Myanmar Imperial University မှ နှစ်စဉ်ကျင်းပလျက်ရှိသော “မြန်မာကို ကမ္ဘာကသိဖို့” Annual Leadership Forum 2018

Myanmar Imperial University မှ နှစ်စဉ်ကျင်းပလျက်ရှိသော “မြန်မာကို ကမ္ဘာကသိဖို့” Annual Leadership Forum 2018

Myanmar Imperial University မှ ရည်မှန်းချက်ကြီးပြီး အိပ်မက်များကိုအောင်မြင်စွာ အကောင်ထည်ဖော်လိုသူ လူငယ်များအတွက် ရည်ရွယ်၍ နှစ်စဉ်ခမ်းနားထည်ဝါစွာ ကျင်းပမြဲဖြစ်သော“မြန်မာကို ကမ္ဘာကသိဖို့” Annual Leadership Forum ကို ယခု ၂၀၁၈ ခုနှစ်တွင် “အိပ်မက်ကိုဖမ်းဆုပ်ထားကြသူများ” ခေါင်းစဉ်ဖြင့် ဒီဇင်ဘာလ ၈ ရက်နေ့ (စနေနေ့) တွင် နေ့လည် ၁:၀၀ နာရီမှ ညနေ ၄:၀၀ နာရီအထိ ရန်ကုန်မြို့ Melia Hotel ၌ ခမ်းနားစွာ ကျင်းပပေးသွားမည်ဖြစ်ပါတယ်။

ယခုဆွေးနွေးပွဲတွင် -

⭐️ ဆရာကြီး Prof: ဒေါက်တာ အောင်ထွန်းသက် (Advisor of Myanmar Imperial University)

⭐️ဆရာမကြီး Prof: ဒေါက်တာ ဒေါ်လှမြင့် (Academic Advisor of Myanmar Imperial University)

⭐️ဒေါ်ပို့ပို့ကြည် (Founder & MD of Myanmar Imperial University)

⭐️ဦးအောင်နိုင်ဦး (Director General of Directorate of Investment and Company Administration – DICA)

⭐️ဒေါ်ဝင်းဝင်းတင့် (Founder & CEO of City Mart Holding Co., Ltd.)

တို့မှ ရည်မှန်းချက်ကြီးမားသော လူငယ်များအတွက် သူတို့၏ အိပ်မက်များကို လက်တွေ့အကောင်ထည်ဖော်ရာတွင် တွေ့ကြုံရမည့် အခက်အခဲများကို ရင်ဆိုင်ကျော်လွှားနိုင်စေမယ့် အကြံဥာဏ်များနှင့် အနာဂတ်တွင် တွေ့ကြုံရမည့် ခေါင်းဆောင်မှုဆိုင်ရာပညာရပ်များကို ဝေမျှပေးသွားမည် ဖြစ်ပါတယ်။

ထို့နောက် “အိပ်မက်များအတွက် အမေး၊ အိပ်မက်များအတွက် အဖြေ” အမေးအဖြေကဏ္ဍမှာလည်း အခမ်းအနားကိုတက်ရောက်လာသူ လူငယ်များမှ မိမိတို့ရဲ့အနာဂတ်အိပ်မက်များကို အကောင်ထည်ဖော်ရာတွင် လက်တွေ့အသုံးချနိုင်ဖို့ သိလိုသမျှ၊ မေးလိုသမျှမေးခွန်းများကို သက်ဆိုင်ရာဟောပြောသူများအား မေးခွန်းများမေးမြန်းနိုင်မှာလည်း ဖြစ်ပါတယ်။

သို့ဖြစ်ပါ၍ ဒီဇင်ဘာလ ၈ ရက်နေ့ (စနေနေ့) တွင် နေ့လည် ၁:၀၀ နာရီမှ ညနေ ၄:၀၀ နာရီအထိ ရန်ကုန်မြို့ Melia Hotel ၌ ကျင်းပပြုလုပ်သွားမည့် “မြန်မာကို ကမ္ဘာကသိဖို့” Annual Leadership Forum 2018 ကို တက်ရောက်လိုသူများအနေဖြင့် Myanmar Imperial University၊ အမှတ် (၁)၊ ဈေးမြောက်လမ်း၊ ဘုရားကြီးရပ်ကွက်၊ ဒဂုံမြို့နယ်၊ ရန်ကုန်မြို့၊ ဖုန်းနံပါတ် 09 73210001, 09 421100222 သို့ဆက်သွယ်စာရင်းပေးသွင်းကာ တက်ရောက်နိုင်မည်ဖြစ်ပါတယ်။

Myanmar Imperial University အနေဖြင့်လည်း မြန်မာလူငယ်များ၏ အိပ်မက်များအကောင်အထည်ဖော်လာနိုင်ရန်နှင့် လူငယ်များ၏ ဖြိုးတိုးတက်မှူနှင့် အတွေးအခေါ်မြင့်မားတိုးတက်လာစေရန် အုပ်တစ်ချပ်၊ သဲတစ်ပွင့် အနေဖြင့် စွမ်းစွမ်းတမံကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းသန္နိဋ္ဌာန်ပြုအပ်ပါတယ်။

News Read 1815 times