တစ္ႏိုင္ငံလံုးရွိ ပညာေရးေကာလိပ္ (၂၅) ေက်ာင္းကို ယခုႏွစ္မွစ၍ ပညာေရးဒီဂရီေကာလိပ္အဆင့္တိုးကာ ေလးႏွစ္သင္ပညာေရးဘြဲ႔သင္တန္းသစ္မ်ား ဖြင့္လွစ္မည္ျဖစ္ၿပီး တကၠသုိလ္ဝင္တန္းေအာင္ ေက်ာင္းသား/သူ (၃ေထာင္) ေက်ာ္ေခၚယူမည္ျဖစ္ေၾကာင္းသိရပါတယ္။
ေက်ာက္ျဖဴ၊ စစ္ကိုင္း၊ ေတာင္ႀကီး၊ ေတာင္ငူ၊ ထားဝယ္၊ ပခုကၠဴ၊ ပုသိမ္၊ ျပည္၊ ဘားအံ၊ ဘိုကေလး၊ မေကြး၊ ေမာ္လၿမိဳင္၊ မံုရြာ၊ မႏၱေလး၊ မိတၳီလာ၊ ျမစ္ႀကီးနား၊ ေျမာင္းျမ၊ ရန္ကင္း၊ လွည္းကူး၊ သဃၤန္းက်ြန္း၊ လားရႈိး၊ လြိဳင္ေကာ္၊ ဟားခါး၊ က်ိဳင္းတံု၊ ကသာ ပညာေရးေကာလိပ္တို႔ကို ဒီဂရီေကာလိပ္အဆင့္တိုးကာ ေလးႏွစ္သင္ပညာေရးဘြဲ႔သင္တနး္သစ္ B.A/B.Sc (Education) သင္တန္းမ်ားဖြင့္လွစ္မည္ျဖစ္ပါတယ္။
B.A/B.Sc (Education) ဘြဲ႔သင္တန္းသစ္တက္လိုသည့္ ၂၀၁၉ တကၠသုိလ္ဝင္တန္းေအာင္ေက်ာင္းသား/သူမ်ားကို တကၠသုိလ္ဝင္ခြင့္ေလ်ွာက္လႊာတြင္ ထည့္သြင္းေလ်ွာက္ထားခြင့္ျပဳၿပီး ဝင္ခြင့္ရစာရင္းမ်ားကို တကၠသိုလ္ဝင္ခြင့္မ်ား ထုတ္ျပန္ခ်ိ်န္တြင္ ေၾကညာမည္ဟု ဆိုပါတယ္။
“ဒီဂရီေကာလိပ္အတြက္ (၃၃၀၀) ေက်ာ္ေခၚမယ္။ အရင္က (၂) ႏွစ္တည္းဆိုေတာ့ေက်ာင္းဝင္ဆံ့က (၁၀၀၀) ဆို First Year ကို (၅၀၀) ဦးေခၚလို႔ရတယ္။ အခုကေလးႏွစ္ျဖစ္သြားေတာ့ (၁၀၀၀) ဆ့ံတဲ့ေက်ာင္းဆို First Year အတြက္ (၂၅၀) ပဲေခၚလိုရေတာ့မယ္။ ဒါေပမဲ့ ေနာက္ႏွစ္ေတြမွာ ေက်ာင္းရဲ႕ စာသင္ခန္း၊ အိပ္ေဆာင္တိုးလာရင္ ပိုေခၚမွာပါ" ဟုအဆင့္ျမင့္ပညာဦးစီးဌာန တာဝန္ရွိသူတစ္ဦးက ဆိုပါတယ္။
Notary (56) စာခ်ဴပ္စာတမ္းကိစၥရပ္မ်ားႏွင့္ ပတ္သက္ျပီး (56) ခုရွာရန္ႏွိပ္ပါ။
၂၀၁၈ အထိ ပညာေရးေကာလိပ္အဆင့္သာ ဖြင့္လွစ္ခဲ့၍ (၂) ႏွစ္သင္ဒီပလိုမာ ဆရာအတတ္သင္တန္းသာပို႔ခ်ႏိုင္ခဲ့ပါတယ္။ ယခုႏွစ္မွစ၍ ထိုေကာလိပ္အားလံုးကို ဒီဂရီေကာလိပ္အဆင့္တိုးကာေလးႏွစ္သင္ ပညာေရးဘြဲ႔သင္တန္း ဖြင့္လွစ္မည္ျဖစ္ပါတယ္။
ယခင္က ပညာေရးေကာလိပ္တက္ေရာက္သူမ်ားကို ဒီပလိုမာသာေပးအပ္ၿပီး မူလတန္းျပအျဖစ္ အေျခခံပညာေက်ာင္းမ်ားတြင္ ခန္႔အပ္ေသာ္လည္း ယခုႏွစ္ကစတင္ကာ ဘြဲ႔ေပးအပ္မည္ျဖစ္ပါတယ္။
ေလးႏွစ္သင္ပညာေရးဘြဲ႔ သင္တန္းအတြက္ သင္ရိုးညႊန္းတမ္းအသစ္မ်ားကို UNESCO STEM Project (Strengthening Pre-Service Teacher Education in Myanmar)ႏွင့္ ပညာေရးတကၠသုိလ္၊ ပညာေရးေကာလိပ္မ်ားရွိ ပညာရွင္မ်ားပူးေပါင္းၿပီး ဆရာအတတ္ပညာတတ္က်ြမ္းမႈစံသတ္မွတ္ခ်က္ အညႊန္းေဘာင္ကို အေျခခံေရးဆြဲထားပါတယ္။
Read More:>>> Bachelor of Arts (English for Professional Purposes) အေၾကာင္းသိေကာင္းစရာမ်ား
ျမန္မာႏိုင္ငံတြင္ ဆရာအတတ္ပညာသင္တန္းကို (၂) ႏွစ္သာပို႔ခ်သျဖင့္ ႏိုင္ငံတကာႏွင့္ အာဆီယံေဒသတြင္း ႏိုင္ငံမ်ား၏ ဆရာအတတ္သင္တန္းပို႔ခ်မႈ ကာလႏွင့္ႏႈိင္းယွဥ္ပါက တိုေတာင္းျခင္းေၾကာင့္ ပို႔ခ်မႈကာလမ်ားႏွင့္ ဒီပလိုမာေပးအပ္မႈ အစီအစဥ္တို႔ကို ျပင္ဆင္၍ ေလးႏွစ္သင္ပညာေရးဒီဂရီေကာလိပ္မ်ားအျဖစ္ အဆင့္တိုးျမွင့္ျခင္းျဖစ္သည္ဟု ပညာေရးဝန္ႀကီးဌာနသို႔ တင္သြင္းထားသည့္ ေလးႏွစ္သင္ပညာေရးဒီဂရီေကာလိပ္မ်ားအျဖစ္ အဆင့္ျမွင့္တင္ဖြင့္လွစ္ႏုိင္ေရး ေဒါက္တာေအာင္ေအာင္မင္း၏ စာတမ္းတြင္ ေဖာ္ျပထားပါတယ္။
ျမန္မာႏိုင္ငံဆရာအတတ္သင္ သိပၸံေက်ာင္းမ်ားကို (၁၉၈၈) တြင္ ပညာေရးေကာလိပ္အျဖစ္အဆင့္ျမွင့္တင္ဖြင့္လွစ္ခဲ့ပါတယ္။
Source: 7Day News
**Unicode**
တစ်နိုင်ငံလုံးရှိ ပညာရေးကောလိပ် (၂၅) ကျောင်းကို ယခုနှစ်မှစ၍ ပညာရေးဒီဂရီကောလိပ်အဆင့်တိုးကာ လေးနှစ်သင်ပညာရေးဘွဲ့သင်တန်းသစ်များ ဖွင့်လှစ်မည်ဖြစ်ပြီး တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသား/သူ (၃ထောင်) ကျော်ခေါ်ယူမည်ဖြစ်ကြောင်းသိရပါတယ်။
ကျောက်ဖြူ၊ စစ်ကိုင်း၊ တောင်ကြီး၊ တောင်ငူ၊ ထားဝယ်၊ ပခုက္ကူ၊ ပုသိမ်၊ ပြည်၊ ဘားအံ၊ ဘိုကလေး၊ မကွေး၊ မော်လမြိုင်၊ မုံရွာ၊ မန္တလေး၊ မိတ္ထီလာ၊ မြစ်ကြီးနား၊ မြောင်းမြ၊ ရန်ကင်း၊ လှည်းကူး၊ သင်္ဃန်းကျွန်း၊ လားရှိုး၊ လွိုင်ကော်၊ ဟားခါး၊ ကျိုင်းတုံ၊ ကသာ ပညာရေးကောလိပ်တို့ကို ဒီဂရီကောလိပ်အဆင့်တိုးကာ လေးနှစ်သင်ပညာရေးဘွဲ့သင်တန်းသစ် B.A/B.Sc (Education) သင်တန်းများဖွင့်လှစ်မည်ဖြစ်ပါတယ်။
B.A/B.Sc (Education) ဘွဲ့သင်တန်းသစ်တက်လိုသည့် ၂၀၁၉ တက္ကသိုလ်ဝင်တန်းအောင်ကျောင်းသား/သူများကို တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာတွင် ထည့်သွင်းလျှောက်ထားခွင့်ပြုပြီး ဝင်ခွင့်ရစာရင်းများကို တက္ကသိုလ်ဝင်ခွင့်များ ထုတ်ပြန်ချျိန်တွင် ကြေညာမည်ဟု ဆိုပါတယ်။
“ဒီဂရီကောလိပ်အတွက် (၃၃၀၀) ကျော်ခေါ်မယ်။ အရင်က (၂) နှစ်တည်းဆိုတော့ကျောင်းဝင်ဆံ့က (၁၀၀၀) ဆို First Year ကို (၅၀၀) ဦးခေါ်လို့ရတယ်။ အခုကလေးနှစ်ဖြစ်သွားတော့ (၁၀၀၀) ဆံ့တဲ့ကျောင်းဆို First Year အတွက် (၂၅၀) ပဲခေါ်လိုရတော့မယ်။ ဒါပေမဲ့ နောက်နှစ်တွေမှာ ကျောင်းရဲ့ စာသင်ခန်း၊ အိပ်ဆောင်တိုးလာရင် ပိုခေါ်မှာပါ" ဟုအဆင့်မြင့်ပညာဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။
Notary (56) စာချူပ်စာတမ်းကိစ္စရပ်များနှင့် ပတ်သက်ပြီး (56) ခုရှာရန်နှိပ်ပါ။
၂၀၁၈ အထိ ပညာရေးကောလိပ်အဆင့်သာ ဖွင့်လှစ်ခဲ့၍ (၂) နှစ်သင်ဒီပလိုမာ ဆရာအတတ်သင်တန်းသာပို့ချနိုင်ခဲ့ပါတယ်။ ယခုနှစ်မှစ၍ ထိုကောလိပ်အားလုံးကို ဒီဂရီကောလိပ်အဆင့်တိုးကာလေးနှစ်သင် ပညာရေးဘွဲ့သင်တန်း ဖွင့်လှစ်မည်ဖြစ်ပါတယ်။
ယခင်က ပညာရေးကောလိပ်တက်ရောက်သူများကို ဒီပလိုမာသာပေးအပ်ပြီး မူလတန်းပြအဖြစ် အခြေခံပညာကျောင်းများတွင် ခန့်အပ်သော်လည်း ယခုနှစ်ကစတင်ကာ ဘွဲ့ပေးအပ်မည်ဖြစ်ပါတယ်။
လေးနှစ်သင်ပညာရေးဘွဲ့ သင်တန်းအတွက် သင်ရိုးညွှန်းတမ်းအသစ်များကို UNESCO STEM Project (Strengthening Pre-Service Teacher Education in Myanmar)နှင့် ပညာရေးတက္ကသိုလ်၊ ပညာရေးကောလိပ်များရှိ ပညာရှင်များပူးပေါင်းပြီး ဆရာအတတ်ပညာတတ်ကျွမ်းမှုစံသတ်မှတ်ချက် အညွှန်းဘောင်ကို အခြေခံရေးဆွဲထားပါတယ်။
Read More:>>> Bachelor of Arts (English for Professional Purposes) အကြောင်းသိကောင်းစရာများ
မြန်မာနိုင်ငံတွင် ဆရာအတတ်ပညာသင်တန်းကို (၂) နှစ်သာပို့ချသဖြင့် နိုင်ငံတကာနှင့် အာဆီယံဒေသတွင်း နိုင်ငံများ၏ ဆရာအတတ်သင်တန်းပို့ချမှု ကာလနှင့်နှိုင်းယှဉ်ပါက တိုတောင်းခြင်းကြောင့် ပို့ချမှုကာလများနှင့် ဒီပလိုမာပေးအပ်မှု အစီအစဉ်တို့ကို ပြင်ဆင်၍ လေးနှစ်သင်ပညာရေးဒီဂရီကောလိပ်များအဖြစ် အဆင့်တိုးမြှင့်ခြင်းဖြစ်သည်ဟု ပညာရေးဝန်ကြီးဌာနသို့ တင်သွင်းထားသည့် လေးနှစ်သင်ပညာရေးဒီဂရီကောလိပ်များအဖြစ် အဆင့်မြှင့်တင်ဖွင့်လှစ်နိုင်ရေး ဒေါက်တာအောင်အောင်မင်း၏ စာတမ်းတွင် ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံဆရာအတတ်သင် သိပ္ပံကျောင်းများကို (၁၉၈၈) တွင် ပညာရေးကောလိပ်အဖြစ်အဆင့်မြှင့်တင်ဖွင့်လှစ်ခဲ့ပါတယ်။
Source: 7Day News