၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် မသမာနည်းဖြင့် ဖြေဆိုသူများကို ထုတ်ပယ်သည်အထိ အရေးယူသွားမည်

၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် မသမာနည်းဖြင့် ဖြေဆိုသူများကို ထုတ်ပယ်သည်အထိ အရေးယူသွားမည်

ထိုသို့ ဆောင်ရွက်ရန်အတွက် သက်ဆိုင်ရာအခြေခံပညာကျောင်းများကိုလည်း တရားဝင်စာပေးပို့သွားမည် ဖြစ်သည်။

မသမာသည့်နည်းဖြင့် ဖြေဆိုမှုများ မရှိစေရန် ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲမှာကတည်းက စတင်ဆောင်ရွက်ခဲ့သည်။

အခုနှစ်မှာလည်း ပိုမိုထိရောက်စေရန် ပြည်နယ်အစိုးရအဖွဲ့နှင့်ပါ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်သည်။

READ - အခြေခံပညာကျောင်းများတွင် အင်္ဂလိပ်စာသင်ကြားမည့် အမေရိကန် စေတနာ့ဝန်ထမ်း ၃၂ ဦး ထပ်မံရောက်ရှိ

ပြီးခဲ့သည့်နှစ်အတွင်းက တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမှုမှာ မသမာနည်းဖြင့် ဖြေဆိုသူများကို စာဖြေခန်းထဲမှ ထုတ်ပယ်သည်အထိ အရေးယူတာမျိုးမရှိခဲ့ပေမယ့် မသမာနည်းဖြင့် ဖြေဆိုသူများ၏ အဖြေစာရွက်များကို သိမ်းဆည်းထားခြင်းမျိုးအထိ ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ခဲ့သော်လည်း ထိရောက်မှုမရှိသည့်အတွက် ယခုလိုအရေးယူဆောင်ရွက်မှုမျိုး လုပ်ဆောင်ရခြင်း ဖြစ်ကြောင်း သိရသည်။

“တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မသမာတဲ့နည်းနဲ့ ၀င်ရောက်ဖြေဆိုတာဟာ တစ်ဦးချင်းရဲ့ ပုံရိပ်၊ လူမျိုးတစ်မျိုးရဲ့ပုံရိပ်ကို ကျဆင်းစေတာကြောင့် မပြုလုပ်ဘဲ ရှောင်ကြဉ်ကြဖို့ လိုပါတယ်။ တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုကြမယ့် ကျောင်းသား၊ ကျောင်းသူများအနေနဲ့လည်း သွားလာနေထိုင်မှုနဲ့ ကျန်းမာရေးကို ဂရုစိုက်ဖို့၊ စာကြိုးစားကြဖို့ လိုအပ်ပါတယ်” ဟု ပြောသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: မြ၀တီ

News Read 5252 times