အေဂျီတီအိုင် တတိယနှစ်ထူးချွန်သူများ နည်းပညာတက္ကသိုလ် တတိယနှစ် တိုက်ရိုက်တက်ခွင့်ပြုမည်

အေဂျီတီအိုင် တတိယနှစ်ထူးချွန်သူများ နည်းပညာတက္ကသိုလ် တတိယနှစ် တိုက်ရိုက်တက်ခွင့်ပြုမည်

အထူးပြုဘာသာရပ်အလိုက် အမှတ်အများဆုံးရရှိသူတွေဖြစ်ပြီး ပျမ်းမျှ ၇၅ ရာခိုင်နှုန်းနဲ့ အထက်ရရှိသူတွေ ပြောင်းရွှေ့တက်ရောက်ခွင့်ရရှိမှာ ဖြစ်ပါတယ်။

ဝင်ခွင့်ပြုမယ့် ဦးရေက ကွာလီဖိုင်းဖြစ်တဲ့ သူတွေထဲ ၁၀ ရာခိုင်နှုန်းလို့ကြားတယ်၊ စောသေးတော့ အချက်အလက် အတိအကျမလာသေးဘူး၊ ဒီပညာသင်နှစ်ကလဲ မမီတော့ဘူးဆိုတော့ နောက်နှစ်တွေအတွက် ဖြစ်နိုင်ပါတယ်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

နည်းပညာ တက္ကသိုလ်တွေရဲ့ တတိယနှစ်သင်တန်းကို တိုက်ရိုက်တက်ရောက် ခွင့်ပြုမှာဖြစ်ပြီး အစိုးရနည်းပညာ ကောလိပ်နဲ့ အစိုးရစက်မှုလက်မှု သိပ္ပံတွေမှာ တက်ရောက်နေတဲ့ ထူးချွန် ကျောင်းသား၊ ကျောင်းသူများ လျှောက်ထားခွင့်ရမှာ ဖြစ်ပါတယ်။

အခုလို ပြောင်းလဲတက်ရောက်ခွင့်ပြုရေးအတွက် ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်းက တင်ပြတောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

ပညာရေးဝန်ကြီးဌာနရဲ့ စီမံခန့်ခွဲရေးကော်မတီအစည်းအဝေးအမှတ်စဉ်(၂/ ၂၀၁၇) အရအဆင့်မြင့် ပညာဦးစီးဌာနလက်အောက်မှာရှိတဲ့ နည်းပညာတက္ကသိုလ်တွေရဲ့ တတိယ နှစ်သင်တန်းတွေကို တိုက်ရိုက်တက်ရောက်ခွင့်ပြုဖို့ ခွင့်ပြုလိုက်တာဖြစ် တယ်လို့ ထုတ်ပြန်ချက်မှာရေးသားထားပါတယ်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: kumudra journal

Government School Read 5828 times