) နာရီ အထိဖြစ်ပါတယ်။ သင်တန်းကြေးမှာ နှစ်သိန်းကျပ်ဖြစ်ပြီး လျှောက်လွှာတွေကို နိုဝင်ဘာ (၁၄) ရက်မှ စတင်ရယူနိုင်ပြီး နိုဝင်ဘာ (၂၂) ရက်နောက်ဆုံးထားလျှောက်ထားနိုင်မည်ဖြစ်ပါတယ်။
Source; Internet