အစိုးရစက်မှုလက်မှုသိပ္ပံနှင့် အစိုးရနည်းပညာကောလိပ် ၂၅ သို့ ကျောင်းသား/သူ ခြောက်ထောင်ကျော် ၀င်ခွင့်ရရှိ

အစိုးရစက်မှုလက်မှုသိပ္ပံနှင့် အစိုးရနည်းပညာကောလိပ် ၂၅ သို့ ကျောင်းသား/သူ ခြောက်ထောင်ကျော် ၀င်ခွင့်ရရှိ

အစိုးရစက်မှုလက်မှုသိပ္ပံနှင့် အစိုးရနည်းပညာကောလိပ် ၂၅ ခု ပထမနှစ်ဝင်ခွင့်များကို ထုတ်ပြန်လိုက်ပြီး ယခုနှစ်တွင် ကျောင်းသား/သူ ခြောက်ထောင်ကျော် ၀င်ခွင့်ရရှိခဲ့သည်။

၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်တန်းအောင်မြင်သော ကျောင်းသား/သူများကို လျှောက်ထားခွင့်ပေးခဲ့သော အစိုးရစက်မှုလက်မှုသိပ္ပံနှင့် အစိုးရနည်းပညာကောလိပ် ၂၅ ကျောင်းမှ အေဂျီတီအိုင်သုံးနှစ်သင်တန်းများ၏ ပထမနှစ် သင်တန်းသားများကို ရွေးချယ်ရာတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ရရှိခဲ့သော အင်္ဂလိပ်စာနှင့် သင်္ချာ နှစ်ဘာသာပေါင်းရမှတ်ဖြင့် ရွေးချယ်ခွင့် ပေးခဲ့သည်။

ယခုနှစ်ဝင်ခွင့်တွင် ယခင်နှစ်ကထက် ကျောင်းသား/သူ တစ်ထောင်ဝန်းကျင် တိုးမြှင့်လက်ခံခဲ့ပြီး ယခုနှစ်တွင် ကျောင်းသား/သူ ခြောက်ထောင်ကျော် ၀င်ခွင့်ရရှိခဲ့သည်။

"ကျောင်းအလိုက် ၀င်ခွင့်စာရင်းများကို ပေးပြီးပြီ။ ပညာရေးဝန်ကြီးဌာန ၀က်ဘ်ဆိုက်မှာ ၀င်ကြည့်လို့ရတယ်၊ ကျောင်းသား/သူတိုးလက်ခံတာကတော့ အဆောင်တွေလည်းတိုးလာတယ်၊ ဆရာအင်အားလည်း ပိုလာလို့ တစ်နှစ်ထက် တစ်နှစ်တိုးပြီး လက်ခံနိုင်တာပေါ့" ဟု ပြောသည်။

ယခုနှစ်တွင်လည်း အေဂျီတီအိုင် သုံးနှစ်သင်တန်းများကို အစိုးရနည်းပညာအထက်တန်းကျောင်းများမှ အောင်မြင်ထားသူများကိုလည်း စိစစ်ရွေးချယ်လက်ခံခဲ့သည်။

သင်တန်းကာလမှာ သုံးနှစ် ဖြစ်ပြီး သင်တန်းပြီးဆုံးပါက ဒီပလိုမာလက်မှတ်ကို ချီးမြှင့်ပေးသွားမည် ဖြစ်သည်။

ထိုသုံးနှစ်သင်တန်းတွင် သတ်မှတ်အရည်အချင်းပြည့်မီပါက နည်းပညာတက္ကသိုလ်များ၏ တတိယနှစ်သင်တန်းများကို ပေါင်းကူးလျှောက်ထားခွင့်ရရှိမည် ဖြစ်သည်။

ယခင်နှစ်က အစိုးရနည်းပညာကောလိပ်နှင့် အစိုးရနည်းပညာကောလိပ် ၂၅ ကျောင်းမှ ကျောင်းသား/သူ ၅၀၀၀ နီးပါးကို ၀င်ခွင့်ပေးခဲ့သည်။

READ - ၂၀၁၈-၂၀၁၉ ပညာသင်နှစ်အတွက် A.G.T.I ဝင်ခွင့်ရ ကျောင်းသားစာရင်းအား ထုတ်ပြန်ကြော်ငြာခြင်း

ပညာရေးလမ်းညွှန်website တွင်မြန်မာတစ်နိုင်ငံလုံးတွင် ပြောင်းလဲနေသော ပညာရေးသတင်းများအခမဲ့ ပညာရေးသင်ကြားပေးနေသည့် သင်တန်းကျောင်းများ၊ ပြည်တွင်း၊ ပြည်ပပညာသင်ဆုများ၊ ပညာရေးအတွက် သင်တန်းများ၊ အလုပ်ခွင်ဝင်ရန် လိုအပ်သော သင်တန်းများ စသည်တို့ပါဝင်ပါတယ်နော်...။

source: democracy

News Read 2231 times