သြစတြေးလျပညာရေးပြပွဲ ကို ရန်ကုန်မြို့ နိုဗိုတယ်ဟိုတယ် တွင် ဧပြီ ၇ ရက်၊ မန္တလေးမြို့ ဟီလ်တန် ဟိုတယ်တွင် ဧပြီ ၈ ရက်၌ ကျင်းပမည် ဖြစ်သည်။
သြစတြေးလျနိုင်ငံရှိ နာမည် ကျော် မဲလ်ဘုန်းတက္ကသိုလ်၊ ဆစ် ဒနီတက္ကသိုလ်၊ နယူးဆောက်သ် ဝေးလ် တက္ကသိုလ်၊ အက်ဒလိဒ် တက္ကသိုလ်တို့အပါအ၀င် တက္ကသိုလ်၊ ကောလိပ် ၂၂ ခုမှ တာဝန်ရှိသူများက ကျောင်းဝင်ခွင့်လိုအပ်ချက်များ၊ ပညာသင်ဆုအခွင့်အလမ်းများ၊ လေ့လာသင်ယူနိုင်မည့် ဘာသာရပ်များ အကြောင်း တိုင်ပင်ဆွေးနွေးဟောပြော မည်ဖြစ်သည်။
သြစတြေးလျနိုင်ငံတွင် ပညာသင်ယူရန် ပြင်ဆင်သော ကျောင်းသားများအနေဖြင့် တက္ကသိုလ်၊ ကောလိပ် များမှ တာဝန်ရှိ သူများနှင့် တိုက်ရိုက်တွေ့ဆုံဆွေး နွေး၍ မိမိနှင့် သင့်လျော်သည့် ပညာရေး အခွင့်အလမ်းများကို လေ့လာနိုင်မည် ဖြစ်ကြောင်း သြစတြေးလျပညာရေးဝန်ဆောင်မှု အကြံပေးလုပ်ငန်း AVSS Myanmar မှ တာဝန်ရှိသူက ပြောသည်။
READ - ရန်ကုန်စီးပွားရေးတက္ကသိုလ်မှ မဟာဘွဲ့သင်တန်းနှင့် ဘွဲ့လွန်ဒီပလိုမာ....တက်ရောက်ချင်သူများ
‘‘တက္ကသိုလ်ဝင်တန်း၊ IGCSE ၊ GCE "A" Level ၊ SAT၊ IB Diploma အောင်မြင်ထားတဲ့ သူတွေ၊ HND ဒီပလိုမာရရှိပြီးသူ တွေနဲ့ တက္ကသိုလ်က ဘွဲ့ရရှိထား တဲ့ မြန်မာကျောင်းသားတွေအနေ နဲ့ ပညာရေးပြပွဲနေ့မှာ တစ်ခါ တည်းကျောင်းလျှောက်ထားလို့ရ ပါတယ်’’ဟု AVSS Myanmar ၏ မန်နေဂျာ ဒေါ်နှင်းပွင့်ဖြူက ပြော သည်။
သြစတြေးလျသံရုံးတာဝန်ရှိသူများက သြစတြေးလျအစိုးရပညာသင်ဆု အစီအစဉ်နှင့် သြစတြေးလျ ပညာရေး အခွင့်အလမ်းများအကြောင်း လာရောက် ဆွေးနွေးဟောပြောမည်ဖြစ်သည်။
ပညာရေးပြပွဲသို့လာရောက်သော ကျောင်းသားများအနေဖြင့် ရာနှုန်းပြည့်နှင့် အခြားပညာသင် ဆုဆိုင်ရာ သတင်းအချက်အလက်များသိရှိနိုင်ခြင်း၊ ကျောင်း လျှောက်ထားခ ကင်းလွတ်ခွင့်၊ ခြောက်လစာ ကျန်းမာရေး အာမခံကြေးသက်သာခွင့်စသည့် အခွင့်အလမ်းများရရှိမည်ဖြစ်သည်။
မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။
ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ၊ ကျောင်းများ၊ Scholarship၊ Knowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။
Source: 7day daily