အင္းစိန္ဂ်ီတီအိုင္တြင္ဖြင့္မည့္ A.G.T.I ညေနပိုင္းသင္တန္းဝင္ခြင့္ကို ႏိုဝင္ဘာအတြင္းေခၚယူမည္ဟု နည္းပညာ၊ သက္ေမြးပညာႏွင့္ ေလ့က်င့္ေရးဦးစီးဌာနညႊန္ၾကားေရးမွဴးတစ္ဦးကေျပာသည္။ (၂၂) ႏွစ္ၾကာရပ္နားထားသည့္ A.G.T.I ညေနပိုင္းသင္တန္းမ်ားးကို အင္းစိန္ဂ်ီတီအိုင္တြင္ (၂၀၁၈-၂၀၁၉) ပညာသင္ႏွစ္မွစတင္ကာ ညေနပိုင္းသင္တန္းအျဖစ္ ျပန္လည္ဖြင့္လွစ္ခဲ့သည္။
လာမည့္ (၂၀၁၉-၂၀၂၀) ပညာသင္ႏွစ္အတြက္ A.G.T.I ညေနပိုင္းသင္တန္းဝင္ခြင့္ကို ႏိုဝင္ဘာတြင္ထပ္မံေခၚယူမည္ျဖစ္သည္။ “ညေနပိုင္း A.G.T.I က အင္းစိန္ဂ်ီတီအိုင္ တစ္ခုတည္းဖြင့္တာပါ။
ဝင္ခြင့္ကေတာ့ ႏိုဝင္ဘာေလာက္ေခၚပါလိမ့္မယ္” ဟု နည္းပညာ၊ သက္ေမြးပညာႏွင့္ ေလ့က်င့္ေရးဦးစီးဌာန ညႊန္ၾကားေရးမွဴးတစ္ဦးကေျပာသည္။ ၿမိဳ႕ျပအင္ဂ်င္နီယာ၊ အီလက္ထရြန္နစ္အင္ဂ်င္နီယာ၊ လွ်ပ္စစ္စြမ္းအားအင္ဂ်င္နီယာ၊ စက္မႈလက္မႈအင္ဂ်င္နီယာ ဘာသာရပ္ (၄) ခု ဖြင့္လွစ္ျခင္းျဖစ္ၿပီး (၃) ႏွစ္သင္တန္းၿပီးဆံုးပါက A.G.T.I ဒီပလိုမာ ေပးအပ္မည္ျဖစ္သည္။
သခ်ၤာ၊ ရူပေဗဒ၊ ဓာတုေဗဒ ဘာသာရပ္မ်ား ပါဝင္ေသာ ဘာသာတဲြမ်ားျဖင့္ တကၠသိုလ္ဝင္စာေမးပဲြေအာင္ျမင္ထားသူမ်ား၊ အစိုးရနည္းပညာအထက္တန္းေက်ာင္း (THS) ေအာင္ျမင္ထားသူမ်ားသည္ A.G.T.I ညေနပိုင္းသင္တန္းဝင္ခြင့္ေလွ်ာက္ထားႏိုင္ၿပီး တကၠသိုလ္ဝင္သာေမးပြဲတြင္ အဂၤလိပ္စာႏွင့္ သခ်ၤာ စုစုေပါင္းရလဒ္အေပၚမူတည္ကာ ဝင္ခြင့္ေရြးခ်ယ္မည္ျဖစ္သည္။
ပထမဆံုးျပန္လည္ဖြင့္လည္ဖြင့္လွစ္သည့္ (၂၀၁၈-၂၀၁၉) ပညာသင္ႏွစ္က ၿမိဳ႕ျပအင္ဂ်င္နီယာ ဘာသာရပ္အတြက္ တကၠသိုလ္ဝင္စာေမးပဲြ အဂၤလိပ္စာႏွင့္ သခ်ၤာရမွတ္စုစုေပါင္း အနိမ့္ဆံုး (၁၄၈) မွတ္ရသူမ်ား၊ THS ေအာင္မ်ားအေနျဖင့္ ႏွစ္ဘာသာေပါင္း (၇၈) မွတ္ အနိမ့္ဆံုးရသူမ်ား၊ အီလက္ထရြန္နစ္ အင္ဂ်င္နီယာ ဘာသာရပ္အတြက္ အဂၤလိပ္စာႏွင့္ သခ်ၤာရမွတ္စုစုေပါင္း အနိမ့္ဆံုး (၁၄၁) မွတ္ရသူမ်ား၊ THS ေအာင္မ်ားအေနျဖင့္ ႏွစ္ဘာသာေပါင္း (၇၅.၂၅) မွတ္ အနိမ့္ဆံုးရသူမ်ား တက္ေရာက္ခြင့္ရခဲ့သည္။
လွ်ပ္စစ္စြမ္းအားအင္ဂ်င္နီယာဘာသာရပ္အတြက္ အဂၤလိပ္စာႏွင့္ သခ်ၤာရမွတ္စုစုေပါင္း အနိမ့္ဆံုး (၁၃၇) မွတ္ ရသူမ်ား၊ THS ေအာင္မ်ားအေနျဖင့္ ႏွစ္ဘာသာေပါင္း (၇၂ ႏွင့္ ၇၂.၅) မွတ္ရသူမ်ား၊ စက္မႈအင္ဂ်င္နီယာဘာသာရပ္အတြက္ အဂၤလိပ္စာႏွင့္ သခ်ၤာရမွတ္စုစုေပါင္း အနိမ့္ဆံုး (၁၃၈) မွတ္ ရသူမ်ား ဝင္ခြင့္ရခဲ့သည္။
သင္တန္းကို တနၤလာမွ ေသာၾကာအထိ ညေန (၄) နာရီမွ ည (၉) နာရီ၊ စေန၊ တနဂၤေႏြေန႔မ်ားတြင္ နံနက္ (၉) နာရီခဲြမွ မြန္းလဲြ (၂) နာရီခဲြအထိ တက္ေရာက္ရၿပီး သင္တန္းေၾကးအျဖစ္ပညာသင္ႏွစ္ တစ္ႏွစ္အတြက္ (၂၄၀,၀၀၀) က်ပ္ ေပးသြင္းရမည္။
Electronic Dictionary (1) အီလက္တေရာႏွစ္ ကုမၸဏီမ်ားႏွင့္ ပတ္သက္ျပီးရွာရန္ႏွိပ္ပါ။
ယခင္က EGTI (Evening Government Technical Institution) ဟု ေခၚသည့္ GTI ဒီပလိုမာ ညေနပိုင္းသင္တန္းမ်ားကို (၁၉၉၆) အထိ အင္းစိန္ဂ်ီတီအိုင္ တစ္ခုတည္းတြင္သာဖြင့္လွစ္ခဲ့သည္။
အင္းစိန္ဂ်ီတီအိုင္သည္ ျမန္မာႏိုင္ငံ၏ ပထမဆံုး စက္မႈလက္မႈပညာသင္ေက်ာင္းျဖစ္ၿပီး ေက်ာင္းအေဆာက္အအံုသည္ (၁၂၂) ႏွစ္သက္တမ္းရွိၿပီျဖစ္သည္။
Read More:>>> အေဝးသင္ေက်ာင္းသား/သူမ်ား သတိျပဳေစရန္အတြက္
အဆိုပါေက်ာင္းကို (၂၀၀၀) ျပည့္ႏွစ္က စတင္ပိတ္ထားခဲ့ၿပီး (၂၀၁၆) တြင္ ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီက ပညာေရးဝန္ၾကီးဌာနသို႔ ျပန္လည္လႊဲေျပာင္းေပးခဲ့သည္။
ထုိေက်ာင္းကို ပညာေရးဝန္ႀကီးဌာနဘတ္ဂ်က္ျဖင့္ ျပဳျပင္ၿပီး (၂၀၁၇) ဒီဇင္ဘာမွစကာ (၂၀၁၇) တကၠသိုလ္ဝင္စာေမးပဲြေအာင္ျမင္သူမ်ားအား A.G.T.I ဒီပလိုမာ (၃) ႏွစ္သင္တန္းမ်ား ျပန္လည္တက္ေရာက္ခြင့္ျပဳခဲ့သည္။
Source: 7Day News
**Unicode**
အင်းစိန်ဂျီတီအိုင်တွင်ဖွင့်မည့် A.G.T.I ညနေပိုင်းသင်တန်းဝင်ခွင့်ကို နိုဝင်ဘာအတွင်းခေါ်ယူမည်ဟု နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနညွှန်ကြားရေးမှူးတစ်ဦးကပြောသည်။ (၂၂) နှစ်ကြာရပ်နားထားသည့် A.G.T.I ညနေပိုင်းသင်တန်းများးကို အင်းစိန်ဂျီတီအိုင်တွင် (၂၀၁၈-၂၀၁၉) ပညာသင်နှစ်မှစတင်ကာ ညနေပိုင်းသင်တန်းအဖြစ် ပြန်လည်ဖွင့်လှစ်ခဲ့သည်။
လာမည့် (၂၀၁၉-၂၀၂၀) ပညာသင်နှစ်အတွက် A.G.T.I ညနေပိုင်းသင်တန်းဝင်ခွင့်ကို နိုဝင်ဘာတွင်ထပ်မံခေါ်ယူမည်ဖြစ်သည်။ “ညနေပိုင်း A.G.T.I က အင်းစိန်ဂျီတီအိုင် တစ်ခုတည်းဖွင့်တာပါ။
ဝင်ခွင့်ကတော့ နိုဝင်ဘာလောက်ခေါ်ပါလိမ့်မယ်” ဟု နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးတစ်ဦးကပြောသည်။ မြို့ပြအင်ဂျင်နီယာ၊ အီလက်ထရွန်နစ်အင်ဂျင်နီယာ၊ လျှပ်စစ်စွမ်းအားအင်ဂျင်နီယာ၊ စက်မှုလက်မှုအင်ဂျင်နီယာ ဘာသာရပ် (၄) ခု ဖွင့်လှစ်ခြင်းဖြစ်ပြီး (၃) နှစ်သင်တန်းပြီးဆုံးပါက A.G.T.I ဒီပလိုမာ ပေးအပ်မည်ဖြစ်သည်။
သင်္ချာ၊ ရူပဗေဒ၊ ဓာတုဗေဒ ဘာသာရပ်များ ပါဝင်သော ဘာသာတွဲများဖြင့် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ထားသူများ၊ အစိုးရနည်းပညာအထက်တန်းကျောင်း (THS) အောင်မြင်ထားသူများသည် A.G.T.I ညနေပိုင်းသင်တန်းဝင်ခွင့်လျှောက်ထားနိုင်ပြီး တက္ကသိုလ်ဝင်သာမေးပွဲတွင် အင်္ဂလိပ်စာနှင့် သင်္ချာ စုစုပေါင်းရလဒ်အပေါ်မူတည်ကာ ဝင်ခွင့်ရွေးချယ်မည်ဖြစ်သည်။
ပထမဆုံးပြန်လည်ဖွင့်လည်ဖွင့်လှစ်သည့် (၂၀၁၈-၂၀၁၉) ပညာသင်နှစ်က မြို့ပြအင်ဂျင်နီယာ ဘာသာရပ်အတွက် တက္ကသိုလ်ဝင်စာမေးပွဲ အင်္ဂလိပ်စာနှင့် သင်္ချာရမှတ်စုစုပေါင်း အနိမ့်ဆုံး (၁၄၈) မှတ်ရသူများ၊ THS အောင်များအနေဖြင့် နှစ်ဘာသာပေါင်း (၇၈) မှတ် အနိမ့်ဆုံးရသူများ၊ အီလက်ထရွန်နစ် အင်ဂျင်နီယာ ဘာသာရပ်အတွက် အင်္ဂလိပ်စာနှင့် သင်္ချာရမှတ်စုစုပေါင်း အနိမ့်ဆုံး (၁၄၁) မှတ်ရသူများ၊ THS အောင်များအနေဖြင့် နှစ်ဘာသာပေါင်း (၇၅.၂၅) မှတ် အနိမ့်ဆုံးရသူများ တက်ရောက်ခွင့်ရခဲ့သည်။
လျှပ်စစ်စွမ်းအားအင်ဂျင်နီယာဘာသာရပ်အတွက် အင်္ဂလိပ်စာနှင့် သင်္ချာရမှတ်စုစုပေါင်း အနိမ့်ဆုံး (၁၃၇) မှတ် ရသူများ၊ THS အောင်များအနေဖြင့် နှစ်ဘာသာပေါင်း (၇၂ နှင့် ၇၂.၅) မှတ်ရသူများ၊ စက်မှုအင်ဂျင်နီယာဘာသာရပ်အတွက် အင်္ဂလိပ်စာနှင့် သင်္ချာရမှတ်စုစုပေါင်း အနိမ့်ဆုံး (၁၃၈) မှတ် ရသူများ ဝင်ခွင့်ရခဲ့သည်။
သင်တန်းကို တင်္နလာမှ သောကြာအထိ ညနေ (၄) နာရီမှ ည (၉) နာရီ၊ စနေ၊ တနင်္ဂနွေနေ့များတွင် နံနက် (၉) နာရီခွဲမှ မွန်းလွဲ (၂) နာရီခွဲအထိ တက်ရောက်ရပြီး သင်တန်းကြေးအဖြစ်ပညာသင်နှစ် တစ်နှစ်အတွက် (၂၄၀,၀၀၀) ကျပ် ပေးသွင်းရမည်။
Electronic Dictionary (1) အီလက်တရောနှစ် ကုမ္ပဏီများနှင့် ပတ်သက်ပြီးရှာရန်နှိပ်ပါ။
ယခင်က EGTI (Evening Government Technical Institution) ဟု ခေါ်သည့် GTI ဒီပလိုမာ ညနေပိုင်းသင်တန်းများကို (၁၉၉၆) အထိ အင်းစိန်ဂျီတီအိုင် တစ်ခုတည်းတွင်သာဖွင့်လှစ်ခဲ့သည်။
အင်းစိန်ဂျီတီအိုင်သည် မြန်မာနိုင်ငံ၏ ပထမဆုံး စက်မှုလက်မှုပညာသင်ကျောင်းဖြစ်ပြီး ကျောင်းအဆောက်အအုံသည် (၁၂၂) နှစ်သက်တမ်းရှိပြီဖြစ်သည်။
Read More:>>> အဝေးသင်ကျောင်းသား/သူများ သတိပြုစေရန်အတွက်
အဆိုပါကျောင်းကို (၂၀၀၀) ပြည့်နှစ်က စတင်ပိတ်ထားခဲ့ပြီး (၂၀၁၆) တွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက ပညာရေးဝန်ကြီးဌာနသို့ ပြန်လည်လွှဲပြောင်းပေးခဲ့သည်။
ထိုကျောင်းကို ပညာရေးဝန်ကြီးဌာနဘတ်ဂျက်ဖြင့် ပြုပြင်ပြီး (၂၀၁၇) ဒီဇင်ဘာမှစကာ (၂၀၁၇) တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများအား A.G.T.I ဒီပလိုမာ (၃) နှစ်သင်တန်းများ ပြန်လည်တက်ရောက်ခွင့်ပြုခဲ့သည်။
Source: 7Day News