ဝိဇ္ဇာ၊ သိပ္ပံတက္ကသိုလ်များမှ ယင်းဘာသာရပ်သင် ဆရာများအနေနှင့်လည်း နည်းပညာနှင့်ကွန်ပျူတာ တက္ကသိုလ်များ တာဝန်ထမ်းဆောင်လိုလျှင် ရာထူးတိုး၊ ပြောင်းလျှောက်ထားနိုင်ပါသည်။
နည်းပညာတက္ကသိုလ်တစ်ခုမျ အင်္ဂလိပ်စာဌာန လက်ထောက်ကထိက ဆရာမတစ်ဦးက ၀ိဇ္ဇာဘာသာရပ်များသည် နည်းပညာတက္ကသိုလ်များတွင် ဒုတိယ အထူးပြု ဘာသာရပ်အဖြစ်သာ သင်ကြားရသဖြင့် အဓိက အထူးပြု ဘာသာရပ်အဖြစ် သင်ကြားခွင့်ရရှိသော ၀ိဇ္ဇာ၊ သိပ္ပံတက္ကသိုလ်များသို့ ပြောင်းရွှေ့လျှောက်ထားလိုကြောင်း ပြောကြားသည်။
READ - တက္ကသိုလ်ဆရာ၊ ဆရာမများ နေရာမပြောင်းဘဲ အတည်တကျ တာဝန် ထမ်းဆောင်လိုသည့် တက္ကသိုလ်စစ်တမ်းကောက်ယူ
ထိုသို့ လျှောက်ထားနိုင်ရန် နည်းပညာတက္ကသိုလ်များ၏ ရာထူးတိုး၊ ပြောင်းလျှောက်လွှာများနှင့် ၀ိဇ္ဇာ၊ သိပ္ပံရာထူးတိုး၊ ပြောင်း လျှောက်လွှာများကို ၂၀၁၈-၂၀၁၉ ပညာသင်နှစ် (လပိုင်းကိုမူ မသိရှိရသေးပေ) မှ စတင်၍ တစ်ချိန်တည်း ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
ယခင်နှစ်များတွင် ထိုသို့ပြောင်းရွှေ့ခွင့်ပြုခဲ့သော်လည်း နည်းပညာတက္ကသိုလ်နှင့် ကွန်ပျူတာတက္ကသိုလ်များ၏ အပြောင်းအရွှေ့ဆောင်ရွက်မှုများသည် ၀ိဇ္ဇာ၊ သိပ္ပံတက္ကသိုလ်များ၏ အပြောင်းအရွှေ့ဆောင်ရွက်မှုများထက် အချိန်ပိုစောလေ့ရှိကြောင်း သိရသည်။
ပြီးခဲ့သော ၂၀၁၆-၁၇ ပညာသင်နှစ်တွင် နည်းပညာတက္ကသိုလ်နှင့် ကွန်ပျူတာတက္ကသိုလ်များမှ ဆရာ၊ ဆရာမများ သြဂုတ်လအတွင်း ရာထူးတိုး၊ ပြောင်းရွှေ့ခန့်ထားပေးခဲ့ပြီး ၀ိဇ္ဇာ၊ သိပ္ပံတက္ကသိုလ်များတွင် ရာထူးတိုး၊ ပြောင်းရွှေ့ခန့်ထားမှုကို နိုဝင်ဘာလတွင် ထုတ်ပြန်ခဲ့ကြောင်း အဆင့်မြင့်ပညာဦးစီးဌာနမှ သိရသည်။
မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။
Source: thevoicemyanmar