ယခုနှစ်အတွက် အစိုးရနည်းပညာ ကောလိပ်နှင့် အစိုးရနည်းပညာကောလိပ် ၂၅ ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၅၀၀၀ နီးပါးကို ၀င်ခွင့်ပေးမည် ဖြစ်ကြောင်း သိရသည်။
ယခင်နှစ်က အစိုးရနည်းပညာ သိပ္ပံမကွေးနှင့် ဂန့်ဂေါတို့သည် ကျောင်းသား၊ ကျောင်းသူ ခေါ်ယူခဲ့ခြင်း မရှိခဲ့ဘဲ ယခုနှစ်တွင် ယင်းကျောင်းနှစ်ကျောင်းကပါ ၀င်ခွင့်ပေးမည် ဖြစ်ကြောင်း သိရသည်။
လျှောက်ထားနိုင်မည့်သူများသည် တက္ကသိုလ်ဝင်တန်း၌ သင်္ချာ၊ ရူပ၊ ဓာတုဗေဒ ဘာသာတွဲများ ပါဝင်သော မည်သည့်ဘာသာတွဲဖြင့် အောင်မြင်သည်ဖြစ်စေ လျှောက်ထားနိုင်မည် ဖြစ်ကြောင်း နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ သိရသည်။
“သင်္ချာ၊ အင်္ဂလိပ်စာရမှတ်ပေါင်းက ၁၅၀ ပါပဲ။ မပြောင်းပါဘူး။ ၀င်ခွင့်ကတော့ ကျောင်းအလိုက် ၀င်ဆံ့အင်အားအလိုက်ပဲ လျော့လည်းနည်းနည်း ပိုလည်းနည်းနည်းပါပဲ” ဟု ပြောသည်။
လျှောက်ထားမည့်သူများကို တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ရရှိခဲ့သော သင်္ချာနှင့် အင်္ဂလိပ်စာ ဘာသာရပ်နှစ်ခုပေါင်း အပေါ်မူတည်ပြီး ရွေးချယ်သွားမည် ဖြစ်သည်။
အစိုးရနည်းပညာအထက်တန်းကျောင်းများမှ အောင်မြင်ထားသူများကိုလည်း စိစစ်ရွေးချယ်လက်ခံသွား မည်ဖြစ်ကြောင်း သင်တန်းကာလမှာ သုံးနှစ် ဖြစ်ပြီး သင်တန်းပြီးဆုံးပါက ဒီပလိုမာ လက်မှတ်ကို ပေးအပ် ချီးမြှင့်ပေးသွားမည်ဖြစ်သည်။
ထိုသုံးနှစ်သင်တန်းများတွင် သတ်မှတ်အရည်အချင်း ပြည့်မီပါက နည်းပညာတက္ကသိုလ်များ၏ တတိယနှစ်သင်တန်းများကို ပေါင်းကူး လျှောက်ထားခွင့် ရရှိမည်ဖြစ်ကြောင်း သိရသည်။
ယခုနှစ်တွင် တက္ကသိုလ်ဝင်တန်းအောင်မြင်ထားသူများအနေဖြင့် အစိုးရနည်းပညာကောလိပ်၊ အစိုးရနည်းပညာ သိပ္ပံတို့တွင် ပထမနှစ်သင်တန်းများ တက်ရောက်ရန်အတွက် မိမိတို့ တက်ရောက်လိုသော ကျောင်းများတွင် အောက်တိုဘာ ၁၉ ရက်တွင် စတင်ထုတ်ယူနိုင်ပြီး နိုဝင်ဘာလ ၁၁ ရက်တွင် နောက်ဆုံးထား လျှောက်ထားရမည်ဖြစ်သည်။
မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။
Source: democracy today