တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြားများ လာမည့်ဖေဖော်ဝါရီတွင် ပြန်လည်ထုတ်ပေးမည်

တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြားများ လာမည့်ဖေဖော်ဝါရီတွင် ပြန်လည်ထုတ်ပေးမည်

၂၀၁၉ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုလိုသူများအား စာမေးပွဲဖြေ ဆိုခွင့် ကတ်ပြားများကို သြဂုတ် ၃၁ ရက်မှ စက်တင်ဘာ ၂၈ ရက်အတွင်း မြန်မာနိုင်ငံ စာစစ်ဦးစီး ဌာနသို့ တင်သွင်းခွင့်ပြုပြီး ဖြေဆိုခွင့် ကတ်ပြားကို ဖေဖော်ဝါရီ တွင် ပြန်လည်ထုတ်ပေးမည်ဟု မြန်မာနိုင်ငံစာစစ်ဦးစီးဌာန ညွှန်ကြားရေးမှူးတစ်ဦးက ပြော သည်။

အခြေခံပညာ အထက်တန်းကျောင်းများ၊ အထက်တန်းကျောင်းခွဲများ၊ တွဲဖက်ကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများမှ ဖြေဆိုခွင့် လျှောက်ထားသော ကျောင်းသား၊ ကျောင်းသူများ သည် သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများထံမှ လည်းကောင်း၊ ပြင်ပမှ ဖြေဆိုမည့်သူများသည် မိမိတို့ဖြေဆိုရမည့် စာစစ်ဌာန ကြီးကြပ်ရေးမှူးများ ထံမှလည်းကောင်း ဖြေဆိုခွင့်ကတ်ပြားများ ထုတ်ယူရမည် ဖြစ်သည်။

‘‘လျှောက်လွှာလက်ခံတာ တွေက ပိတ်လိုက်ပြီဆိုတော့ အချက်အလက်တွေ မှန်၊ မမှန် စိစစ်တဲ့ Process (လုပ်ငန်းစဉ်)တွေ အခုလုပ်နေတာပေါ့။ ဖေဖော်ဝါရီလောက် ကတ်တွေ ပြန်ထုတ်ပေးမှာပါ’’ဟု မြန်မာနိုင်ငံစာစစ်ဦးစီးဌာန ညွှန်ကြားရေးမှူးတစ်ဦးက ပြောသည်။

စာမေးပွဲဖြေဆိုခွင့် လျှောက်လွှာများတွင် လျှောက်လွှာတင် သွင်းသူသည် န၀မတန်း အောင်မြင်ပြီးဖြစ်ကြောင်း ကျောင်းအုပ်ကြီးများနှင့် မြို့နယ်ပညာရေးမှူး များက ထောက်ခံလက်မှတ် ရေးထိုး၍ တင်သွင်းရပြီး လျှောက်လွှာ တင်သူများ န၀မတန်းအောင်မြင်ခြင်း ရှိ၊ မရှိ၊ လျှောက်လွှာပါ အချက်အလက်များ မှန်ကန်မှု ရှိ၊ မရှိတို့ စိစစ်နေသည်ဟု ၎င်းကဆို သည်။

စာမေးပွဲဖြေဆိုခွင့် လျှောက်လွှာများကို ဖြေဆိုမည့် ဘာသာတွဲအလိုက် ပန်းရောင်နှင့် အစိမ်းရောင်ကတ်ပြားများဖြင့် ခွဲခြားသတ်မှတ်ထားပြီး စက်တင်ဘာ၂၈ ရက်အထိ တင်သွင်းခွင့်ပြုခဲ့ သည်။

တက္ကသိုလ် ၀င်စာမေးပွဲ ၀င်ရောက်ဖြေဆိုမည့်သူများကို ဘာသာတွဲအလိုက် အစိမ်းရောင်ဖြေဆိုခွင့် ကတ်ပြား၊ ပန်းရောင်ဖြေ ဆိုခွင့်ကတ်ပြားများ ထုတ်ပေး မည်ဖြစ်ပြီး စာမေးပွဲဖြေဆိုမည့် ပထမရက်တွင် ဖြေဆိုခွင့်ကတ် ပြားကို စာမေးပွဲခန်းအတွင်း တစ် ပါတည်း ယူဆောင်လာရမည် ဖြစ်သည်။

တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုခွင့် လျှောက်ထားသည့် ဘာသာတွဲမှအပ အခြားဘာသာတွဲကို ပြောင်းလဲဖြေဆိုခွင့်ပြုမည် မဟုတ်ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ကြိုတင်ကြေညာထားသည်။

ယခုနှစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ မေးခွန်းအချို့ကို အလွတ် ကျက်ဖြေဆိုရသည့် ပုံစံအစားစဉ်းစား တွေးခေါ်ဖြေဆိုရသည့် ပုံစံပြောင်းလဲမည်ဟု ပညာရေး ၀န်ကြီးဌာနက သြဂုတ်က ကြေ ညာထားသည်။

၂၀၁၉ တက္ကသိုလ်ဝင်စာမေးပွဲ ကျင်းပမည့်ရက်ကို နှစ်စဉ် ဒီဇင်ဘာအတွင်း မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနက ကြေညာလေ့ရှိသည်။

၂၀၁၈ တက္ကသိုလ်ဝင်စာမေး ပွဲကို မတ်လ ၇ ရက်မှ ၁၆ ရက်အထိ ကျင်းပခဲ့ပြီး တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ၀င်ခွင့်လျှောက် လွှာတင်သွင်းသူ ၈၄၀,၀၀၀ ကျော်ရှိသော်လည်း ၀င်ရောက် ဖြေဆိုသူ ၇၈၀,၀၀၀ ကျော်သာ ရှိခဲ့သည်။

ပညာရေးလမ်းညွှန်website တွင်မြန်မာတစ်နိုင်ငံလုံးတွင် ပြောင်းလဲနေသော ပညာရေးသတင်းများအခမဲ့ ပညာရေးသင်ကြားပေးနေသည့် သင်တန်းကျောင်းများ၊ ပြည်တွင်း၊ ပြည်ပပညာသင်ဆုများ၊ ပညာရေးအတွက် သင်တန်းများ၊ အလုပ်ခွင်ဝင်ရန် လိုအပ်သော သင်တန်းများ စသည်တို့ပါဝင်ပါတယ်နော်...။

source: 7day

News Read 1829 times