A.G.T.I Diploma အပ်နှင်းတဲ့ (၃) နှစ် တိတိ တက်ရတဲ့ ကျောင်းတွေ ဖြစ်ပါတယ်။ တစ်နိုင်ငံလုံးက အောက်ပါ မြို့များမှာ ဖွင့်လှစ်ထားပါတယ်။
(၁) မိုးညှင်း
(၂) ပူတာအို
(၃) ခန္တီး
(၄) ကန့်ဘလူ
(၅) ရွှေဘို
(၆) ကျောက်ဆည်
(၇) ကျောက်ပန်းတောင်း
(၈) မြင်းခြံ
(၉) ဂန့်ဂေါ
(၁၀) မကွေး
(၁၁) ချောက်
(၁၂) ရေနံချောင်း
(၁၃) သရက်
(၁၄) လက်ပံတန်း
(၁၅) ရွှေပြည်သာ
(၁၆) ဝါးခယ်မ
(၁၇) လပွတ္တာ
(၁၈) ကျိုတ်လတ်
(၁၉) မော်လမြိုင်
(၂၀) ရန်ကုန် (အင်းစိန်)
(၂၁) မန္တလေး
AGTI ကျောင်းကို ဝင်ခွင့်ရဖို့ နည်းလမ်း (၂) သွယ် ရှိပါတယ်။
ပထမတစ်ခုက T H S လို့ခေါ်တဲ့ နည်းပညာအထက်တန်းကျောင်းက အောင်မြင်သူတွေက အရည်အချင်းပြည့်မှီရင် တက်လို့ရပါတယ်။
ဒုတိယတစ်ခုက ဆယ်တန်းက Eng & Math နှစ်ဘာသာပေါင်း ရမှတ်နဲ့ ခေါ်တာပါ။
ထုံစံအတိုင်း ရန်ကုန် နဲ့ မန္တလေးက လျှောက်ထားသူများတဲ့အတွက် အမှတ်များပါတယ်။
ခန့်မှန်း ၁၂၅ လောက် ဖြစ်ပါမယ် ။ အမှတ်က လျှောက်တဲ့သူအပေါ် မူတည်တာကြောင့် တစ်နှစ် နှင့် တစ်နှစ် မတူပါ။ အင်းစိန် G T I ကတော့ ဝင်ခွင့် ဖြေဆိုရမည် ဖြစ်ပါတယ်တဲ့။
G T I မှာ
1. Civil
2. EC
3. EP
4. Mechanical
5. IT အစရှိတဲ့ မေဂျာဘာသာရပ်တွေ သင်ပါတယ်။
တစ်ကျောင်း နှင့် တစ်ကျောင်း မေဂျာ ရှိတာ မတူပါ။
G T I တွေကို တက်ခြင်းအားဖြင့် (၃) နှစ်ပဲ တက်ရတဲ့အတွက် နှစ်တိုတို နဲ့ Diploma ရပါတယ်။ (ဘွဲ့ မဟုတ်ပါ)။
ကျောင်းသားတိုင်းကို တစ်လလျှင် နိုင်ငံတော်မှ ထောက်ပံ့ကြေး ကျပ် (၃၀၀၀၀) ပေးပါတယ်။
နိုင်ငံတော်တည်ဆောက်ရေးမှာ လိုအပ်တဲ့ အတွက်ကြောင့် ကျောင်းပြီး အလုပ်အကိုင်များပါတယ်။ လက်တွေ့ကို ဦးစားပေးရတဲ့ နယ်ပယ်ဖြစ်တာကြောင့် လက်တွေ့ပိုင်းတွေကို TU တွေထက် လုပ်ရပါတယ်။
G T I က Diploma ပဲ ပေးပါတယ်။ ဘွဲ့ မပေးပါ။ အဲတာကို အထူးသတိပြုစေလိုပါတယ်။ G T I က ထူးချွန်စွာအောင်မြင်သူများကို TU တွေကို ပေါင်းကူးပြီး တက်ခွင့်ရပါတယ်။
TU မှာ (၄) နှစ် တက်ပြီးရင် B.E ဘွဲ့ ချီးမြှင့်ပါတယ်။ TU ကို ပေါင်းကူးတက်ချင်ရင်တော့ တော်တော်လေးကြိုးစားမှ ရမဲ့ အနေအထားပါ။
နောက်ဆုံးအနေနဲ့ အကြံပြုရရင် အင်ဂျင်နီယာကို တကယ်စိတ်ဝင်စားသော်လည်း TU အမှတ်မမှီတဲ့ ကျောင်းသား၊ ကျောင်းသူများ တက်သင့်ပါတယ်။
မိမိဘဝအတွက် အလုပ်အကိုင်သေချာတဲ့ အခွင့်အလမ်းတစ်ခု လိုချင်သူများ တက်သင့်ပါတယ်။
မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိကကျောင်းများကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။
ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ၊ ကျောင်းများ၊ Scholarship၊ Knowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။
source: နေလွင်ဦး နည်းပညာတက္ကသိုလ်(မန္တလေး)
᠌᠌᠌