၁၀ တန်းကျောင်းသား/သူများအားလုံး ကျောင်းခေါ်ချိန် ၇၅ % ပြည့်ရမည်ဖြစ်ပြီး ကျောင်းစာမေးပွဲတိုင်း ၀င်ဖြေရန်

၁၀ တန်းကျောင်းသား/သူများအားလုံး ကျောင်းခေါ်ချိန် ၇၅ % ပြည့်ရမည်ဖြစ်ပြီး ကျောင်းစာမေးပွဲတိုင်း ၀င်ဖြေရန်

လစဉ် ကျောင်းခေါ်ချိန် ၇၅ ရာခိုင်နှုန်းပြည့် ကျောင်းတက် ရန်နှင့် ကျောင်းစာမေးပွဲတိုင်း ဝင်ဖြေရန် အခြေခံပညာကျောင်းများ ရှိ ဒသမတန်း ကျောင်းသား၊ ကျောင်းသူများကို အသိပေးရမည်ဟု တိုင်းဒေသကြီးနှင့် ပြည်နယ်ပညာရေးမှူးရုံးများက ဩဂုတ် ပထမပတ်တွင် ကျောင်းအုပ်များ အား ညွှန်ကြားထားသည်။

အထက်တန်းကျောင်း၊ အထက်တန်းကျောင်းခွဲများရှိ တက္ကသိုလ်ဝင်တန်း (ဒသမတန်း) ကျောင်းသား၊ ကျောင်းသူများသည် လစဉ်ကျောင်းခေါ်ချိန် ၇၅ ရာခိုင်နှုန်း ပြည့်၊ မပြည့်၊ ကျောင်းက  ကျင်းပသည့် စာမေးပွဲတိုင်းတွင် ပျက်ကွက် ရှိ၊ မရှိ ခရိုင်ပညာ ရေးမှူး၊ မြို့နယ်ပညာရေးမှူးများ က ကြီးကြပ်ဆောင်ရွက်ရန်နှင့် ကျောင်းအုပ်ကြီးများသို့ ထပ်ဆင့် အသိပေးရန် ညွှန်ကြားထား သည်။

‘‘သတ်မှတ်ထားတဲ့ စာမေးပွဲ တွေ ဝင်ဖြေရမယ်။ ကျောင်းခေါ် ချိန်ပြည့်အောင် တက်ရမယ်လို့ ရုံးချုပ် (အခြေခံပညာဦးစီးဌာန) က ညွှန်ကြားထားတဲ့အတွက် စာ ထုတ်ထားတာပါ’’ဟု ရန်ကုန် တိုင်းဒေသကြီး ပညာရေးမှူးရုံး ညွှန်ကြားရေးမှူး (ပညာ) ဒေါ်မြင့် မြင့်ခိုင်က ပြောသည်။

တက္ကသိုလ်ဝင်စာမေးပွဲ ပြင်ပဖြေဆိုမည့် သူများသည် ကျောင်းတက်ရန် မလိုအပ်သော် လည်း အခြေခံပညာကျောင်းများ မှ စာရင်းသွင်းဖြေဆိုသူများသည် ကျောင်းခေါ်ချိန် ၇၅ ရာခိုင်နှုန်း ပြည့်ရမည်ဟု ပညာရေးဝန်ကြီး ဌာနက သတ်မှတ်ထားသည်။

ကျောင်းဖြေ ဖြေဆိုသူအချို့ သည် နေ့စဉ် ကျောင်းတက်ခြင်း မရှိဘဲ ကျောင်းချိန်အတွင်း ပြင်ပ ကျူရှင်စာသင်ဝိုင်းများတွင် သင် ကြားခြင်း၊ စာမေးပွဲအကြိမ်ရေ ပြည့်အောင် မဖြေခြင်း၊ အခြေခံ ပညာကျောင်းအချို့၌ ပြင်ပဘော် ဒါများနှင့် ညှိနှိုင်းကာ ကျောင်းခေါ်ချိန်စာရင်းတွင်သာ ကျောင်း အတက်ပြခြင်းများရှိကြောင်း အ ခြေခံပညာ ဆရာ၊ ဆရာမအချို့ က ဆိုသည်။

ယခု (၂၀၁၈-၁၉)ပညာ သင်နှစ်တွင် တတိယတန်းမှ ဒသမတန်း ကျောင်းသား၊ ကျောင်းသူ များသည် ဇူလိုင်နှင့် ဒီဇင်ဘာ၌ အခန်းဆုံးစစ်ဆေးခြင်း၊ အောက် တိုဘာတွင် ပထမနှစ်ဝက်စာမေး ပွဲ၊ ဖေဖော်ဝါရီတွင် နှစ်ဆုံးစာမေး ပွဲဟူ၍ လေးကြိမ် စစ်ဆေးမည် ဖြစ်သည်။

ဒသမတန်းအထိ တက် ရောက်ပြီး ကျောင်းခေါ်ချိန် ၇၅ ရာခိုင်နှုန်း၊ ကျောင်းတွင်းစာမေးပွဲ ဖြေဆိုမှု လေးကြိမ်၊ ဘာသာရပ် အလိုက် ပျမ်းမျှအနည်းဆုံးအဆင့် (C) ရရှိထားပါက အခြေခံပညာ သင်ယူပြီးမြောက်မှု လက်မှတ် ထုတ်ပေးရန် ပညာရေးဝန်ကြီး ဌာနက ယခုနှစ် ဇူလိုင်တွင် စတင် စီစဉ်နေသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိကကျောင်းများကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ ကျောင်းများScholarshipKnowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

source: 7day daily

News Read 3334 times