၂၀၁၈-၁၉ ပညာသင်နှစ်အတွက် အေဂျီတီအိုင်ဒီပလိုမာ ညနေပိုင်းသင်တန်းများကို အစိုးရ စက်မှုလက်မှုအထက်တန်း ကျောင်း (အင်းစိန်) တွင် ပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်သည်။
တက်ရောက်လိုသူများအနေဖြင့် တက္ကသိုလ်ဝင်စာမေးပွဲကို သင်္ချာ၊ ရူပဗေဒ၊ ဓာတုဗေဒ ဘာသာရပ်များ ပါဝင်သော မည်သည့် ဘာသာတွဲနှင့်မဆို အောင်မြင်ပြီးသူများ လျှောက်ထားခွင့်ပေးခဲ့သည်။
ဝင်ခွင့်လျှောက်ထားသူများကို တက္ကသိုလ်ဝင်တန်းတွင် ရရှိခဲ့သော အင်္ဂလိပ်စာနှင့် သင်္ချာ စုစုပေါင်း ရမှတ်အပေါ် မူတည်ပြီး ရွေးချယ်ဝင်ခွင့်ပေးမည် ဖြစ်ကြောင်း အစိုးရစက်မှုလက်မှု သိပ္ပံ-အင်းစိန်မှ သိရသည်။
"တစ်နှစ်စာလုံး ကျပ်နှစ်သိန်းလေးသောင်းပါ၊ လျှောက်လွှာကတော့ တက္ကသိုလ်ဝင်တန်းနဲ့ အစိုးရနည်းပညာ အထက်တန်းကျောင်း ဆင်း ၉၀၀ လောက်တော့ ရှိတယ်" ဟု ပြောသည်။
အဆိုပါသင်တန်းများအတွက် ကျောင်းလခမှာ ပညာသင်နှစ် တစ်နှစ်စာအတွက် ကျပ် ၂၄၀၀၀၀ ကျသင့်မည့်အပြင် အထွေထွေကြေးများအဖြစ် မှတ်ပုံတင်ကြေး ကျပ် ၂၀၀၊ အားကစားကြေး ကျပ် ၁၀၀၀၊ စာကြည့်တိုက်ကြေး ကျပ် ၃၀၀၊ စာမေးပွဲကြေး ကျပ် ၂၅၀၀၊ အလုပ်ရုံနှင့် ဓာတ်ခွဲခန်းကြေး ကျပ် ၅၀၀ စုစုပေါင်း ကျပ် ၄၅၀၀ ကိုလည်း ပေးသွင်းရမည် ဖြစ်သည်။
နိုဝင်ဘာလ ၁၄ ရက်တွင် ထိုသင်တန်းများအတွက် လျှောက်လွှာတင်သွင်းရက်နောက်ဆုံးဖြစ်ပြီး လျှောက်ထားလာသော ၀င်ခွင့် လျှောက်လွှာများအား စိစစ်ပြီး ၀င်ခွင့်ရစာရင်းများကို ထုတ်ပြန်ပေး သွားမည် ဖြစ်သည်။
သင်တန်းကာလမှာ သုံးနှစ်ဖြစ်ပြီး နည်းပညာနှင့် သက်မွေးလုပ်ငန်းသဘော သဘာဝအရ ကျန်းမာရေးကောင်းမွန်သူဖြစ်ပြီး လက်တွေ့လုပ်ငန်းနှင့် စက်ရုံ၊ ကုမ္ပဏီများသို့ လက်တွေ့ကွင်းဆင်း ဆောင်ရွက်မှု များ ပြုလုပ်ရမည် ဖြစ်သည်။
ဘာသာရပ်များမှာ မြို့ပြအင်ဂျင်နီယာ၊ အီလက်ထရွန်နစ် အင်ဂျင်နီယာ၊ လျှပ်စစ်စွမ်းအား အင်ဂျင်နီယာ၊ စက်မှု အင်ဂျင်နီယာတို့ ဖြစ်သည်။
အစိုးရစက်မှုလက်မှု သိပ္ပံ (အင်းစိန်)တွင် သင်တန်းများကို ၂၀၁၆-၁၇ ပညာသင်နှစ်မှ စတင်ကာ ပြန်လည်လက်ခံခဲ့သည်။
ပညာရေးလမ်းညွှန်website တွင်မြန်မာတစ်နိုင်ငံလုံးတွင် ပြောင်းလဲနေသော ပညာရေးသတင်းများ၊ အခမဲ့ ပညာရေးသင်ကြားပေးနေသည့် သင်တန်းကျောင်းများ၊ ပြည်တွင်း၊ ပြည်ပပညာသင်ဆုများ၊ ပညာရေးအတွက် သင်တန်းများ၊ အလုပ်ခွင်ဝင်ရန် လိုအပ်သော သင်တန်းများ စသည်တို့ပါဝင်ပါတယ်နော်...။
source: democracy