ဝိဇ္ဇာဘာသာရပ် အထူးပြု ထားသူတွေ၊ သိပံဘာသာရပ် အ ထူးပြုယူထားသူတွေအနေနဲ့ တတိယနှစ်အောင်မြင်ပြီး စတုတ္ထနှစ် (နောက်ဆုံးနှစ်) တက်ရောက်တဲ့ အခါမှာ ဝိဇ္ဇာဘွဲ့နဲ့ သိပံ္ပဘွဲ့တွေအပြင်
- BA (Southeast Asia and Pacific Studies) ဘာသာရပ်၊
- BA (Myanmar Studies) ဘာသာရပ်၊
- BA (English for Occupational Purposes) ဘာသာရပ်၊
- BA (Behavioural Studies) ဘာသာရပ်၊
- B.Sc (Environmental Studies) ဘာသာရပ်နဲ့
- B.Sc (Biotechnology) စတဲ့ ဘာသာ ရပ်ခြောက်ခုကို ပေါင်းစပ်ဘာသာရပ်တွေအဖြစ် ရွေးချယ်တက်ရောက်နိုင်တယ်လို့ တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်စာအုပ်မှာ ရေးသားထားပါတယ်။
ဝိဇ္ဇာဘာသာရပ် အထူးပြုယူထားသူတွေအနေ နဲ့ ဘာသာရပ် လေးခု ရွေးချယ်တက်ရောက်နိုင် ပြီး သိပံ္ပဘာသာရပ် အထူးပြုယူတဲ့ သူတွေအတွက် ဘာသာရပ်နှစ်ခု ရွေးချယ်တက်ရောက်နိုင်မှာ ဖြစ် ပါ တယ်။
ပေါင်းစပ်ဘာသာရပ်ကို ရွေးချယ်တက်ရောက်သူတွေအနေနဲ့ ပညာသင်နှစ် ပြီးဆုံးပါက ရွေးချယ်ထားတဲ့ ပေါင်းစပ်ဘာသာရပ် အလိုက် ဘွဲ့ရရှိမှာ ဖြစ်ပါတယ်။
‘‘တတိယနှစ်အောင်ရင် စယူ လို့ရတယ်။ ဘွဲ့ကြိုပေါင်းစပ် ဘာ သာရပ်တစ်ခုခုကို သူရွေးမယ်ဆို ရင်တော့ ဘွဲ့ရတဲ့အခါ ဘွဲ့ကြို ပေါင်းစပ်ဘာသာရပ်နဲ့ ဘွဲ့ရမှာ ပေါ့။ ဒါပေမဲ့ သူလက်ရှိတက်နေတဲ့ တက္ကသိုလ်မှာ ဒီဘာသာရပ် မရှိရင် တော့ တခြားရှိတဲ့ တက္ကသိုလ်မှာ သွားတက်ရမှာ’’ဟု အဆင့်မြင့် ပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာစောခိုင်က ပြောသည်။
ပထမနှစ်မှ တတိယနှစ်အထိ တက်ရောက်ခဲ့သော ဝိဇ္ဇာ၊ သိပ္ပံ ဘွဲ့ကြိုဘာသာရပ်များအပေါ် မူ တည်ကာ ဘွဲ့ကြိုပေါင်းစပ်ဘာ သာရပ်များကို ရွေးချယ်ခွင့်ပြုမည် ဖြစ်ပြီး နောက်ဆုံးနှစ် ဘွဲ့ရသည့် အခါ ဘွဲ့ကြိုပေါင်းစပ် ဘာသာ ရပ်ဖြင့်သာ ဘွဲ့ပေးအပ်မည်ဖြစ် သည်။
တစ်နိုင်ငံလုံးတွင် ဝိဇ္ဇာ၊ သိပ္ပံ တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ကောလိပ် ၄၈ ခုရှိနေပြီး အဆိုပါ တက္ကသိုလ် ဒီဂရီကောလိပ်၊ ကောလိပ်များတွင် ဝိဇ္ဇာ၊ သိပ္ပံ ဘွဲ့ကြို ဘာသာရပ်များကို လေး နှစ်၊ ဥပဒေဘာသာရပ်ကို ငါးနှစ် သင်တန်းအဖြစ် ပို့ချနေသည်။
မြန်မာတစ်နိုင်ငံလုံးမှာရှိ တဲ့ ဝိဇ္ဇာသိပံ္ပတက္ကသိုလ်တွေနဲ့ ဒီဂရီ ကောလိပ်တွေမှာ တက်ရောက်နေတဲ့ ကျောင်းသူကျောင်းသားတွေ အကုန်လျှောက်ထားခွင့် ရှိပါတယ်။
မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။
Source: kumurdranews + 7day daily