၁။ ပညာရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး နည်းပညာ သုတေသနဌာနနှင့် အိန္ဒိယနိုင်ငံ၊ C-DACတို့ ပူးပေါင်း ဖွင့်လှစ်သည့် အိန္ဒိယ- မြန်မာသတင်းအချက်အလက်နှင့် နည်းပညာကျွမ်းကျင်မှု မြှင့်တင်ရေး သင်တန်း ဌာန (India-Myanmar Centre for Enhancement of IT Skills/IMCEITS) တွင် အောက်ပါသင်တန်းများကို ဖွင့်လှစ်သင်ကြားမည်ဖြစ်သည် -
၂။ အမှတ်စဉ်(၁)နှင့် (၂)သင်တန်းများသည် ဒီပလိုမာဘွဲ့သင်တန်းများဖြစ်ပြီး မိမိ၏ ပရိုဂရမ်စွမ်းရည်ကို အခြေခံ၍ ကြိုက်နှစ်သက်ရာ သင်တန်းကို ရွေးချယ်လျှောက်ထားနိုင်သည်။
၃။ အမှတ်စဉ်(၃)သင်တန်းအတွက် IMCEITS သင်တန်းဌာနမှ Professional Diploma in Java Programming (သို့မဟုတ်) Professional Diploma in Wireless and Mobile Computing Course သင်တန်း အောင်မြင်ပြီးသူ (သို့မဟုတ်) ICTTI သင်တန်းဌာနမှ Professional Diploma in software Engineering သင်တန်းအောင်မြင်ပြီးသူများ လျှောက်ထားနိုင်သည်။
၎။ သင်တန်းများသည် အစိုးရရုံးပိတ်ရက်များမှအပ နံနက် ၉းဝဝနာရီမှ ညနေ ၄း၀၀နာရီအထိ အချိန်ပြည့်သင်တန်းများ ဖြစ်သည်။
၅။ သင်တန်းအောင်မြင်ပြီးဆုံးပါက အိန္ဒိယနိုင်ငံ၊ C-DAC အဖွဲ့အစည်းနှင့် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး နည်းပညာ သုတေသနဌာနတို့ပူးပေါင်း၍ သင်တန်းဆင်းအောင်လက်မှတ်များပေးအပ်မည်။
READ - ဆေးဘက်ဆိုင်ရာ အင်ဂျင်နီယာ ဒီပလိုမာသင်တန်း လျှောက်လွှာခေါ်ယူခြင်း
၆။ လျှောက်ထားလိုသူများသည် အောက်ပါ သတ်မှတ်ချက်များနှင့်ပြည့်စုံသူဖြစ်ရမည် -
(က) B.C.Sc/ B.C.Tech/ B.Tech (IT)/ B.Tech(EC)/ B.E(IT)/ B.E(EC)/ B.Sc (Computer Science)/M.C.Sc/ M.C.Tech/ M.I.Sc/ M.A.Sc/ M.E (IT)/M.E (EC)/M.Sc(Computer Science) ဘွဲ့တစ်ခုခု ရရှိပြီးသူ (သို့မဟုတ်) နိုင်ငံတကာအသိအမှတ်ပြု တက္ကသိုလ်တစ်ခုခုမှ IT အထူးပြုဘွဲ့ရရှိပြီးသူဖြစ်ရမည်။
(ခ) မိမိနှင့်တကွ မိဘနှစ်ပါးသည် နိုင်ငံသားများဖြစ်ရမည်။
(ဂ) သတ်မှတ်ထားသော ဝင်ခွင့်အရည်အချင်းစစ်စာမေးပွဲများကို အောင်မြင်စွာဖြေဆိုနိုင်သူဖြစ်ရမည်။
(ဃ) ဝန်ကြီးဌာနများမှ ဝန်ထမ်းဖြစ်ပါက မိမိတို့သက်ဆိုင်ရာဌာနအကြီးအကဲ၏ ခွင့်ပြုစာပါ ရှိရမည်။
(င) သက်ဆိုင်ရာမြို့နယ်ရဲစခန်းတစ်ခုခုမှ သုံးလထက် မကျော်လွန်သည့် အကျင့်စာရိတ္တကောင်းမွန်ကြောင်းနှင့် ပြစ်မှု ကင်းရှင်းကြောင်း ထောက်ခံစာများကို သင်တန်းလျှောက်လွှာနှင့်အတူ ပူးတွဲလျှောက်ထားရမည်။
သင်တန်းလျှောက်ထားသူများသည် အောက်ပါ နေ့ရက်တွင် Online ဝင်ခွင့်စာမေးပွဲများဖြေဆိုကြရမည် -
၈။ လျှောက်လွှာများကို သတ်မှတ်ပုံစံဖြင့် ကျောင်းသားရေးရာဌာနတွင် ၂၁.၃.၂၀၁၉ ရက် (ကြာသပတေးနေ့) နောက်ဆုံးထား၍ လျှောက်ထားနိုင်သည်။
၉။ အခြားသိရှိလိုသည်များရှိပါက IMCEITS သင်တန်းဌာန၊ ဖုန်း ၀၁-၆၅၂၅၄၂၊ ၀၁-၆၅၂၅၂၉၊ ၀၁-၆၆၂၃၂၉ သို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။
READ - UMFCCI Training Institute မှ မေလတွင် ဖွင့်လှစ်မည့် သင်တန်းများ