တက္ကသိုလ်ဝင်တန်းစာမေးပွဲ မြန်မာစာဖြေဆိုသည့်နေ့တွင် ကျောင်းသား၊ ကျောင်းသူ ငါးသောင်းခွဲကျော် ဖြေဆိုရန် ပျက်ကွက်

တက္ကသိုလ်ဝင်တန်းစာမေးပွဲ မြန်မာစာဖြေဆိုသည့်နေ့တွင် ကျောင်းသား၊ ကျောင်းသူ ငါးသောင်းခွဲကျော် ဖြေဆိုရန် ပျက်ကွက်

ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ရန်ကုန်တိုင်းဒေသကြီးမှ ကျောင်းသား၊ ကျောင်းသူ တစ်သိန်းနှစ်သောင်းကျော် ဖြေဆိုရန် စာရင်းပေးသွင်းခဲ့ကာ လာရောက်ဖြေဆိုခဲ့သူမှာ ကိုးထောင်ကျော်ဖြင့် အများဆုံးဖြစ်သည်။

အကျဉ်းထောင်မှ ၀င်ရောက်ဖြေဆိုရန် စာရင်းပေးသွင်းထားသည်မှာ ကရင်ပြည်နယ်မှ ၈ ဦး၊ စစ်ကိုင်းတိုင်းဒေသကြီးမှ ၂ ဦး၊ တနင်္သာရီတိုင်းဒေသကြီးမှ ၂ ဦး၊ ပဲခူးတိုင်းဒေသကြီး (အရှေ့ပိုင်း) မှ ၃ ဦး၊ မကွေးတိုင်းဒေသကြီးမှ ၂ ဦး၊ မန္တလေးတိုင်းဒေသကြီးမှ ၂ ဦး၊ ရခိုင် ပြည်နယ်တွင် ၁ ဦး၊ ၊ ရန်ကုန်တိုင်းဒေသကြီးမှ ၃၄ ဦး၊ ရှမ်းပြည်နယ် (တောင်ပိုင်း) မှ ၂ ဦး၊ ဧရာဝတီတိုင်းဒေသကြီးမှ ၂ ဦး၊ စုစုပေါင်း ၁၁၂ ဦး ဖြေဆိုရန် စာရင်းပေးသွင်းခဲ့ပြီး မန္တလေးတိုင်းနှင့် ရန်ကုန်တိုင်းဒေသကြီး အကျဉ်းထောင်မှ တစ်ဦးစီ ပျက်ကွက်ခဲ့သည်။

ယခုနှစ်တွင် မသန်စွမ်းသူများလည်း ၀င်ရောက်ဖြေဆိုခဲ့ရာ အကြားအာရုံချို့တဲ့သူ စစ်ကိုင်းတိုင်းဒေသကြီးမှ ၁ ဦး၊ မန္တလေးတိုင်းဒေသကြီးမှ ၄ ဦး၊ ရန်ကုန်တိုင်းဒေသကြီးမှ ၄ ဦး၊ ဧရာဝတီတိုင်းဒေသကြီးမှ ၂ ဦး၊ စုစုပေါင်းဖြေဆိုသူ ၁၁ ဦး စာရင်းပေးခဲ့ရာ ၁၀ ဦးသာ ဖြေဆိုခဲ့သည်။

READ - ၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဖြေဆိုခဲ့ကြတဲ့ မြန်မာစာမေးခွန်းပုံစံ

အမြင်အာရုံချို့တဲ့သူများမှာ စစ်ကိုင်းတိုင်းဒေသကြီးမှ ၅ ဦး၊ မန္တလေးတိုင်းဒေသကြီးမှ ၃ ဦး၊ ရန်ကုန်တိုင်းဒေသကြီးမှ ၁၃ ဦး၊ စုစုပေါင်း ဖြေဆိုသူ ၂၁ ဦးရှိခဲ့သည်။

ကိုယ်လက်အင်္ဂါမသန်စွမ်းသူများသည် တိုင်းဒေသကြီး ပြည်နယ်အသီးသီးမှ ၁၂၆ ဦး ၀င်ရောက်ဖြေဆိုခဲ့သည်။

ဆေးရုံစာစစ်ဌာနများအဖြစ် တနင်္သာရီတိုင်းဒေသကြီးမှ ၂ ဦး၊ မွန်ပြည်နယ်တွင် ၃ ဦး၊ ရခိုင်ပြည်နယ်တွင် ၅ ဦး၊ ရန်ကုန်တိုင်းဒေသကြီးရှိ ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ၉ ဦး၊ မြောက်ဥက္ကလာပဆေးရုံတွင် ၃ ဦး၊ ဧရာဝတီတိုင်းဒေသကြီးတွင် ၅ ဦး၊ စုစုပေါင်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၂၇ ဦး ဖြေဆိုခဲ့သည်။

နယ်စပ်ဒေသရှိ ကျောင်းသား၊ ကျောင်းသူများလည်း ဖြေဆိုနိုင်ရန်အတွက် စီစဉ်ထားရှိပေးခဲ့ရာ ကရင်ပြည်နယ် (မြ၀တီ) မြို့တွင် စာစစ်ဌာနဖွင့်လှစ်ပေးခဲ့ကြောင်း၊ ထိုစာစစ်ဌာနတွင် ကျောင်းသား၊ ကျောင်းသူ ၁၂၁ ဦး ဖြေဆိုရန် စာရင်းပေးသွင်းခဲ့ပြီး ၁၁၇ ဦး သာ လာရောက်ဖြေဆိုပြီး ၄ ဦးသာ ပျက်ကွက်ခဲ့သည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ ကျောင်းများScholarshipKnowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

Source: democracy today

News Read 8474 times