၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအတွက် စာစစ်ဌာနပေါင်း ၁၄၀ ကျော် အသစ်ဖွင့်လှစ်ခွင့်ပြု

၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအတွက် စာစစ်ဌာနပေါင်း ၁၄၀ ကျော် အသစ်ဖွင့်လှစ်ခွင့်ပြု

ထိုအသစ်ဖွင့်လှစ်ခွင့်ပြုရန် လျှောက်ထားခဲ့သော စာရင်းအရ စာစစ်ဌာနပေါင်း ၁၄၀ ကျော် ဖွင့်လှစ်ခွင့်ပြုသော်လည်း ယင်းအနက်မှ အမှန်တကယ် လိုအပ်ချက်ရှိ၍ လျှောက်ထားသည့် ကျောင်း ပေါင်း ၁၀ ခုသာ ရှိကြောင်း စာစစ်ဌာနအသစ် ဖွင့်လှစ်ခွင့်ရ စာရင်းများကို ယခုလအတွင်း သက်ဆိုင်ရာ ကျောင်းများသို့ ပြန်လည်ချထားမည်ဖြစ်သည်။

၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအတွက် စာစစ်ဌာနအသစ် ဖွင့်လှစ်လိုပါက အခြေခံပညာဦးစီးဌာနသို့ တင်ပြ၍ သတ်မှတ်ချက် ၁၉ ချက်နှင့် ကိုက်ညီမှသာ ဖွင့်လှစ်ခွင့်ပြုမည် ဖြစ်ကြောင်း သိရသည်။

READ - အဝေးသင်တက်ခွင့်ရသူတွေ ဇန်နဝါရီလ ၂ ရက်နေ့ ကျောင်းအပ်နှံခွင့်ပြု

အသစ်ဖွင့်လှစ်မည့် စာစစ်ဌာနတွင် ဖြေဆိုမည့်ကျောင်းသားဦးရေနှင့် တစ်ဦးချင်းအလွတ် ပညာသင် အဖြစ် ဖြေဆိုမည့်ဦးရေ၊ လက်ရှိ အခြေအနေအရ မည်သည့် စာစ်ဌာနခွဲတွင် သွားရောက်ဖြေဆိုရခြင်း ထိုသို့ ဖြေဆိုနေရသည့် အခက်အခဲများကိုလည်း တင်ပြရမည်ဖြစ်သည်။

ထို့ပြင် နေရာထိုင်ခင်းလုံလောက်မှု၊ စာစစ်ဌာနအသစ် ဖွင့်လှစ်မည့် ဒေသ၌ မြို့နယ်၊ တိုက်နယ်ဆေးရုံ၊ ဆေးပေးခန်းရှိ၊ မရှိနှင့် မေးခွန်းလွှာနှင့် အဖြေများ သိမ်းဆည်းရန် ဘဏ်၊ ငွေတိုက်၊ တပ်ရင်း၊ တပ်ဖွဲ့၊ ရဲစခန်းရှိ၊ မရှိ၊ စာဖြေသူအများဆုံး ၀င်ဆံ့နိုင်မည့်ဦးရေ၊ ဖြေဆိုသူဦးရေ တိုးတက်လာပါက နေရာချ ထားပေးမည့်ပုံစံ စသည့် အချက်အလက်များ လိုအပ်မည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံစာစစ်ဦးစီးဌာနသည် ၂၀၁၇ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ပြည်တွင်းပြည်ပ စာစစ်ဌာနပေါင်း ၁၅၀၀ ကျော် ဖွင့်လှစ်ခဲ့ပြီး ၂၀၁၆ ခုနှစ်ထက် စာစစ်ဌာနပေါင်း ၁၂၀ ကျော် တိုးမြှင့် ဖွင့်လှစ်ခွင့်ပြုခဲ့ကြောင်း သိရသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: မြ၀တီ

News Read 3964 times