တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ခွင့် form များ တင်သွင်းနိုင်ပါပြီ

တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ခွင့် form များ တင်သွင်းနိုင်ပါပြီ

၁။ ၂၀၁၉ ခုနှစ်တွင် ကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲနှင့် ပတ်သက်၍ ၀င်ရောက်ဖြေဆိုမည့် ကျောင်းသား/သူများ သိရှိနိုင်ရန် အောက်ပါအတိုင်း ကြေညာအပ်ပါသည်။

၂။ တက္ကသိုလ်ဝင်စာမေးပွဲဝင်ခွင့် လျှောက်လွှာပုံစံများကို မြန်မာနိုင်ငံစာစစ်ဦးစီးဌာနတွင် ၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၃၁ ရက်နေ့မှစတင်၍ ၂၀၀/- နှုန်းထားဖြင့် ရောင်းချပေးမည် ဖြစ်ပါသည်

၃။ စာမေးပွဲဝင်ခွင့်လျှောက်လွှာတင်သွင်းရာတွင် ဘာသာတွဲအမှတ်စဉ် (၁)၊ (၅)၊ (၆)၊ (၇)၊ (၈) များဖြင့် ဖြေဆိုသူများအတွက် အစိမ်းရောင်ဝင်ခွင့်လျှောက်လွှာနှင့် ကတ်ပြားပုံစံဖြင့်လည်းကောင်း ဘာသာတွဲအမှတ်စဉ် (၂)၊ (၃)၊ (၄)များဖြင့် ဖြေဆိုမည့်သူများအတွက် ပန်းရောင် ၀င်ခွင့်လျှောက်လွှာနှင့် ကတ်ပြားပုံစံဖြင့် တင်သွင်းရန် အရောင်နှစ်မျိုး ခွဲခြားသတ်မှတ်ထားပါသည်။

၎။ ပြင်ပဖြေဆိုရန် လျှောက်လွှာတင်သွင်းသူများ၏ စာမေးပွဲဝင်ကြေးငွေကို သက်ဆိုင်ရာ မြို့နယ်ပညာရေးမှူးရုံးများတွင် စာမေးပွဲဝင်ကြေးအတွက် ၇၀၀/- တန် ငွေသွင်းတံဆိပ်ခေါင်းများ ၀ယ်ယူပြီး ၀င်ခွင့်လျှောက်လွှာ၏ လက်ဝဲဘက်ထိပ်ပိုင်းတွင် ကပ်၍ မိမိတို့ အမှန်တကယ်နေထိုင်သည့် မြို့နယ်ပညာရေးမှူးတွင် ၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၃၁ ရက်နေ့မှ စက်တင်ဘာလ ၂၈ ရက်နေ့အတွင်း တင်သွင်းကြရမည် ဖြစ်ပါသည်။

၅။ အခြေခံပညာအထက်တန်းကျောင်းများ၊ ကျောင်းခွဲများ၊ တွဲဖက်ကျောင်းများနှင့် ကိုယ်ပိုင်အထက်တန်းကျောင်းများမှ ဖြေဆိုရန် လျှောက်လွှာတင်သွင်းမည့် ကျောင်းသား/သူများ၏ စာမေးပွဲဝင်ကြေးအတွက် ကျောင်းအုပ်ကြီးများသည် စာမေးပွဲဝင်ကြေး ၇၀၀/- တန် ငွေသွင်းတံဆိပ်ခေါင်းများ ၀ယ်ယူပြီး လျှောက်လွှာတစ်စောင်ချင်းတွင်ကပ်၍ စုပေါင်းပြီးမြန်မာနိုင်ငံစာစစ်ဦးစီးဌာနသို့ ၂၀၁၈ ခုနှစ် သြဂုတ်လ ၃၁ ရက်နေ့မှ စက်တင်ဘာလ ၂၈ ရက်နေ့အတွင်း သတ်မှတ်ရက်အမီ တင်သွင်းရမည် ဖြစ်ပါသည်။

၆။ သတ်မှတ်ထားသော ရက်များအတွင်း အချိန်မီပေးပို့ခြင်းမရှိသူများသည် စာမေးပွဲဖြေဆိုခွင့်ရရှိကြမည်မဟုတ်ကြောင်းနှင့် စာဖြေသူတင်သွင်းသည့် စာမေးပွဲ ၀င်ခွင့်လျှောက်လွှာနှင့် ကတ်ပြားတွင် ဖော်ပြပါရှိသည့် ဘာသာတွဲမှအပ အခြားဘာသာတွဲသို့ ပြောင်းလဲဖြေဆိုခွင့်ပြုမည်မဟုတ်သဖြင့် မိမိဖြေဆိုမည့် ဘာသာတွဲ အလိုက်ပုံစံများ မှန်ကန်မှု ရှိ၊ မရှိ သေချာစွာ စစ်ဆေးပြီး မှန်ကန်စွာ ဖြည့်စွက်ပေးပို့ ကြရန် ဖြစ်ကြောင်း သတိပြုစေလိုပါသည်။

၇။ လျှောက်လွှာပုံစံများနှင့် ငွေသွင်းတံဆိပ်ခေါင်းများကို နေပြည်တော်၊ ရုံးအမှတ် (၅၂)၊ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန (ဇွဲကပင်ဆောင်) နှင့် မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၊ အမှတ် (၁၆၆)၊ လသာလမ်း၊ ရန်ကုန်မြို့တွင် လာရောက်ဝယ်ယူနိုင်ပါသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိကကျောင်းများကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ ကျောင်းများScholarshipKnowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။


source: မြန်မာနိုင်ငံစာစစ်ဦးစီးဌာန

News Read 5389 times