ဆေးပညာနှီးနွှယ် တက္ကသိုလ် (၇) ခု သို့ ကျောင်းသား/သူ ၁၅၀၀ ကျော် ၀င်ခွင့်ရရှိ

ဆေးပညာနှီးနွှယ် တက္ကသိုလ် (၇) ခု သို့ ကျောင်းသား/သူ ၁၅၀၀ ကျော် ၀င်ခွင့်ရရှိ

၂၀၁၈ ခုနှစ်  တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဓာတုဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒ ဘာသာတွဲများဖြင့် အောင်မြင်ပြီး ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ် ဦးစီးဌာန၊ ဆေးပညာနှီးနွှယ်တက္ကသိုလ်များ၏ ပထမနှစ်သင်တန်းများသို့ ၀င်ခွင့်ရရှိခဲ့သော အရေအတွက်မှာ ၁၅၀၀ ကျော် ရှိသည်။

ဆေးဝါးတက္ကသိုလ် (ရန်ကုန်) - 180 ဦး

ဆေးဝါးတက္ကသိုလ် (မန္တလေး) - 171 ဦး

ဆေးဘက်ဆိုင်ရာ နည်းပညာတက္ကသိုလ် (ရန်ကုန်) - 266 ဦး

ဆေးဘက်ဆိုင်ရာ နည်းပညာတက္ကသိုလ် - 259 ဦး

သူနာပြု တက္ကသိုလ် (ရန်ကုန်) - 230 ဦး

သူနာပြု တက္ကသိုလ် (မန္တလေး) - 271  ဦး

အခြေခံကျန်းမာရေးတက္ကသိုလ် (မကွေး) - 206 ဦး အသီးသိး ၀င်ခွင့်ရရှိခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သိရသည်။

အဆိုပါတက္ကသိုလ်များ၏ ပထမနှစ်သင်တန်းများကို ယခုနှစ် ဒီဇင်ဘာလ ၃ ရက်တွင် ဖွင့်လှစ်မည် ဖြစ်သည်။

ဝင်ခွင့်ရရှိသော ကျောင်းသား/သူများသည် မိမိတို့ ၀င်ခွင့်ရရှိသော တက္ကသိုလ်မော်ကွန်းထိန်းထံသို့ နိုဝင်ဘာ ၁၉ ရက်တွင် သွားရောက်သတင်းပို့ရမည် ဖြစ်သည်။

ဆေးပညာနှီးနွှယ် တက္ကသိုလ်များကို တက်ရောက်ပြီး ဘွဲ့ရရှိပြီးသည့်နောက် နိုင်ငံတော်မှ လိုအပ်သည့်အချိန်တွင် နိုင်ငံ့ဝန်ထမ်းအဖြစ် ၃ နှစ်ကြာ တာဝန်ထမ်းဆောင်ရမည်ဟူသော ကတိခံဝန်ချက်ကို ရေးထိုးရမည် ဖြစ်သည်။

ခံဝန်ချုပ်ကို လိုက်နာရန် ပျက်ကွက်ပါက လျော်ကြေးငွေ ကျပ်လေးသိန်းကို ပေးဆောင်ရမည့်အပြင် တည်ဆဲ စည်းမျဉ်းစည်းကမ်းများဖြင့် အရေးယူခြင်းခံရမည် ဖြစ်သည်။

ဝင်ခွင့်ရကျောင်းသား/သူများအနေဖြင့် ဒီဇင်ဘာ ၁၄ ရက်အထိ သတင်း လာရောက်ပို့ခြင်းမရှိပါက ၀င်ခွင့်ရစာရင်းများမှ ပယ်ဖျက်သွားမည် ဖြစ်သည်။

ပညာရေးလမ်းညွှန်website တွင်မြန်မာတစ်နိုင်ငံလုံးတွင် ပြောင်းလဲနေသော ပညာရေးသတင်းများအခမဲ့ ပညာရေးသင်ကြားပေးနေသည့် သင်တန်းကျောင်းများ၊ ပြည်တွင်း၊ ပြည်ပပညာသင်ဆုများ၊ ပညာရေးအတွက် သင်တန်းများ၊ အလုပ်ခွင်ဝင်ရန် လိုအပ်သော သင်တန်းများ စသည်တို့ပါဝင်ပါတယ်နော်...။

source: democracy

News Read 2461 times