Sales Hotline : 09448001653       Download App



၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုလိုသူများအတွက် လမ်းညွှန်ချက်များ

လာမည့် ၂၀၂၄ ခုနှစ်တွင် ကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲနှင့် ပတ်သက်၍ ဝင်ရောက် ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများ သိထားသင့်သည့် အချက်များကို ပညာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနက ယနေ့ ကြေညာချက် ထုတ်ပြန်ထားသည်။

 

စာမေးပွဲဖြေဆိုခွင့် လျှောက်လွှာတင်သွင်းရာ၌ ဖြေဆိုမည့် ဘာသာတွဲအလိုက် အစိမ်းရောင်နှင့် ပန်းရောင် ဖြေဆိုခွင့်လျှောက်လွှာ၊ ကတ်ပြားပုံစံဖြင့် အရောင်နှစ်မျိုး ခွဲခြား သတ်မှတ်ထားသည်။

 

၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာပေးပွဲ ဖြေဆိုခွင့်လျှောက်လွှာ တစ်စောင်လျှင် (၂၀၀) ကျပ်နှင့် စာမေးပွဲဝင်ကြေးအတွက် (၇၀၀) ကျပ် တန်ဖိုးရှိ ပညာရေးဝန်ကြီးဌာန ငွေသွင်းတံဆိပ်ခေါင်းတို့ကို မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနတွင် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၁) ရက်နေ့မှ စတင် ရောင်းချပေးမည် ဖြစ်ပြီး စက်တင်ဘာလ (၂၉) ရက်နေ့ နောက်ဆုံးထား၍ လျှောက်လွှာများ တင်သွားကြရမည် ဖြစ်ကြောင်း သိရသည်။

 

စနစ်ဟောင်း နဝမတန်း (Grade-10) အောင်မြင်ပြီး အကြောင်းအမျိုးမျိုးကြောင့် စနစ်ဟောင်း တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက် ဖြေဆိုခြင်း မရှိခဲ့သူများနှင့် စနစ်ဟောင်း ဆယ်တန်း (Grade-11) တက္ကသိုလ်ဝင်စာမေးပွဲ ကျရှုံးသူများကို ပြင်ပဖြေအဖြစ် ဖြေဆိုခွင့်ပြုမည် ဖြစ်သည်။

 

Advertisement

Click Here > SB Plastic

 

ပြင်ပဖြေဆိုရန် လျှောက်လွှာတင်သွင်းသူများအနေဖြင့် စာမေးပွဲဝင်ကြေးအတွက် သက်ဆိုင်ရာ မြို့နယ် ပညာရေးမှူးရုံးများတွင် ငွေသွင်းတံဆိပ်ခေါင်းများ ဝယ်ယူပြီး ဝင်ခွင့်လျှောက်လွှာ၏ လက်ဝဲဘက် ထိပ်ပိုင်းတွင် ကပ်၍ မိမိတို့ အမှန်တကယ် နေထိုင်သည့် မြို့နယ်ပညာရေးမှူးရုံးတွင် တင်သွင်းကြရမည် ဖြစ်သည်။

 

အခြေခံပညာ အထက်တန်းကျောင်းများ၊ ကျောင်းခွဲများ၊ တွဲဖက်ကျောင်းများနှင့် ကိုယ်ပိုင် အထက်တန်းကျောင်းများမှ ဖြေဆိုရန် လျှောက်လွှာတင်သွင်းမည့် ကျောင်းသား၊ ကျောင်းသူများ၏ စာမေးပွဲ ဝင်ကြေးအတွက် ကျောင်းအုပ်ကြီးများသည် စာမေးပွဲဝင်ကြေး ငွေသွင်းတံဆိပ်ခေါင်းများ ဝယ်ယူပြီး လျှောက်လွှာ တစ်စောင်ချင်းတွင် ကပ်၍ စုပေါင်းပြီး မြန်မာနိုင်ငံ စာစစ်ဦးစီးဋ္ဌာနသို့ တင်သွင်းကြရမည် ဖြစ်သည်။

 

သတ်မှတ်ထားသော ရက်များအတွင်း အချိန်မီပေးပို့ခြင်း မရှိသူများသည် စာမေးပွဲဖြေဆိုခွင့် ရရှိကြမည် မဟုတ်ကြောင်းနှင့် စာဖြေသူ တင်သွင်းသည့် စာမေးပွဲဖြေဆိုခွင့် လျှောက်လွှာနှင့် ကတ်ပြားတွင် ဖော်ပြပါရှိသည့် ဘာသာတွဲမှအပ အခြားဘာသာတွဲသို့ ပြောင်းလဲ ဖြေဆိုခွင့်ပြုမည် မဟုတ်သဖြင့် မိမိဖြေဆိုမည့် ဘာသာတွဲအလိုက် ပုံစံများ မှန်ကန်မှု ရှိမရှိ သေချာစွာ စစ်ဆေးပြီး မှန်ကန်စွာ ဖြည့်စွက် ပေးပို့ကြရန်လည်း သတိပေးထားသည်။

 

လျှောက်လွှာပုံစံနှင့် ငွေသွင်းတံဆိပ်ခေါင်းများ ဝယ်ယူနိုင်မည့် နေရာများကို အောက်တွင် ဖော်ပြထားပါသည်။

 

မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန (ရုံးချုပ်)

ရုံးအမှတ် (၅၂)၊ နေပြည်တော်

 

မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန

ရန်ကုန် (ရုံးခွဲ)၊ ပါရမီလမ်း၊ ၁၂-ရပ်ကွက်၊ လှိုင်မြို့နယ်

Latest Post Local News Government School Read 944 times