စာမေးပွဲဖြေပြီးရင် သွားသင့်သော နေရာများ

စာမေးပွဲဖြေပြီးရင် သွားသင့်သော နေရာများ

ကျောင်းသား၊ ကျောင်းသူအများစုကလည်း ဆယ်တန်းဆိုတဲ့ စာမေးပွဲကြီးပြီးသွားလို့ အရမ်းကို ပျော်နေမယ်လို့လည်း ထင်ပါတယ်။

စာမေးပွဲကို ငါဖြေနိုင်သလား၊ အောင်မှတ်မှ ရပါ့မလား စိတ်ပူနေသလို ခံစားနေရတဲ့ ညီငယ်၊ ညီမငယ်တွေ ရှိနိုင်ပါတယ်။

ဖြေပြီးသွားတဲ့ စာမေးပွဲကို ထပ်ခါထပ်ခါ ပြန်မစဉ်းစားပါနဲ့လို့ ပြောချင်ပါတယ်။

ကဲ … ဒီတော့ စာမေးပွဲဖြေပြီးရင် ဘယ်သွားမလဲဆိုတဲ့ အစီစဉ်လေးတစ်ခုတော့ ရှိသင့်ပါတယ်နော်။

သွားသင့်တဲ့နေရာလေးတွေကတော့

၁. ရုပ်ရှင်ကြည့်သင့်ပါတယ်။

မိမိကြိုက်နှစ်သက်မယ့် ဟာသကားလိုမျိုး ရုပ်ရှင်ကို သူငယ်ချင်းတွေနဲ့ အတူ သွားကြည့်ပါ။ online ရုပ်ရှင်ကြည့်မလား tv က လာတဲ့ ရုပ်ရှင်ကြည့်မလားဆိုတာကိုပေါ့။ ရုပ်ရှင်ကြည့်တဲ့အခါမှာလည်း တစ်ယောက်ထဲ မကြည့်ပါနဲ့နော်။ သူငယ်ချင်းများနဲ့ ကြည့်ပါ။ တစ်ယောက်ထဲဆို အရမ်းပျင်းဖို့ ကောင်းပါတယ်။

READ - ကမ္ဘာပေါ်ရှိ အလုပ်အကိုင်အခွင့်အလမ်းအများဆုံး တက္ကသိုလ်များ

၂. ကမ်းခြေသို့ သွားပါ။

ပင်လယ်ကမ်းခြေ တစ်ခုခုကို သွားသင့်ပါတယ်။ ပင်လယ်ပြင်ကြီးကို မြင်လိုက်တာနဲ့ စိတ်ဖိစီးမှုတွေကင်းဝေးစေပြီး ပျော်ရွှင်ခြင်းများစွာကို ပိုင်ဆိုင်နိုင်မှာပါ။ သူငယ်ချင်းများနဲ့အတူ ငွေဆောင် သို့မဟုတ် ချောင်းသာ သို့ မဟုတ် ငပလီလိုမျိုး beach ကို သွားဖို့ တိုက်တွန်းပါရစေ။

၃. သဘာဝအလှတရားတွေကို သွားရောက်ကြည့်ရှုပါ။

သူငယ်ချင်းများနဲ့အတူ တောင်ကုန်းတောင်တန်းလို နေရာမျိုး ကို သွားပါ။ သဘာဝအလှတရားတွေက သင်ရဲ့စိတ်ကို လန်းဆန်းမှုတွေ အေးချမ်းမှုတွေကို ယူဆောင်ပေးမှာပါ။

၎. ဘုရားဖူးသွားချင်သလား

တစ်ချိ့ကျတော့လည်း ကမ်းခြေမသွားချင်ဘူး၊ ရုပ်ရှင်တို့ကို မကြည့်ချင်ဘူး ဆိုရင်တော့ ဘုရားဖူး သွားသင့်ပါတယ်။

ဘုရားဖူးသွားမယ်လို့ စဉ်းစားရင်တော့ ပုဂံသို့ သွားသင့်ပါတယ်။

ပုဂံသွားရင်တော့ စွယ်တော်လေးဆူကို ရောက်အောင် သွားသင့်ပါတယ်နော်။ ညနေဘက်ဆိုရင်တော့ နေ၀င်ဆည်းဆာ အလှကို ခံစားလို့ရပါတယ်။ ဓာတ်ပုံ လှလှလေးတွေ ရိုက်ခဲ့ဖို့လည်း မမေ့ပါနဲ့နော်…။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ ကျောင်းများScholarshipKnowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

Tips Read 9714 times