ရန်ကုန်တက္ကသိုလ်တွင် ကျောင်းသား/သူများ အဆောင်လျှောက်ထားရန် ကြေညာချက်

ရန်ကုန်တက္ကသိုလ်တွင် ကျောင်းသား/သူများ အဆောင်လျှောက်ထားရန် ကြေညာချက်

၁။ ရန်ကုန်တက္ကသိုလ်၊ ၂၀၁၈-၂၀၁၉ ပညာသင်နှစ်၊ ဘွဲ့ကြိုသင်တန်း (ပထမ ပညာသင်ကာလ) အတွက် တက်ရောက်ခွင့်ရကြသော ကျောင်းသား၊ ကျောင်းသူများသည် ရန်ကုန်တက္ကသိုလ် ကျောင်းဆောင်များတွင် အဆောင်နေထိုင်ခွင့် လျှောက်ထားလိုပါက အောက်ပါသတ်မှတ်ချက်များနှင့်ကိုက်ညီပါလျှင် ပထမနှစ် ကျောင်းသား၊ ကျောင်းသူ များကို ရန်ကုန်တက္ကသိုလ်(လှိုင်နယ်မြေ)ရှိ ကေတုမတီအဆောင်များနှင့် မြတ်လေးအဆောင်များတွင် အဆောင်နေထိုင်ခွင့်ပြု မည်ဖြစ်သည်။

အဆောင်နေထိုင်ခွင့်လျှောက်ထားခြင်းများကို ရန်ကုန်တက္ကသိုလ် (လှိုင်နယ်မြေ)ရှိ သင်တန်းရေးရာဌာနတွင်လည်းကောင်း၊ ဒုတိယနှစ်နှင့်အထက် သင်တန်းများကို ရန်ကုန်တက္ကသိုလ် ကျောင်းသားရေးရာနှင့်ကျောင်းဆောင်များဌာန (သိပ္ပံဆောင်) တွင်လည်းကောင်း လိုအပ်သော ပုံစံများ ထုတ်ယူ၍ (၁၅ -၁၁ -၂၀၁၈) ရက်နေ့မှ ( ၇ -၁၂ -၂၀၁၈) ရက်နေ့အထိ လျှောက်ထားနိုင်ကြောင်း ကြေညာလိုက်သည်။

၂။ လစ်လပ်နေရာများကိုသာ အဆောင်ချထားပေးရမည်ဖြစ်သဖြင့် အလျင်လျှောက်ထားသူများကို ဦးစားပေး ရွေးချယ်ပေးသွားမည်ဖြစ်ပါသည်။

၃။ အဆောင်နေထိုင်ခွင့်ရရှိသော ကျောင်းသား၊ ကျောင်းသူများသည် (၃-၁၂-၂၀၁၈) ရက်နေ့မှသာ အစား အသောက် စတင်ကျွေးမွေးမည်ဖြစ်သဖြင့် မိမိဝင်ခွင့်ရရှိသော အဆောင်များသို့ (၂-၁၂-၂၀၁၈) ရက်နေ့မှသာ စတင်နေထိုင်ခွင့်ပြု မည်ဖြစ်ပါသည်။

အရည်အချင်းသတ်မှတ်ချက်များ

(က) ရန်ကုန်မြို့တော် စည်ပင်သာယာနယ်နမိတ်ပြင်ပနှင့် အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် နေထိုင်သော ကျောင်းသား၊ ကျောင်းသူများဖြစ်ရမည်။ (သန်းခေါင်စာရင်း မူရင်း၊ မိတ္တူ၊ နှင့် နေထိုင်ကြောင်းရပ်ကွက် ထောက်ခံစာ မူရင်းကို မပျက်မကွက် ပူးတွဲလျှောက်ထားရမည်)

(ခ) စာမေးပွဲကျရှုံးသူမဖြစ်စေရ။

(ဂ) ကျောင်းဝင်ခွင့်မှတ်ပုံတင်ပြီးကြောင်း အထောက်အထားတင်ပြနိုင်ရမည်။

(ဃ) သတ်မှတ်ထားသော ကျောင်းဆောင်စည်းကမ်းနှင့်အညီ နေထိုင်နိုင်သူဖြစ်ရမည်။

ပညာရေးလမ်းညွှန်website တွင်မြန်မာတစ်နိုင်ငံလုံးတွင် ပြောင်းလဲနေသော ပညာရေးသတင်းများအခမဲ့ ပညာရေးသင်ကြားပေးနေသည့် သင်တန်းကျောင်းများ၊ ပြည်တွင်း၊ ပြည်ပပညာသင်ဆုများ၊ ပညာရေးအတွက် သင်တန်းများ၊ အလုပ်ခွင်ဝင်ရန် လိုအပ်သော သင်တန်းများ စသည်တို့ပါဝင်ပါတယ်နော်...။

News Read 2568 times