တက္ကသိုလ်ဝင်တန်းဖြေဆိုခွင့်ကတ်ပြာများကို စတင်ထုတ်ယူနိုင်ပြီဖြစ်ကြောင်း စာမေးပွဲမဖြေဆိုမီ ကတ်ပျောက်ဆုံးပါက ပြန်လည်လျှောက်ထားနိုင်မည် ဖြစ်သည်။
၂၀၁၉ ခုနှစ် မတ်လ ၆ ရက်မှ ၁၅ ရက်အထိ ဖြေဆိုရမည့် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးရှိ စာစစ်ဌာနများမှ ဖြေဆိုခွင့်တောင်းခံထားသော ကျောင်းသား၊ ကျောင်းသူ များအနေဖြင့် စာမေးပွဲဖြေဆိုခွင့် ကတ်ပြားများကို ယခု ၁၅ ရက်မှ စတင်ပြီး သက်ဆိုင်ရာ စာစစ်ဌာနများ၏ ကြီးကြပ်ရေးမှူးများ၊ ကျောင်းအုပ်ကြီးများထံတွင် စတင်ထုတ်ယူနိုင်ပြီ ဖြစ်သည်။
တက္ကသိုလ်ဝင်တန်းဖြေဆိုခွင့်ကတ်ပြားများကို ထုတ်ယူပြီး စာမေးပွဲမတိုင်ခင်တွင် ပျောက်ဆုံးပါက ပြန်လည်လျှောက်ထားနိုင်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနမှ သိရသည်။
"ကတ်ပျောက်လို့ ဖြေဆိုခွင့် မဆုံးရှုံးစေရပါဘူး။ မနက်ဖြန်စာမေးပွဲစရင် ဒီနေ့လို အချိန်အထိ ကတ်ကို ပြန်လုပ်ပေးမှာပါ။ ကျောင်းသား/သူများကို ဘယ်လိုအကြောင်းနဲ့မှ ဖြေဆိုခွင့် ဆုံးရှုံးမှု မရှိအောင် လုပ်ပေးထားတာပေါ့" ဟုပြောသည်။
ဝင်ခွင့်ကတ်ပြားများကို အခြေခံပညာ အထက်တန်းကျောင်း (ကျောင်းခွဲ) နှင့် (တွဲဖက်) အခြေခံပညာ အထက်တန်းကျောင်း၊ ကိုယ်ပိုင်အထက်တန်းကျောင်းများမှ ကျောင်းသား/သူများသည် မိမိတို့၏ စာမေးပွဲဝင်ခွင့် ကတ်ပြားများကို သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများ၊ ပြင်ပမှ ဖြေဆိုမည့်သူများသည် စာမေးပွဲ ၀င်ခွင့်ကတ်ပြားများကို မိမိတို့ ဖြေဆိုရမည့် စာစစ်ဌာနကြီးကြပ်ရေးမှူးများထံမှ ထုတ်ယူ နိုင်မည် ဖြစ်သည်။
ကျောင်းသား/သူများအနေဖြင့် စာမေးပွဲခန်းဝင်ခွင့် ကတ်ပြားများကို ထုတ်ယူရာတွင် အခက်အခဲတစ်စုံတစ်ရာရှိပါက သက်ဆိုင်ရာ စာစစ်ဌာနကြီးကြပ်ရေးမှူးများ၊ မြို့နယ်ပညာရေးမှူးများနှင့် မြန်မာနိုင်ငံ စာစစ် ဦးစီးဌာနသို့ တိုက်ရိုက် စုံစမ်းနိုင်ပါသည်။
ယခုနှစ်၏ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကိုးသိန်းနီးပါး ၀င်ရောက်ဖြေဆိုရန် စာရင်းပေးထားသည်။
source: democracy