၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအဖြေလွှာများကို စစ်ဆေးမည့် အခြေခံပညာအထက်တန်းများကို ကြိုတင်ရွေးချယ်မည်

၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအဖြေလွှာများကို စစ်ဆေးမည့် အခြေခံပညာအထက်တန်းများကို ကြိုတင်ရွေးချယ်မည်

၂၀၁၉ခုနှစ်တွင် ဖြေဆိုမည့်တက္ကသိုလ် ဝင်စာမေးပွဲအလွှာများကို စစ်ဆေးမည့် အခြေခံပညာအထက် တန်းပြများကို ကြိုတင်ရွေးချယ်မည်ဖြစ်ကြောင်း သိရသည်။

၂၀၁၉ ခုနှစ် မတ်လတွင် ကျင်းပမည့် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင်ဖြေဆိုကြမည့် အဖြေလွှာများကို စစ်ဆေးရန်အတွက် အဆင့်မြင့်ပညာကဏ္ဍရှိ ဆရာ၊ ဆရာမများကို ရွေးချယ်မည့်အပြင် အခြေခံ ပညာကဏ္ဍရှိ အထက်တန်းပြဆရာ၊ ဆရာမများကိုပါ ရွေး ချယ်မည်ဖြစ်ရာသင်ကြားသည့် ဘာသာရပ်နှင့်စစ်ဆေးမည့် ဘာသာ ရပ်များ ကိုက်ညီမှု ရှိစေရန်နှင့် စာစစ်သည့်အချိန်တွင် အချိန်ကိုက် တာဝန်ထမ်းဆောင်နိုင်ရန်အတွက်ဖြစ်ကြောင်း အခြေခံပညာဦးစီး ဌာနမှ သိရသည်။

“ဆယ်တန်းစာမေးပွဲက ကြိုတင်ပြင်ဆင်ပြီးလုပ်ရတာမျိုးလေ။ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကျောင်းသားကျောင်းသူသိန်းချီဖြေ ဆိုတော့ ထုထည်ပမာဏက အရမ်းကြီးတယ်။ စာစစ်မယ့် အရေအတွက်က ဘယ်လောက်၊ စစ်ရမယ့် အရေအတွက်ဘယ်လောက်ဆို တာတွေ တွက်ရတယ်။ အမည်စာရင်းတွေ ကြိုတင်တောင်းထားမှ စာစစ်တဲ့အချိန်ရောက်တဲ့အခါ ဘယ်သူတွေပင် စင်ယူမလဲ၊ မီးဖွား တာတွေရှိမလဲဆိုတာတွေက သိရမှာ”ဟု အခြေခံပညာဦးစီးဌာနမှ အရာရှိတစ်ဦးက ပြောကြားသည်။

အထက်တန်းပြများကို ရွေးချယ်ရာတွင် ဘီအီးဒီစာပေးစာ နှစ်နှစ်သင်တန်း တက်ရောက်နေသူများ၊ ကျန်းမာရေးမကောင်း သူများ(အတွင်းလူနာ)၊ ကိုယ်ဝန်အရင့်အမာရှိသူများ၊ ပင်စင်ယူခါ နီး အသက်(၅၈)နှစ်အထက်ရှိ သူများပါဝင်ပါက မှတ်ချက်ရေးသား ပေးပို့သွားရမည်ဖြစ်သည်။

ရွေးချယ်ခြင်းခံထားရသော ဆရာ၊ ဆရာမ များအနေဖြင့် ၂၀၁၉ ခုနှစ် မတ်လကုန်မှ စတင်ပြီး သက်ဆိုင်ရာ တက္ကသိုလ်များတွင် စာစစ်လုပ်ငန်းများကို စတင်တာဝန်ထမ်းဆောင် ရမည်ဖြစ်ကြောင်း သိရသည်။

တက္ကသိုလ်ဝင်တန်းစာမေးပွဲ အဖြေလွှာများကိုစစ်ဆေးရမည့် တက္ကသိုလ်မှဆရာဆရာမများနှင့် အထက်တန်းပြများကိုလုပ်သက် အလိုက် ရွေးချယ်လေ့ရှိပြီး ဘာသာရပ်ကျွမ်းကျင်သူများ ရွေးချယ် စေလွှတ်ရန်အတွက် အဓိကထားရွေးချယ်လေ့ရှိကြောင်း သိရ သည်။

၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲကို တစ်နိုင်ငံလုံးအတိုင်း အတာဖြင့် ကျောင်းသားကျောင်းသူကိုးသိန်းနီးပါး ဝင်ရောက်ဖြေဆို မည်ဖြစ်သည်။

ပညာရေးလမ်းညွှန်website တွင်မြန်မာတစ်နိုင်ငံလုံးတွင် ပြောင်းလဲနေသော ပညာရေးသတင်းများအခမဲ့ ပညာရေးသင်ကြားပေးနေသည့် သင်တန်းကျောင်းများ၊ ပြည်တွင်း၊ ပြည်ပပညာသင်ဆုများ၊ ပညာရေးအတွက် သင်တန်းများ၊ အလုပ်ခွင်ဝင်ရန် လိုအပ်သော သင်တန်းများ စသည်တို့ပါဝင်ပါတယ်နော်...။

source: democracy

News Read 4567 times