၂၀၁၆ အထိ တက္ကသိုလ်ဝင် ခွင့်လျှောက်လွှာများကို ရန်ကုန်မြို့ရှိ အဆင့်မြင့်ပညာဦးစီးဌာနသို့ တိုက်ရိုက်လျှောက်ထားရ သော်လည်း ပြီးခဲ့သည့် ၂၀၁၇ တွင်တစ်နိုင်ငံလုံးရှိ တက္ကသိုလ် ၁၇ ခု၌ လျှောက်လွှာများ လက်ခံခဲ့သည်။
ယခုနှစ်တွင် တစ်နိုင်ငံလုံးရှိတက္ကသိုလ် ၂၃ ခု၌ လျှောက်လွှာများလက်ခံခြင်းဖြစ်သည်။
(၁) မြစ်ကြီးနားတက္ကသိုလ်၊
(၂) လွိုင်ကော်တက္ကသိုလ်၊
(၃) ဘားအံတက္ကသိုလ်၊
(၄) ဟားခါးတက္ကသိုလ်၊
(၅) မုံရွာတက္ကသိုလ်၊
(၆) စစ်ကိုင်းတက္ကသိုလ်၊
(၇) ထားဝယ်တက္ကသိုလ်၊
(၈) တောင်ငူတက္ကသိုလ်၊
(၉) ပြည်တက္ကသိုလ်၊
(၁၀) ပဲခူးတက္ကသိုလ်၊
(၁၁) မကွေးတက္ကသိုလ်၊
(၁၂) ပခုက္ကူတက္ကသိုလ်၊
(၁၃) မန္တလေးအဝေးသင်တက္ကသိုလ်၊
(၁၄) မိတ္ထီလာတက္ကသိုလ်၊
(၁၅) မော်လမြိုင်တက္ကသိုလ်၊
(၁၆) စစ်တွေတက္ကသိုလ်၊
(၁၇) တောင်ကုတ် ဒီဂရီကောလိပ်၊
(၁၈) ရန်ကုန်အဝေးသင်တက္ကသိုလ်၊
(၁၉) တောင်ကြီးတက္ကသိုလ်၊
(၂၀) လားရှိုးတက္ကသိုလ်၊
(၂၁) ကျိုင်းတုံတက္ကသိုလ်၊
(၂၂) ပုသိမ်တက္ကသိုလ်နှင့်
(၂၃) ဟသာင်္တတက္ကသိုလ် တို့တွင် ဇွန်လ ၂၆ မှ ဇူလိုင် ၂၀ ရက်အတွင်းပိတ်ရက်မရှိ လျှောက်လွှာများလက်ခံမည်ဖြစ်သည်။
‘‘တိုက်ရိုက်ခေါ်တဲ့ တက္ကသိုလ်တွေက သူတို့ဟာသူတို့ဝင် ခွင့်လက်ခံနေတယ်။ ဒါကအဆည (အဆင့်မြင့်ပညာဦးစီးဌာန)ကိုလျှောက်ရမယ့် စာအိတ်တွေ လက်ခံမှာပေါ့။ ကျောင်းသားတွေ ရန် ကုန် အဆညကိုပဲ လာလျှောက် စရာမလိုဘဲ သွားရေးလာရေးအဆင်ပြေအောင် တိုင်းနှင့် ပြည်နယ် အလိုက် တက္ကသိုလ်တွေဆီမှာ လက်ခံပေးလိုက်တာပါ’’ ဟု အ ဆင့်မြင့်ပညာဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ အောင်အောင်မင်းက ပြောသည်။
အဆိုပါ တက္ကသိုလ်များတွင် သက်ဆိုင်ရာ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များအလိုက် ကောင်တာများခွဲကာ ၀င်ခွင့် လျှောက်လွှာများ လက်ခံမည့်အပြင် အခြားတိုင်းနှင့် ပြည်နယ်များမှ လျှောက်ထားလိုသူများအတွက်လည်း ကောင်တာဖွင့်လှစ်ပေးထားသည်။
‘‘လျှောက်လွှာအိတ်ကိုကိုယ် စာမေးပွဲအောင်ခဲ့တဲ့မြို့နယ်နဲ့ သက်ဆိုင်တဲ့ကောင်တာမှာပေးခဲ့ ရုံပဲ။ တခြားတိုင်းဒေသကြီးမှာ အောင်ခဲ့တဲ့ ကျောင်းသားက ရန် ကုန်ရောက်နေတယ်ဆိုလည်း တ ခြားတိုင်းအတွက် ဖွင့်ထားတဲ့ ကောင်တာမှာတင်ခဲ့လို့ရအောင် စီစဉ်ပေးထားမယ်’’ ဟု အဆင့် မြင့်ပညာဦးစီးဌာနမှ အဆိုပါညွှန်ကြားရေးမှူးကဆိုသည်။
ဇူလိုင် ၂၀ရက်အထိ ရုံးပိတ် ရက်များ အပါအ၀င် နံနက် ၉ နာရီ ခွဲမှ ညနေ ၄နာရီခွဲအထိတက္က သိုလ်ဝင်လျှောက်လွှာကို လက်ခံမည်ဖြစ်ပြီး တက္ကသိုလ်ဝင်ခွင့် လမ်းညွှန်စာအုပ်ပါ အချက်များ အတိုင်း ၀င်ခွင့်လျှောက်လွှာ၌ ပြည့်စုံစွာ တင်သွင်းရမည်ဖြစ်သည်။
သတ်မှတ်ရက်ကျော်လွန်မှ လျှောက်ထားသူများသည် အဆို ပါတက္ကသိုလ်များတွင် လျှောက် ထားခွင့်မရှိဘဲ အဆင့်မြင့်ပညာဦး စီးဌာန (ရန်ကုန်ရုံးခွဲ) သထုံလမ်း ကမာရွတ်မြို့နယ် ရန်ကုန်မြို့သို့ ပေးပို့ လျှောက်ထားရမည်ဖြစ် သည်။
တိုက်ရိုက်ခေါ်သည့် တက္က သိုလ် ၁၁ခုကလွဲ၍ အခြားတက္က သိုလ်များ၏ ၀င်ခွင့်စနစ်ကို ယခင် နှစ်များကဲ့သို့ ကျောင်းသား က ရွေးချယ်လျှောက်ထားသော တက္ကသိုလ်များတွင် သတ်မှတ်အ ရေအတွက် ပြည့်မီသည်အထိ တက္ကသိုလ်ဝင်စာမေးပွဲရမှတ် အ များဆုံးမှ အနည်းဆုံးအထိစိစစ် ကာတက်ရောက်ခွင့်ပြုသည့် စ နစ်ကို ဆက်လက်ကျင့်သုံးမည် ဖြစ်သည်။
တက္ကသိုလ်ဝင်ခွင့်ရစာရင်း များကို နိုဝင်ဘာတွင် ကြေညာ မည်ဖြစ်ပြီး ပထမနှစ်သင်တန်း များကို ဒီဇင်ဘာပထမပတ်၌ ဖွင့်လှစ်မည်ဖြစ်သည်။
မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။
ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ၊ ကျောင်းများ၊ Scholarship၊ Knowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။
source: 7day daily