အင်းစိန်ဂျီတီအိုင် ညနေပိုင်းအင်ဂျင်နီယာသင်တန်း ဝင်ခွင့်လျှောက်လွှာများကို ယနေ့စထုတ်ပေးနေပြီး အောက်တိုဘာ ၃၀ ရက်မှ နိုဝင်ဘာ ၁၄ ရက်အထိ လျှောက်နိုင်မည်ဖြစ်ကြောင်း အဆိုပါကျောင်းထံမှ သိရသည်။
မြို့ပြအင်ဂျင်နီယာ၊ အီလက်ထရောနစ်အင်ဂျင်နီယာ၊ လျှပ်စစ်စွမ်းအင် အင်ဂျင်နီယာနှင့် စက်မှုအင်ဂျင်နီယာဘာသာရပ်များ ဖွင့်မည်ဖြစ်ပြီး ဘာသာရပ်တစ်ခု သင်တန်းသား ၄၀ ခန့်စီ လက်ခံရန် စီစဉ်ထားကြောင်း အဆိုပါကျောင်းထံမှ သိရသည်။
တနင်္လာမှ သောကြာထိ ညနေ ၅ နာရီမှ ၉ နာရီ၊ စနေ၊ တနင်္ဂနွေတွင် နံနက် ၈ နာရီမှ ညနေ ၄ နာရီခွဲအထိ တစ်ပတ်လျှင် စာသင်ချိန် ၃၅ နာရီ သင်ကြားမည်ဖြစ်သည်။
သင်တန်းကာလ ၃ နှစ်ဖြစ်ပြီး သင်တန်းပြီးလျှင် AGTI ဒီပလိုမာလက်မှတ်ရမည်ဖြစ်သည်။
သင်္ချာ၊ ရူပဗေဒ၊ ဓာတုဗေဒ ဘာသာရပ်များဖြင့် ဆယ်တန်းအောင်ပြီးသူများ၊အစိုးရနည်းပညာ အထက်တန်းကျောင်းအောင်ပြီးသူများ လျှောက်ထားနိုင်မည်ဖြစ်သည်။
အသက်ကန့်သတ်ချက်မရှိဘဲ ကျား၊ မ မည်သူမဆိုလျှောက်နိုင်ကြောင်း အဆိုပါကျောင်းထံမှ သိရသည်။
ပညာရေးလမ်းညွှန်website တွင်မြန်မာတစ်နိုင်ငံလုံးတွင် ပြောင်းလဲနေသော ပညာရေးသတင်းများ၊ အခမဲ့ ပညာရေးသင်ကြားပေးနေသည့် သင်တန်းကျောင်းများ၊ ပြည်တွင်း၊ ပြည်ပပညာသင်ဆုများ၊ ပညာရေးအတွက် သင်တန်းများ၊ အလုပ်ခွင်ဝင်ရန် လိုအပ်သော သင်တန်းများ စသည်တို့ပါဝင်ပါတယ်နော်...။
source: thevoice