၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်မြင်သော ကျောင်းသား/သူများထဲတွင် အဝေးသင်တက္ကသိုလ်ကို လည်း လျှောက်ထားခဲ့ရာ ပထမနှစ်ဘွဲ့ကြိုသင်တန်းများ၏ ၀င်ခွင့်များကို ရန်ကုန်အဝေးသင် တက္ကသိုလ်အနေဖြင့် ရွေးချယ်ခြင်း၊ လက်ခံခြင်းမပြုလုပ်တော့ဘဲ သက်ဆိုင်ရာ အဝေးသင်ဌာနခွဲများ မှသာ ရွေးချယ်ပြီး ၀င်ခွင့်ပေးမည်ဖြစ်သည်။
"ဆရာတို့ဘက်က ပထမနှစ်တွေအတွက် မလုပ်ရတော့ဘူး၊ ဌာနခွဲတွေကပဲ ရွေးမယ်ထင်တယ်၊ အစည်းအဝေးတွေ လုပ်ပြီး ဘယ်လိုလာဦးမလဲ မပြောတတ်သေးဘူး" ဟု ပြောသည်။
ယမန်နှစ်ကအထိ ရန်ကုန်အဝေးသင်တက္ကသိုလ်သည် တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးအဝေးသင် တက္ကသိုလ်လျှောက်ထားသော ကျောင်းသား/သူများ၏ ပထမနှစ် ၀င်ခွင့်များကို စိစစ်ရွေးချယ်ခြင်း၊ ၀င်ခွင့်ပြုခြင်း၊ ကျောင်းအပ်လက်ခံခြင်းများကို ဆောင်ရွက်ခဲ့သော်လည်း ယခုနှစ်မှစကာ ပထမနှစ်သင်တန်းများ၏ ကိစ္စများကို ဆောင်ရွက်ခြင်းမပြုလုပ်တော့ကြောင်း၊ ရန်ကုန်အဝေးသင်တက္ကသိုလ်အနေဖြင့် ဒုတိယနှစ်မှ စတုတ္ထနှစ်အထိ ကျောင်းသား၊ ကျောင်းသူ များနှင့် သက်ဆိုင်သည့် ကိစ္စများကိုသာ ဆောင်ရွက်ရမည် ဖြစ်သည်။
ယင်းအစီအစဉ်ကို သြဂုတ်လက ကျင်းပခဲ့သော အဆင့်မြင့်ပညာနှီးနှောဖလှယ်ပွဲတွင် စာတမ်းပြုစုပြီး ဆွေးနွေးထားခဲ့ခြင်းများအနေဖြင့် နောင်တွင် လက်ရှိဆောင်ရွက်နေရသော အဝေးသင် ကျောင်းသား၊ ကျောင်းသူများနှင့် သက်ဆိုင်သည့် စာမေးပွဲကိစ္စ၊ ကျောင်းအပ်လက်ခံခြင်း အစရှိသည့် ကိစ္စများကို ဆောင်ရွက်ခြင်း မပြုလုပ်တော့ဘဲ သက်ဆိုင်ရာ ကျောင်းအသီးသီးမှ သာ အဝေးသင်နှင့် သက်ဆိုင်သည့်ကိစ္စများကို ဆောင်ရွက်တော့မည် ဖြစ်သည်။
""၀င်ခွင့်ကတော့ ဒီနှစ်ကစပြီး ဌာနခွဲတွေက လုပ်ဖို့ အတွက် စီစဉ်ထားတယ်၊ နောက်ပိုင်းတစ်နှစ်ပြီးတစ်နှစ် ပြောင်းလဲသွားဖို့ ရှိတယ်၊ ရန်ကုန်နဲ့ မန္တလေးက နောက်ပိုင်း အွန်လိုင်းဘက်ကိုပဲ သွားတော့မှာ " ဟု ပြောသည်။
ရန်ကုန်နှင့် မန္တလေး အဝေးသင်တက္ကသိုလ်တို့တွင် ယခုနှစ် ဇွန်လအထိ ကျောင်းသား၊ ကျောင်းသူ နှစ်သိန်းခြောက်သောင်းကျော် တက်ရောက်နေသည်။
ပညာရေးလမ်းညွှန်website တွင်မြန်မာတစ်နိုင်ငံလုံးတွင် ပြောင်းလဲနေသော ပညာရေးသတင်းများ၊ အခမဲ့ ပညာရေးသင်ကြားပေးနေသည့် သင်တန်းကျောင်းများ၊ ပြည်တွင်း၊ ပြည်ပပညာသင်ဆုများ၊ ပညာရေးအတွက် သင်တန်းများ၊ အလုပ်ခွင်ဝင်ရန် လိုအပ်သော သင်တန်းများ စသည်တို့ပါဝင်ပါတယ်နော်...။
source: democracy