တက္ကသိုလ်ဝင်တန်း ဘာသာရပ်လေးခု၏ စုစုပေါင်းရမှတ် ၃၂၀ နှင့်အထက် ရရှိသူများ ရန်ကုန်နည်းပညာတက္ကသိုလ်ဝင်ခွင့်သို့ လျှောက်ထားနိုင်

တက္ကသိုလ်ဝင်တန်း ဘာသာရပ်လေးခု၏ စုစုပေါင်းရမှတ် ၃၂၀ နှင့်အထက် ရရှိသူများ ရန်ကုန်နည်းပညာတက္ကသိုလ်ဝင်ခွင့်သို့ လျှောက်ထားနိုင်

 

ခေါ်ယူမည့် အချိန်ကို ပုံမှန် ခေါ်ယူချိန်ထက် စော၍ ခေါ်ယူမည်။ ခေါ်ယူမည့် အရေအတွက်မှာ ၃၃၀ ယောက် ဖြစ်ပါသည်။

 

ယခုနှစ်အတွက် ရန်ကုန်နည်းပညာတက္ကသိုလ်ဝင်ခွင့်ကို တက္ကသိုလ်ဝင်တန်းစာမေးပွဲရမှတ်တွင် ဘာသာရပ်လေးခု၏ စုစုပေါင်းရမှတ် ၃၂၀ နှင့်အထက် ရရှိသူများ လျှောက်ထားနိုင်မည်ဖြစ်ပြီး ၀င်ခွင့်စစ်ဆေးခြင်းများ ရှိမည်မဟုတ်ကြောင်း သိရသည်။

 

၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသား၊ ကျောင်းသူများ လျှောက်ထားမည့် ရန်ကုန်နည်းပညာတက္ကသိုလ်ဝင်ခွင့်ကို တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်စာအုပ်တွင် ထည့်သွင်းခေါ်ယူမည်မဟုတ်ဘဲ တက္ကသိုလ်အလိုက် သတ်မှတ်သော ၀င်ခွင့်အတိုင်း ခေါ်ယူသွားမည် ဖြစ်သည်။

 

ယခုနှစ်အတွက် တက္ကသိုလ်ဝင်တန်းအောင် မြင်ထားသော ကျောင်းသား၊ ကျောင်းသူများထဲမှ ဘာသာတွဲလေးခု၏ ရမှတ်စုစုပေါင်း ၃၂၀ နှင့်အထက်ရရှိသော ကျောင်းသား၊ ကျောင်းသူများ လျှောက်ထားနိုင်သည်။

 

ရန်ကုန်နည်းပညာတက္ကသိုလ်ဝင်ခွင့်ကို လျှောက်ထားလိုပါက တက္ကသိုလ်ဝင်စာမေးပွဲတွင် အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ ဘာသာရပ်လေးမျိုး ပါဝင်သော ဘာသာတွဲများဖြင့် အောင်မြင်သူများ လျှောက်ထားနိုင်မည်။

 

ထိုဘာသာတွဲလေးခုတွင် ရမှတ်ပေါင်း ၃၂၀ နှင့်အထက် ရရှိရန်လိုအပ်မည်ဖြစ်ကြောင်း ခေါ်ယူမည့် ကျောင်းသား၊ ကျောင်းသူအရေအတွက် မှာ ၃၀၀ ကျော် ဖြစ်ပြီး ကျား ၁၈၀၊ မ ၁၅၀ ဦးဖြစ်သည်။

 

ယခင်နှစ်က တက္ကသိုလ်ဝင်တန်းစုစုပေါင်း ရမှတ် အနည်းဆုံး ၄၈၀ ကျော်လွန်မှသာ လျှောက်ထားနိုင်ခဲ့ပြီး အမြင့်ဆုံးရမှတ်မှာ ၅၀၀ ကျော်အထိ ရှိခဲ့သည်။

 

ရန်ကုန်နည်းပညာတက္ကသိုလ်တွင် ဘာသာရပ် ၁၂ ခု သင်ကြားနေပြီးသင်တန်းကာလမှ ခြောက်နှစ်ဖြစ်ကာ သင်တန်းကာလအားလုံး ပြီးဆုံးပါက B.E ဘွဲ့နှင့် B.Arch ဘွဲ့များကို ပေးအပ်မည် ဖြစ်သည်။

 

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ ကျောင်းများScholarshipKnowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

 

source: democracy

News Read 33830 times