Japan Education Fair 2018 သို့ဖိတ်ကြားခြင်း
မင်္ဂလာပါ………
ဂျပန်ဘာသာသင် ကျောင်းသား၊ကျောင်းသူများ နှင့် မိဘညီအကိုမောင်နှမများခင်ဗျာ...
ဂျပန်နိုင်ငံရှိ ကျောင်းများသို့ အလွယ်တကူ သွားရောက်ပညာသင်ကြားနိုင်ရန် ရည်ရွယ်၍ Japan Education Fair 2018 ကို အောက်ပါအစီအစဉ်အတိုင်း ကျင်းပပါမည်။ မည်သူမဆို အခမဲ့လာရောက် လေ့လာနိုင်ပါသည်။
သက်ဆိုင်ရာဂျပန်စာသင်ကျောင်းမှ တာဝန်ရှိသူများနှင့်တိုက်ရိုက်တွေ့ဆုံမေးမြန်းနိုင်ရန် ဂျပန် မြန်မာစကားပြန်များကိုလည်း စီစဉ်ထားပါသည်။ ဂျပန်နိုင်ငံသို့ သွားရောက်ပညာသင်ကြားရန် ရည်ရွယ်ထားသူများအတွက် အကောင်းဆုံးအခွင့်အရေး တစ်ရပ်ဖြစ်ပါသည်။
မန္တလေးမြို့တွင်
ကျင်းပမည့်နေ့ရက် - ၂၂.၀၉.၂၀၁၈ (စနေနေ့)။
ကျင်းပမည့်အချိန် - နံနက် (၁၀း၀၀) နာရီ မှ နေ့လယ် (၁၄း၀၀) နာရီ အထိ။
ကျင်းပမည့်နေရာ - Hotel Mandalay (မြေညီထပ် နှင်းဆီဖြူ ခန်းမ)
ရန်ကုန်မြို့တွင်
ကျင်းပမည့်နေ့ရက် - ၂၃.၀၉.၂၀၁၈ (တနင်္ဂနွေနေ့)။
ကျင်းပမည့်အချိန် - နံနက် (၀၉း၃၀) နာရီ မှ နေ့လယ် (၁၄း၃၀) နာရီ အထိ။
ကျင်းပမည့်နေရာ - Sakura Tower (၂၀ ထပ်)၊Sky Bistro Restaurant
မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိကကျောင်းများကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။
ပညာရေးလမ်းညွှန်website တွင် ပါဝင်သောသင်တန်းများ၊ ကျောင်းများ၊ Scholarship၊ Knowledgeများနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။