တက္ကသိုလ်ဝင်စာမေးပွဲ အဖြေလွှာ စစ်ဆေးသူ ဆရာ၊ ဆရာမများသည် စစ်ဆေးခ တစ်အုပ်လျှင် ကျပ် ၃၀၀ နှုန်း အသားတင်ရရှိမည်ဖြစ်ပြီး အဖြေလွှာစစ်ဆေး ခြင်းနှင့် ပတ်သက်သည့် အခြားကုန်ကျ စရိတ် များကို သီးခြား ထုတ်ပေးထားသည်။
ယခင်က အဖြေလွှာတစ်အုပ်လျှင် စစ်ဆေးခကျပ် ၁၀၀ ပေးအပ်ရာမှ ပြီးခဲ့သည့် ၂၀၁၈ တက္ကသိုလ်ဝင် စာမေးပွဲက စကာ ကျပ်၃၀၀ အထိ တိုးပေးထားပြီး သတ်မှတ်စစ်ဆေးခကို ဆရာ၊ ဆရာမများအား အပြည့် အ၀ထုတ်ပေး ရန် မြန်မာနိုင်ငံစာစစ်ဦးစီးဌာန က ညွှန်ကြားထားသည်။
မြန်မာနိုင်ငံ စာစစ်ဦးစီးဌာ နသည် ယခင်နှစ်များက အဖြေလွှာစစ်ဆေးခ တစ်အုပ်လျှင် ကျပ် ၁၀၀နှုန်း၊ Code ပြုလုပ်ခ ၁၀ ကျပ်၊ Decode ပြုလုပ်ခ ၁၅ ကျပ် ထုတ်ပေးသော်လည်း တိုင်းဒေသကြီးနှင့် ပြည်နယ် အချို့တွင် Code၊Decode ပြုလုပ်ခအတွက်ဆိုကာ နုတ်ယူခြင်းကြောင့် ဆရာ၊ ဆရာမများ စာစစ်ခ အပြည့်အ၀မရရှိ ဟု အခြေခံပညာဆရာ၊ ဆရာမအချို့ထံမှ ကြားသိရသည်။
‘‘ထုတ်ပေးတာ တစ်အုပ်ကို ၃၀၀ ကျပ်ပဲ။ Code လုပ်ခက ၁၀ ကျပ်၊ Decode က ၁၅ ကျပ်။ အဲဒါတွေက သတ်သတ်ပေးတာ။ အ ဖြေလွှာတစ်အုပ်စစ်ရင် ၃၀၀ ကျပ် ရကို ရရမှာပါ’’ဟု မြန်မာနိုင်ငံ စာစစ် ဦးစီး ဌာန ညွှန်ကြားရေးမှူး တစ်ဦးက ပြောသည်။
တက္ကသိုလ်ဝင်စာမေးပွဲ အဖြေလွှာများကို ဧပြီ ၁ မှ ၁၀ ရက်အထိ ရန်ကုန်၊ ဒဂုံ၊ မော်လမြိုင်၊ ပုသိမ်၊ စစ်တွေ၊ မြစ်ကြီးနား၊ တောင်ကြီး၊ မန္တလေး၊ မုံရွာနှင့်မကွေးတက္ကသိုလ် စာစစ်ဌာန ၁၀ခုတွင် အခြေခံပညာ ကျောင်းများမှ အထက်တန်းပြဆရာ၊ ဆရာမများနှင့် တက္ကသိုလ်ဆရာ၊ ဆရာမများက စစ်ဆေးမည်ဖြစ်သည်။
၂၀၁၈ တက္ကသိုလ်ဝင် စာမေးပွဲအတွက် ပါမောက္ခချုပ်များအား ကျပ် ၂၅၀,၀၀၀၊ ဒုတိယပါမောက္ခချုပ်များအား ကျပ် ၂၃၀,၀၀၀၊ ဌာနမှူးများ၊ စာစစ်မှူးချုပ်များအား ကျပ် ၁၂၀,၀၀၀၊ လက်ထောက်စာစစ်မှူး ချုပ်များအား ကျပ်၁၀၀,၀၀၀၊ မေးခွန်းပြုစုခ ချီးမြှင့်ငွေကျပ် ၁၀၀,၀၀၀၊ စာစစ်မှူးများအား ကျပ် ၉၀,၀၀၀၊ အဖြေလွှာ စစ်ဆေးမှုအတွက် တစ်အုပ်လျှင် ကျပ် ၃၀၀ နှုန်း တွက်ချက်တောင်းခံရန် မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန က သတ်မှတ်ထားသည်။
တက္ကသိုလ်ဝင် စာမေးပွဲအ ဖြေလွှာ စစ်ဆေးရာတွင် Check(မင်နီဖြင့် စစ်ဆေးခြင်း)၊ Crossch -eck (မင်အစိမ်းရောင်ဖြင့် စစ်ဆေးခြင်း)၊ Counter-Crossc -heck ( မင်ခရမ်းရောင်ဖြင့် စစ်ဆေးခြင်း) သုံးကြိမ် စစ်ဆေးပြီး မှသာ အဖြေလွှာတစ်အုပ် စစ်ဆေးပြီးစီးသည်ဟု သတ်မှတ်ထား သည်။ တစ်နေ့လျှင် အဖြေလွှာ အုပ် ၂၀ ခန့်သာ စစ်ဆေးပြီးစီးကြောင်း စာစစ်အတွေ့အကြုံရှိ ဆရာ၊ ဆရာမများက ဆိုသည်။
ယခုနှစ် တက္ကသိုလ်ဝင်စာ မေးပွဲ ဖြေဆိုရန် စာရင်းပေးသွင်းထားသူ ၈၉၇,၉၉၄ ဦးရှိပြီး မြန်မာစာ ဘာသာရပ်ဖြေဆိုသည့်နေ့ တွင် ၈၅၁,၅၇၀ ဦး လာရောက်ဖြေဆိုရာ ပျက်ကွက်သူ လေးသောင်း ကျော် ရှိသည်။
Source; 7day