ကျောင်းပိတ်ကာလအတွင်း ရန်ကုန်တက္ကသိုလ်ကျောင်းဆောင်များတွင် နေထိုင်ခွင့်ပြုမည်

ကျောင်းပိတ်ကာလအတွင်း ရန်ကုန်တက္ကသိုလ်ကျောင်းဆောင်များတွင် နေထိုင်ခွင့်ပြုမည်

ရန်ကုန်တက္ကသိုလ် ကျောင်းဆောင်များတွင် ကျောင်းသား/ကျောင်းသူများကို ကျောင်းပိတ်ကာလ အတွင်းအဆောင်နေ ထိုင်ခွင့်ပြုမည်ဟု ပါမောက္ခချုပ် ဒေါက်တာဖိုးကောင်းက ပြောပါတယ်။

 

ရန်ကုန်တက္ကသိုလ် ကျောင်းသား၊/ကျောင်းသူများ ကျောင်းပိတ်ကာလအတွင်း အဆောင်နေထိုင်ခွင့်ရရှိရေး စက်တင်ဘာ () ရက်က ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂက ရန်ကုန်တက္ကသိုလ် ကိုယ်စားပြု စီမံခန့်ခွဲရေးအဖွဲ့အစည်းဝေးတွင် တောင်းဆိုပါတယ်။

 

တက္ကသိုလ်စာမေးပွဲများကို စက်တင်ဘာအတွင်းကျင်းပပြီး နောက်အောက်တိုဘာ၊ နိုဝင်ဘာ သည်ကျောင်းပိတ်ရက်ဖြစ်သော်လည်း ရန်ကုန်မြို့တွင် သင်တန်းတက်မည့် ကျောင်းသား၊/ကျောင်းသူများ ရှိပါက လက်ခံနိုင်သည့် ဦးရေအထိ ကျောင်းဆောင်များ၌ နေထိုင်ခွင့်ပြုမည်ဟု ဒေါက်တာဖိုးကောင်းက ဆိုပါတယ်။

 

Human Resources (98) လူ့စွမ်းအားအရင်းအမြစ် နှင့်ပက်သက်ပြီး သင်တန်း (၉၈) ခု ရှာရန်နှိပ်ပါ။

 

‘‘အခုကျောင်းပိတ်ကာလမှာ အဆောင်တွေ ပြင်ဆင်ရမှာ လည်းရှိတော့ နေချင်တဲ့ ကျောင်းသားအားလုံး ရချင်မှတော့ ရမယ်။ ဥပမာ ကျောင်းသား အယောက် (၁၀၀) နေချင်တယ်။ အခန်းလွတ်က (၅၀) ပဲ ရှိရင်တော့ (၅၀) ပဲနေလို့ရမယ်။ ကျန်တဲ့အခန်းတွေက ကျောင်းပိတ်တုန်း၊ လူမရှိတုန်း ပြင်ရမယ်။ နေတဲ့သူကလည်း စိတ်ရှည်ဖို့တော့ လိုမယ်။ ပြင်တယ်ဆိုတော့ မသန့်ရှင်းတာတွေတော့ ရှိမယ်’’ဟု ၎င်းက ဆိုပါတယ်။

 

ရန်ကုန်တက္ကသိုလ်၊ ရန်ကုန်နိုင်ငံခြား ဘာသာသင်တက္ကသိုလ်၊ ရန်ကုန်စီးပွားရေး တက္ကသိုလ်တို့က ဖွင့်လှစ်ထားသော သင်တန်းများတွင် တက်ရောက်မည့်သူများ၊ စာကြည့်တိုက် လုပ်အားပေး လျှောက်ထားသူများ၊ ရန်ကုန်တက္ကသိုလ်က ဦးစီးပြုလုပ်သော လှုပ်ရှားမှုများနှင့် ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂက ဖွင့်လှစ်သော သင်တန်းများတွင် တက်ရောက်မည့် သူများသည် ကျောင်းပိတ်ကာလအတွင်း အဆောင်နေထိုင်ခွင့်ရရှိမည်ဖြစ်ပြီး ထိုသင်တန်းများ တက်ရောက်နေကြောင်း သက်ဆိုင်ရာ သင်တန်းတာဝန်ရှိသူများထံက ထောက်ခံချက်ရယူ၍ ရန်ကုန်တက္ကသိုလ်၊ ကျောင်းသားရေးရာဌာန၌ လျှောက်ထားနိုင်သည်ဟု ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂက စက်တင်ဘာ (၁၁) ရက်တွင် ကြေညာပါတယ်။

 

Marketing & Sales (89) Marketing & Sales နှင့်ပတ်သက်ပြီး သင်တန်း (89) ခုရှာရန်နှိပ်ပါ။

 

ကျောင်းပိတ်ကာလအတွင်း အခြားအပြင် သင်တန်းများတက်ရောက်၍ နေထိုင်လိုသူများသည် ထိုကာလ အတွင်းကျောင်းဆောင်များ အကြီးစားပြင်ဆင်မှု ဆက်လက် ဆောင်ရွက်မည်ဖြစ်၍ နေရာအခက်အခဲကြောင့် နေထိုင်ခွင့်ရဦးမည် မဟုတ်ကြောင်း ရန်ကုန်တက္ကသိုလ် ကျောင်းအုပ်ချုပ်ရေးက ပြောကြားထားသည် ဟု ကျောင်းသားများသမဂ္ဂ ကြေညာချက်၌ ဖော်ပြပါတယ်။

 

Read More:>>> ဝင်ခွင့်အမှတ်ကန့်သတ်ချက်မရှိခေါ်ယူမည့် ဆေးတက္ကသိုလ်

 

ရန်ကုန်တက္ကသိုလ် ဒုတိယနှစ် မြန်မာစာကျောင်းသူတစ်ဦးက ‘‘အပြင်သင်တန်းတက်သူတွေပါ ပေးနေရင်တော့ ပိုအဆင်ပြေတယ်။ အခု ကျောင်းသားသမဂ္ဂ Page မှာတွေ့တာတော့ အဆောင်ပြင်မှာမို့ အပြင်သင်တန်းတက်သူတွေ နေလို့မရသေးဘူးပြောတယ်။ နောက်နှစ်တွေ ပေးနေရင်တော့ ပိုကောင်းတာပေါ့။ မဟုတ်ရင် ကျောင်းပိတ်ရက်ဆို ညီမတို့က အပြင်ဆောင်မှာ နေရတာ’’ဟု ပြောပါတယ်။

 

ရန်ကုန်တက္ကသိုလ်တွင် ဘွဲ့ကြိုသင်တန်းများ ပြန်လည်ဖွင့်လှစ်သည့် ၂၀၁၃ ကစကာ ကျောင်းသား/ကျောင်းသူ အဆောင်များလည်း ပြန်လည်ဖွင့်လှစ်ကာ ရန်ကုန်စည်ပင်သာယာနယ် နိမိတ်ပြင်ပဒေသများမှ ကျောင်းသား/ကျောင်းသူများကို အဆောင်နေထိုင်ခွင့်ပြုခဲ့ပါတယ်။

 

Source: 7 Day Daily

 

News Read 8396 times
Most Read
Related Articles