တက္ကသိုလ်ဝင်တန်းအောင်ချက်နည်းသော ကျောင်းများမှ ဆရာ၊ ဆရာမများကို ဘာသာရပ် မွမ်းမံသင်တန်းပေးရန်လိုဟု ပညာရေးဝန်ကြီးပြော

တက္ကသိုလ်ဝင်တန်းအောင်ချက်နည်းသော ကျောင်းများမှ ဆရာ၊ ဆရာမများကို ဘာသာရပ် မွမ်းမံသင်တန်းပေးရန်လိုဟု ပညာရေးဝန်ကြီးပြော

တက္ကသိုလ်ဝင်တန်းအောင်ချက် သုညရာခိုင်နှုန်း သာရှိသော ကျောင်းများရှိ အထက်တန်းပြဆရာ၊ ဆရာများ ဘာသာရပ်အရည်အသွေး မြင့်မားစေရန် မွမ်းမံပေးမှု လိုအပ် ကြောင်း ပညာရေး ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးကပြောသည်။

ဒီဇင်ဘာ ၁၇ ရက်က ကျင်း ပသည့် အမျိုးသားလွှတ်တော်အ စည်းအဝေးတွင် ရှမ်းပြည်နယ်မဲ ဆန္ဒနယ်အမှတ် (၅) ကိုယ်စား လှယ် ဦးညီစိန်က တက္ကသိုလ်ဝင် တန်း အောင်ချက်ရာခိုင်နှုန်း သုညဖြစ် နေသော အခြေခံပညာ အထက်တန်းကျောင်းများကိုမည် ကဲ့သို့ ဖေးမကူညီရန် ရှိ၊ မရှိ မေး မြန်းမှုကို ပြန်လည်ဖြေကြားရာ တွင် ပညာရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီးက ယင်းသို့ထည့် သွင်းပြောကြားသည်။

 ‘‘အထက်တန်း ကျောင်း သား၊ ကျောင်းသူဦးရေ အထက်တန်းအဆင့် ကျောင်းတွေမှာ ကျောင်းသား၊ ကျောင်းသူဦးရေ သိသိသာသာ တိုးတက်များပြားလာတဲ့အတွက် ဆရာနဲ့ ကျောင်းသားအချိုး မြင့်မား လာတာကလည်းပဲ အထူး ဂရုပြုရမယ့်အချက် ဖြစ်ပါတယ်။

အခြေခံပညာအထက်တန်း ကျောင်းခွဲတွေမှာ အထက်တန်းပြ ဆရာ၊ ဆရာမတွေ ခွဲဝေခန့်ထားဖို့အတွက်လည်း ကျွန်တော်တို့ နှစ်စဉ် ကျောင်းအဆင့်တိုးနေတဲ့အတွက် လုံ လောက်မှု မရှိပါဘူး’’ဟု ဝန်ကြီးကပြောသည်။

ထို့အပြင် တိုင်းဒေသကြီး ပြည်နယ်များတွင် တက္ကသိုလ်ဝင် စာမေးပွဲအောင်ချက် အဓိကကျ သည့် အကြောင်းရင်းကို လေ့ လာဆန်းစစ်ပါက ကျောင်းသား ကျောင်းသူများအနေဖြင့် သိပ္ပံ ဘာသာတွဲ၊ ဝိဇ္ဇာ ဘာသာတွဲ၊ ဝိပ္ပံ ဘာသာတွဲ ရွေးချယ်မှု မှန်ကန်ရန် အရေးကြီးကြောင်း ဝန်ကြီးက ပြောသည်။

ကျောင်းဆရာ၊ ဆရာမများ ၏ သင်ကြားသင်ယူမှုအရည်အ သွေး မြင့်မားတိုးတက်လာရန် ဒေသဆိုင်ရာ တက္ကသိုလ်များမှ ဘာသာရပ်ဆိုင်ရာ ပါမောက္ခများ၊ ကျွမ်းကျင်ပညာရှင်များနှင့် ပူး ပေါင်းညှိနှိုင်းပြီး တိုင်းဒေသကြီး၊ ပြည်နယ် အဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့်၊ ပညာရေးနယ် မြေအဆင့် ဘာသာရပ်ဆိုင်ရာ ဆွေးနွေးပွဲများ ပြုလုပ်ပြီး မိမိ တာဝန်ယူသင်ကြားရသည့် ဘာ သာရပ်များကို ဆွေးနွေးပွဲ များ ပြုလုပ်ခြင်းဖြင့် ထိရောက်အောင် မြင်စွာ ဆောင်ရွက်နိုင်ရေး အဆင့်ဆင့် ကြီးကြပ်ဆောင်ရွက်ရ မည်ဖြစ်ကြောင်း ဝန်ကြီးဒေါက် တာ မျိုးသိမ်းကြီးက ပြောသည်။

၂၀၁၇ တွင် တိုင်းနှင့်ပြည် နယ်အလိုက် အောင်ချက် သုည ရာခိုင်နှုန်းရှိသည့် အထက ကျောင်း ၂၅ ကျောင်းနှင့် အထက (ခွဲ) ၁၀၆ ကျောင်း စုစုပေါင်း ၁၃၁ ကျောင်းရှိသည်ဟုဆိုသည်။

ထို့အတူ ၂၀၁၈ တိုင်းနှင့် ပြည်နယ်အလိုက် သုညရာခိုင်နှုန်းရှိသည့် အထက ၃၉ ကျောင်း၊ အထက(ခွဲ) ၁၂၂ ကျောင်း၊ ကိုယ်ပိုင်ကျောင်း ၁၀ ကျောင်း၊ ဘကတစ်ကျောင်း စုစုပေါင်း ၁၇၂ ကျောင်း ရှိကြောင်း ဝန်ကြီးက ပြောသည်။

တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများ၏ အောင်ချက်ရာ ခိုင်နှုန်းကျဆင်းခြင်းသည် တစ်နှစ်တည်း ကိစ္စမဟုတ်ဘဲ သုံး၊ လေး နှစ် ဆက်တိုက်ဖြစ်နေသည်ကို လေ့လာတွေ့ရှိရကြောင်း ဦးညီ စိန်က လွှတ်တော်တွင်း မေးခွန်း မေးမြန်းစဉ် ပြောသည်။

source; 7day

News Read 2297 times