(Accreditation Manual) ရေး ဆွဲနေပြီး တစ်နှစ်အတွင်း စတင် အကောင်အထည်ဖော်မည်ဟု နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဒေါက်တာအေးမြင့်က ပြောသည်။
အဆိုပါ Accreditation Manual မူကြမ်းကို မြန်မာနိုင်ငံ အင်ဂျင်နီယာ ကောင်စီက နိုဝင် ဘာ ၁၁ ရက်တွင်ကျင်းပသော အင်ဂျင်နီယာပညာရေး အလုပ်ရုံ ဆွေးနွေးပွဲ၌ ချပြခဲ့ပြီး အင်ဂျင်နီ ယာနယ်ပယ်နှင့် ပညာရေးနယ်ပယ်မှ ပညာရှင်များ၏ ဆွေးနွေး ချက်များကို အခြေခံကာ အတည် ပြုပြဋ္ဌာန်းမည်ဖြစ်သည်။
READ - တက္ကသိုလ်ပြောင်းရွှေ့တက်ရောက်လိုသူများ ပြောင်းမည့်တက္ကသိုလ်က လက်ခံနိုင်မှသာ ပြောင်းခွင့်ပြုမည်
‘‘အစိုးရ စက်မှုလက်မှုသိပ္ပံ တွေရဲ့ ပညာရေးအခြေအနေကို ဒီ Accreditation Manual ပါ အချက်တွေနဲ့ ကိုက်ညီမှုရှိ၊ မရှိ မကြာခင်မှာ လိုက်စစ်တမ်းကောက် ယူမည်။ အချက်တွေနဲ့ညီရင် မြန်မာနိုင်ငံ အင်ဂျင်နီယာကောင် စီက အသိအမှတ်ပြုလိုက်ရင် အာ ရှပစိဖိတ်ဒေသနိုင်ငံတွေ၊ အာဆီ ယံနိုင်တွေက အသိအမှတ်ပြု မယ်။ အဲဒါဆိုရင် ဒီကျောင်းတွေ က မွေးထုတ်ပေးလိုက်တဲ့ ကျောင်းသား၊ ကျောင်းသူတွေက ဘယ်နိုင် ငံပဲ အလုပ်သွားလုပ်လုပ် မျက်နှာ မငယ်ရဘဲ တန်းတူအခွင့်အရေး ရရှိမှာပါ’’ဟု ဒေါက်တာအေးမြင့် က ပြောသည်။
မြန်မာနိုင်ငံရှိ နည်းပညာ တက္ကသိုလ်၊ ကောလိပ်နှင့် စက်မှု လက်မှုသိပ္ပံများမှ ပေးအပ်သည့် အင်ဂျင်နီယာ ဘွဲ့၊ ဒီပလိုမာများ သည် နိုင်ငံတကာ အင်ဂျင်နီယာ ပညာရေးအသိအမှတ်ပြု သဘော တူစာချုပ်များဖြစ်သည့် Sydney Accord, Dublin Accord များ၏ သတ်မှတ်ချက်နှင့် ကိုက်ညီမှုရှိ၊ မရှိ စစ်ဆေးရန် Accreditation Manual တွင် ထည့်သွင်းရေးဆွဲ ထားသည်။
AGTI သုံးနှစ်သင်တန်းများ ကို အင်းစိန်၊ ရွှေပြည်သာ၊ ပူတာ အို၊ ဟားခါး၊ မော်လမြိုင်၊ သံတွဲ အပါအဝင် မြို့များရှိ အစိုးရစက်မှု လက်မှုသိပ္ပံကျောင်း ၂၂ ကျောင်း နှင့် မိုးညှင်း၊ မြင်းခြံ၊ ရွှေဘိုမြို့တို့ ရှိ အစိုးရနည်းပညာကောလိပ် သုံး ကျောင်းတွင် ဖွင့်လှစ်ထားသည်။
မြန်မာနိုင်ငံရှိ အင်ဂျင်နီယာ ဘွဲ့ရများကို နိုင်ငံတကာ အသိ အမှတ်ပြုစေရေး မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီက ၂၀၁၅ က စ၍ ဘွဲ့ရအင်ဂျင်နီယာများကို အရည်အသွေးစစ်ဆေးကာ အင် ဂျင်နီယာ မှတ်ပုံတင်များထုတ်ပေး နေသည်။
မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။
Source: 7day daily