အခြေခံပညာကျောင်းများတွင် အင်္ဂလိပ်စာသင်ကြားမည့် အမေရိကန် စေတနာ့ဝန်ထမ်း ၃၂ ဦး ထပ်မံရောက်ရှိ

အခြေခံပညာကျောင်းများတွင် အင်္ဂလိပ်စာသင်ကြားမည့် အမေရိကန် စေတနာ့ဝန်ထမ်း ၃၂ ဦး ထပ်မံရောက်ရှိ

၂၀၁၈-၁၉ ပညာသင်နှစ် ဇွန်လ ကျောင်းဖွင့်ချိန်ကစတင်ကာ စေတနာ့ဝန်ထမ်းများသည် ရန်ကုန်တိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မွန်ပြည်နယ်တို့ရှိ အခြေခံ ပညာကျောင်းများတွင် အင်္ဂလိပ်ဘာသာစကား သင်ကြားပေး မည်ဖြစ်သည်။ 

Peace Corps တတိယအသုတ်တွင် စေတနာ့ဝန်ထမ်း ၃၂ ဦး ပါဝင်ပြီး ၎င်းတို့သည် အခြေခံ ပညာ ကျောင်း များရှိ အင်္ဂလိပ် ဘာသာပြ မြန်မာဆရာ၊ ဆရာမ များနှင့်အတူ ၂ နှစ်ကြာ တာဝန် ထမ်းဆောင်မည် ဖြစ်သည်။

READ - စတုတ္ထတန်းနှင့် အဋ္ဌမတန်းစာမေးပွဲမေးခွန်းများ အမှားမပါစေရန်နှင့် ပေါက်ကြားမှုမရှိစေရန် ပညာရေးဝန်ကြီးသတိပေး

စေတနာ့ဝန်ထမ်းများသည် တာဝန်မထမ်းဆောင်မီ သီတင်း ပတ် ၁၀ ပတ်ကြာ ကြိုတင်၍ မြန်မာဘာသာ စကား၊ မြန်မာ့ယဉ် ကျေးမှု၊ သင်ကြားရေးစွမ်းရည်၊ ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံ ရေးဆိုင်ရာ အကြို သင်တန်းများ တက်ရောက်မည်ဖြစ်သည်။ 

Peace Corps အဖွဲ့ ပထမ အသုတ် စေတနာ့ဝန်ထမ်း ငါးဦးသည် ၂၀၁၆ က ရန်ကုန်တိုင်းဒေသကြီးရှိ အခြေခံပညာအလယ်တန်း ကျောင်းများနှင့် အထက်တန်းကျောင်းများတွင် အင်္ဂလိပ် ဘာသာစကား သင်ကြားပေးခဲ့ပြီး ဒုတိယအသုတ် စေတနာ့ဝန်ထမ်း ၁၅ ဦးသည် ပဲခူးတိုင်းဒေသကြီးရှိ အခြေခံပညာ ကျောင်းများတွင် တိုးချဲ့သင်ကြားပေးခဲ့သည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: 7day daily

News Read 2485 times