သံတမန်ရပ်ဝန်းမှသည် တက္ကသိုလ်ရပ်ဝန်းဆီသို့

သံတမန်ရပ်ဝန်းမှသည် တက္ကသိုလ်ရပ်ဝန်းဆီသို့

ယခုပြောင်းရွှေ့ဖွင့်လှစ်လိုက်တဲ့ အမေရိကန်စင်တာအသစ်တွင် စာအုပ်ပေါင်း ၁၂၀၀၀ ကျော်၊ ကွန်ပျူတာ လက်တွေ့ခန်းတစ်ခု၊ ဟောပြောပွဲခန်းမတစ်ခု၊ ကဖေးဆိုင်တစ်ခု ပါဝင်ပြီး အင်္ဂလိပ်စာသင်တန်းများနှင့် အခြားသင်တန်းများအတွက် နောက်ဆုံးပေါ်နည်းပညာများ ပံ့ပိုးပေးထားသည့်အပြင် အမေရိကန် ပညာရေးဆိုင်ရာ အခမဲ့ တိုင်ပင်ဆွေးနွေးပေးမည့် ၀န်ဆောင်မှုကိုလည်း ရရှိနိုင်မည်ဖြစ်ပါတယ်။

စာကြည့်တိုက်မှာ free WiFi network ရှိသည့်အပြင် online မှလေ့လာနိုင်ရန် Kindles, Chromebooks, iPads များလည်းစီစဉ်ပေးထားပါတယ်။

အသင်းဝင်ကြေး တစ်နှစ်လျှင် ၅၀၀၀ ကျပ်ဖြင့် အသက် ၁၆ နှစ်ပြည့်ပြီးသူတိုင်း လျှောက်ထားလို့ရပါတယ်။

တနလာင်္နေ့မှ စနေနေ့အထိ နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိနှင့် ကြာသပတေးနေ့ နံနက် ၉ နာရီမှ နေ့လည် ၁၂ နာရီအထိ ဖွင့်လှစ်ထားပါတယ်။

တနင်္ဂနွေနေ့နှင့် မြန်မာနှင့် အမေရိကန်အစိုးရရုံးပိတ်ရက်များမှာတော့ ပိတ်ထားမှာဖြစ်ပါတယ်။

ဒါကြောင့်မို့ မြန်မာနိုင်ငံရဲ့ အကြီးဆုံးစာကြည့်တိုက်များထဲမှတစ်ခုဖြစ်တဲ့ အမေရိကန်စင်တာမှစာကြည့်တိုက်ကတော့ တက္ကသိုလ်ရပ်ဝန်းဆီသို့ ရောက်ရှိလာပါပြီ။

တက္ကသိုလ်ရပ်ဝန်းအတွက် လေ့လာသင်ယူစရာများနှင့် သုတေသနများလုပ်ဆောင်နိုင်ဖို့အတွက် အကောင်းဆုံး အထောက်အကူပြုပေးနိုင်မယ့် နေရာတစ်ခုပါ။

Source; Yangon University of Economics

News Read 1399 times