၂။လျှောက်ထားသူသည်...
Source: ကြေးမုံ
**Unicode**
ပညာရေးဝန်ကြီးဌာန နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန ၂၀၁၉-၂၀၂၀ ခု၊ ပညာသင်နှစ်အတွက် A.G.T.I ပထမနှစ် ဝင်ခွင့်လျှောက်လွှာများခေါ်ယူခြင်း ဖြစ်ပါသည်။
၁။ အစိုးရနည်းပညာကောလိပ် (မိုးညှင်း၊ မြင်းခြံ၊ ရွှေဘို)နှင့် အစိုးရစက်မှုလက်မှုသိပ္ပံ (ပူတာအို၊ လွိုင်ကော်၊ ဟားခါး၊ မော်လမြိုင်၊ သံတွဲ၊ ကျောက်ဖြူ၊ ရွှေပြည်သာ၊ အင်းစိန်၊ မန္တလေး၊ ကျောက်ပန်းတောင်း၊ ကျောက်ဆည်၊ နေပြည်တော်၊ ပြင်ဦးလွင်၊ ကန့်ဘလူ၊ ခန္တီး၊ ဂန့်ဂေါ၊ ချောက်၊ ရေနံချောင်း၊ သရက်၊ မကွေး၊ လက်ပံတန်း၊ ဝါးခယ်မ၊ လပွတ္တာ၊ ကျိုက်လတ်) စုစုပေါင်း (၂၇) ကျောင်းတွင် ၂၀၁၉-၂၀၂၀ ခုနှစ် ပညာသင်နှစ်အတွက် A.G.T.I ပထမနှစ်သင်တန်းသားများကို ခေါ်ယူမည်ဖြစ်ပါသည်။
၂။လျှောက်ထားသူသည်...
(က) နည်းပညာနှင့်သက်မွေးပညာလုပ်ငန်းသဘာဝအရ ကျန်းမာရေးကောင်းမွန်သူဖြစ်ပြီး လက်တွေ့လုပ်ငန်းနှင့် စက်ရုံ / ကုမ္ပဏီများသို့ ကွင်းဆင်းဆောင်ရွက်နိုင်သူဖြစ်ရမည်။
(ခ) တက္ကသိုလ်ဝင်စာမေးပွဲတွင် သင်္ချာ၊ ရူပဗေဒ၊ ဓာတုဗေဒဘာသာတွဲများပါဝင်သော မည်သည့်ဘာသာတွဲများဖြင့် အောင်မြင်သည်ဖြစ်စေ လျှောက်ထားနိုင်သည်။
(ဂ) တက္ကသိုလ်ဝင်စာမေးပွဲတွင်ရရှိခဲ့သည့် အင်္ဂလိပ်စာနှင့် သင်္ချာစုစုပေါင်းရမှတ်အပေါ်မူတည်၍ ရွေးချယ်မည်ဖြစ်သည်။
၃။ အစိုးရနည်းပညာကောလိပ် အစိုးရစက်မှုလက်မှုသိပ္ပံများအလိုက် ဖွင့်လှစ်သင်ကြားပေးမည့် သင်တန်းများမှာ အောက်ပါအတိုင်းဖြစ်သည်…
(က) မြို့ပြအင်ဂျင်နီယာ (အပိုဒ် (၁) ပါကျောင်းပေါင်း (၂၆)၊ ပြင်ဦးလွင်မပါဝင်ပါ)
(ခ) အီလက်ထရောနစ်အင်ဂျင်နီယာ (အပိုဒ် (၁) ပါကျောင်းပေါင်း (၂၄)၊ ပူတာအို၊ သံတွဲ၊ ကျောက်ဖြူမပါဝင်ပါ) (ဂ) လျှပ်စစ်စွမ်းအားအင်ဂျင်နီယာ (အပိုဒ် (၁) ပါကျောင်းများအားလုံး)
(ဃ) စက်မှုအင်ဂျင်နီယာ (အပိုဒ် (၁) ပါကျောင်းပေါင်း (၂၆)၊ ကျောက်ဖြူမပါဝင်ပါ)
(င) သုတနည်းပညာအစိုးရနည်းပညာကောလိပ် (မိုးညှင်း၊ မြင်းခြံ၊ ရွှေဘို) နှင့် အစိုးရစက်မှုလက်မှုသိပ္ပံ (ကျောက်ဖြူ၊ ကျောက်ဆည်၊ နေပြည်တော်၊ ပြင်ဦးလွင်၊ အင်းစိန်၊ ကန့်ဘလူ၊ မန္တလေး)
(စ) စက်မှုလုပ်ငန်းအင်ဂျင်နီယာ (အစိုးရစက်မှုလက်မှုသိပ္ပံ၊ (အင်းစိန်၊ မန္တလေး၊ ပြင်ဦးလွင်))
(ဆ) စက်မှုလယ်ယာနည်းပညာ (အစိုးရနည်းပညာကောလိပ် (ရွှေဘို)နှင့် အစိုးရစက်မှုလက်မှုသိပ္ပံ (ဝါးခယ်မ၊ ကျိုက်လတ်))
(ဇ) မော်တော်ယာဉ်ပြုပြင်ထိန်းသိမ်းမှုနည်းပညာ (အစိုးရစက်မှုလက်မှုသိပ္ပံ (ပြင်ဦးလွင်))
၄။ သင်တန်းကာလမှာ (၃)နှစ်ဖြစ်သည်၊ သင်တန်းပြီးဆုံးပါက ဒီပလိုမာအောင်လက်မှတ်ပေးအပ်မည်ဖြစ်သည်။ A.G.T.I (၃) နှစ်သင်တန်းများတွင် သတ်မှတ်အရည်အချင်းပြည့်မီပါက နည်းပညာတက္ကသိုလ်များ၏ တတိယနှစ်သင်တန်းများသို့ ပေါင်းကူးတက်ရောက်နိုင်မည်ဖြစ်ပါသည်။
Web Design (66) Web Design နှင့်ပတ်သက်ပြီး သင်တန်း (66) ခုရှာရန်နှိပ်ပါ။
၅။ ဝင်ခွင့်လျှောက်လွှာများကို အစိုးရနည်းပညာကောလိပ်၊ အစိုးရစက်မှုလက်မှုသိပ္ပံများတွင် (၉.၁၀.၂၀၁၉) ရက်တွင် စတင်ထုတ်ယူနိုင်သည်။ လျှောက်လွှာများကို (၂၈.၁၀.၂၀၁၉) ရက် နောက်ဆုံးထား၍ မိမိတို့ တက်ရောက်လိုသည့် ကျောင်းသို့ပြန်လည်တင်သွင်းရမည်။
၆။ လျှောက်လွှာနှင့်အတူ အောက်ပါအချက်အလက်များကို ပူးတွဲတင်ပြရမည်။
(က) လျှောက်ထားသူ၏ နိုင်ငံသားစိစစ်ရေးကတ်ပြား (မိတ္တူ)
(ခ) ကျန်းမာရေးကောင်းမွန်ကြောင်းထောက်ခံစာကို မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ထောက်ခံစာမူရင်း
(ဂ) သက်ဆိုင်ရာမှ တရားဝင်ထုတ်ပေးထားသော တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သည့် အမှတ်စာရင်း (မူရင်း)
(ဃ) လျှောက်ထားသူ၏၏ အမည်ပါရှိသော အိမ်ထောင်စုစာရင်းဇယား (မိတ္တူ)
(င) ပတ်စပို့အရွယ်ရောင်စုံဓာတ်ပုံ (၃) ပုံ
Read More:>>> မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ် Logistics ဘွဲ့လွန်ဒီပလိုမာသင်တန်းသားများခေါ်ယူခြင်း
၇။ အသေးစိတ်အချက်အလက်များကို သိရှိလိုပါက အပိုဒ် (၁) ပါ အစိုးရနည်းပညာကောလိပ်များနှင့် အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းများသို့ ဆက်သွယ်မေးမြန်းနိုင်သည်။
(နည်းပညာ၊သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန)
Source: ကြေးမုံ