ပညာရေးကောလိပ် ဒုတိယနှစ်အောင်စာရင်းများ ထွက်ပြီးပါက အဝေးသင်ဒုတိယနှစ်တက်ခွင့် လျှောက်ထားနိုင်

ပညာရေးကောလိပ် ဒုတိယနှစ်အောင်စာရင်းများ ထွက်ပြီးပါက အဝေးသင်ဒုတိယနှစ်တက်ခွင့် လျှောက်ထားနိုင်

ပညာရေးကောလိပ် လုပ်ငန်းခွင်ကြို ဆရာအတတ် ပညာ ဒီပလိုမာ(D.TEd)ဒုတိယနှစ် အောင်စာရင်းများ ထွက်ပြီးပါက အောင်မြင်သူများသည် အဝေးသင်တက္ကသိုလ်တွင် ဒုတိယနှစ် တက်ခွင့်လျှောက်ထားနိုင် ကြောင်း အဆင့်မြင့်ပညာ ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ အောင်အောင်မင်းက ပြောသည်။

D.TEd ဒုတိယနှစ် ပြီးသူ များကို ပညာရေးကောလိပ်တွင် သင်ယူသည့် ဘာသာရပ်နှင့် အဝေးသင်တက္ကသိုလ်၌ ယူမည့် ဘာသာရပ် ကိုက်ညီပါက အဝေးသင်တက္ကသိုလ် ဒုတိယနှစ်မှ စတင် တက်ခွင့်ပြုမည်ဟု ပညာရေးဝန်ကြီးဌာနက စက်တင်ဘာတွင် ကြေညာခဲ့သည်။

ပညာရေးကောလိပ်အောင်စာရင်းများကို နှစ်စဉ်နိုဝင်ဘာအတွင်း ထုတ်ပြန်လေ့ရှိ ပြီးအောင်မြင်သူများသည် အဝေးသင်တက္ကသိုလ် ၂၀၁၉ ပညာသင်နှစ်အတွက် ဒုတိယနှစ်က စ၍ကျောင်းအပ်နှံ ခွင့်ရမည်ဖြစ်သည်။

‘‘အောင်စာရင်းထွက်ရင် လျှောက်လို့ ရပြီလို့တော့ ပြောတယ်။ ၁၀ တန်းတုန်းက ယူထားတဲ့ ဘာသာတွဲနဲ့၊ D.TEd မှာယူထားတဲ့ ဘာသာတွဲနဲ့၊ အဝေးသင်မှာ ယူမယ့်ဘာသာတွဲနဲ့ ကိုက်ရင်တော့ အကောင်းဆုံးပေါ့။ မကိုက်ရင်တော့ အဝေးသင်က ဘာပြောမလဲ မသိဘူး’’ဟု ဒေါက်တာ အောင်အောင်မင်းက ပြော သည်။

ပညာရေးကောလိပ် ဒုတိယနှစ် ကျောင်းသားများသည် အောင်စာရင်း ထွက်ပြီးပါက အောင်စာ ရင်း မိတ္တူဖြင့် ရန်ကုန်အဝေးသင် တက္ကသိုလ်နှင့် မန္တလေးအဝေး သင် တက္ကသိုလ်တွင် အဝေးသင် ဒုတိယနှစ် အပ်နှံရမည်ဟု အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေး မှူးချုပ်က နိုဝင်ဘာ ၁၃ ရက်၌ ပညာရေးကောလိပ်များ ကျောင်းသားသမဂ္ဂများ ကိုယ်စားပြု ကော်မတီဝင်ထံ ပြောကြားထားသည်ဟု ထိုကော်မတီက သတင်းထုတ်ပြန်သည်။

‘‘အောင်စာရင်းတော့ မထွက်သေးဘူး။ ပညာရေးကောလိပ်မှာ ယူထားတဲ့ ဘာသာတွဲနဲ့ အခုယူမယ့် မေဂျာကိုက်ရင် ဒုတိယနှစ် ပေးတက်မယ်လို့တော့ ကြားတယ်။ ကျောင်းအပ်ရမယ့် နေရာကိစ္စတွေ၊ ဘာတွေတော့ သေချာမသိရသေးဘူး’’ဟု မိတ္ထီလာ ပညာရေးကောလိပ်မှ ဒုတိယနှစ် ကျောင်းသူတစ်ဦးကဆိုသည်။

ပညာရေးကောလိပ် ကျောင်းသား၊ ကျောင်းသူများကို အဝေးသင်တတိယနှစ်က  တက်ခွင့်ပေးရန် စက်တင်ဘာ ၁၁ ရက်မှ ၁၆ ရက်အထိ ဆက်တိုက်ဆန္ဒဖော် ထုတ်ပြီးနောက် အဝေးသင်ဒုတိ

ယနှစ်က စ၍တက်ခွင့်ပြုမည်ဟုပညာရေး ၀န်ကြီးဌာနက ဆုံးဖြတ်ခဲ့သည်။

ထိုသို့ ခွင့်ပြုခြင်းကြောင့် အခြားကျောင်းသား၊ ကျောင်းသူများသည် အဝေးသင် တက္ကသိုလ် လေးနှစ်တက်ရောက်ပြီးမှ ဘွဲ့ရသော်လည်း ပညာရေးကောလိပ် ဆင်းများသည် သုံးနှစ်ဖြင့် အဝေးသင်တက္ကသိုလ်မှ ၀ိဇ္ဇာ၊ သိပ္ပံဘွဲ့ ရရှိမည်ဖြစ်သည်။

တက္ကသိုလ်ဝင် စာမေးပွဲအောင်မြင်ပြီးပါက ပညာရေးကောလိပ်တွင် လုပ်ငန်းခွင်ကြို မူလတန်း ဆရာအတတ်ပညာဒီပလိုမာ (D.TEd) ၂ နှစ်သင်တန်း ရွေးချယ်နိုင်ပြီး သင်တန်းပြီးဆုံးပါက သတ်မှတ်အရည်အချင်း ပြည့်မီလျှင် ပညာရေးတက္ကသိုလ် ၌ ပညာရေးဘွဲ့ (B.Ed) သင်တန်းဆက်တက်ခွင့်ရှိသည်။ B.Ed ဆက်တက်ခွင့် မရပါက အခြေခံပညာကျောင်းများတွင် မူလတန်းပြအဖြစ် ခန့်ထားသည်။

ပညာရေးဝန်ကြီးဌာန ရာထူးတိုးမူဝါဒအရ တက္ကသိုလ်မှ ဘွဲ့တစ်ခုရရှိထားရန် လိုအပ်သဖြင့် B.Ed  တက်ခွင့်မရသည့်  ပညာရေးကောလိပ် ဆင်းမူလတန်းပြဆရာ၊ ဆရာမများသည်  အဝေးသင်တက္ကသိုလ်တွင်  လုပ်ငန်းခွင်ဝင်နေစဉ် တက်ရောက်ခြင်းဖြစ်သည်။

ပညာရေးလမ်းညွှန်website တွင်မြန်မာတစ်နိုင်ငံလုံးတွင် ပြောင်းလဲနေသော ပညာရေးသတင်းများအခမဲ့ ပညာရေးသင်ကြားပေးနေသည့် သင်တန်းကျောင်းများ၊ ပြည်တွင်း၊ ပြည်ပပညာသင်ဆုများ၊ ပညာရေးအတွက် သင်တန်းများ၊ အလုပ်ခွင်ဝင်ရန် လိုအပ်သော သင်တန်းများ စသည်တို့ပါဝင်ပါတယ်နော်...။

source: 7day

News Read 3366 times