၂၀၁၈ တက္ကသိုလ်​၀င်​စာ​မေးပွဲအချိန်​စာရင်း ​ကြေညာ

၂၀၁၈ တက္ကသိုလ်​၀င်​စာ​မေးပွဲအချိန်​စာရင်း ​ကြေညာ

တက္ကသိုလ်ဝင်စာမေးပွဲကို  ၂၀၁၈မတ်လ ၇ ရက်မှ ၁၆ရက်​​အထိ တစ်နိုင်ငံလုံး စစ်​​ဆေးမည်ဖြစ်သည်

မတ်လ ၇ ရက်တွင် မြန်မာစာ၊ ၈ ရက်တွင် အင်္ဂလိပ်စာ၊ ၉ ရက်တွင် သင်္ချာ၊ ၁၂ ရက်တွင် ဓာတုဗေဒ နှင့် စိတ်ကြိုက်မြန်မာစာ၊ ၁၃ ရက်တွင် ရူပဗေဒ၊  ၁၄ ရက်တွင် ဇီဝဗေဒနှင့် ဘောဂဗေဒ၊ ၁၅ ရက်တွင် ပထ၀ီဝင်၊ ၁၆ ရက်တွင် သမိုင်းဘာသာရပ်များကို ဖြေဆိုရမည်ဖြစ်သည်

မတ်လ ၁၀ ရက် (စနေ) နှင့် ၁၁ ရက် (တနင်္ဂနွေနေ့) များတွင်  စာမေးပွဲမကျင်းပဘဲ ရပ်နားမည်ဖြစ်သည်

READ - ရန်ကုန်တက္ကသိုလ် အင်္ဂလိပ်စာဌာနမှ GLOBAL ENGLISH COURSE သင်တန်းကို ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် အွန်လိုင်းဖြင့် လျှောက်ထားနိုင်ပြီ

ယခုနှစ်၌ တက္ကသိုလ်ဝင် စာမေးပွဲ မေးခွန်းအချို့ကို အလွတ်ကျက်​​ဖြေဆိုရသည့် ပုံစံ အစား စဉ်းစားတွေးခေါ်ဖြေဆိုရ သည့် ပုံစံ​​ပြောင်းလဲမည်ဟု ၀န်ကြီးဌာနက ကြေညာထားသည်

နိုဝင်ဘာ ၂၅ ရက်အထိ စာရင်းအရ ၂၀၁၈ တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုရန် လျှောက်ထား သည်ကျောင်းသားကျောင်းသူ ၈၄၀,၀၀၀ ခန့်ရှိပြီး ယခင်နှစ်ထက်​​၈၀,၀၀၀  ခန့်တိုးလာသည်။

ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် အထက်တန်းပြ ဆရာ၊ဆရာမအားလုံး စာမေးပွဲအဖြေ လွှာ စစ်​​ဆေးရမည်ဖြစ်ပြီး စစ်ဆေးခ တစ်အုပ်လျှင် ယခင် ကျပ်၇၀ ပေးအပ်ရာမှ ကျပ် ၃၀၀ သို့ တိုးမြှင့်ပေးမည်ဟု မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ကြေညာထားသည်

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: ministry of education

News Read 6152 times