မေးခွန်းနံပါတ် (၁)
(က)(ခ) နဲ့ (ဂ) အတွက် ပေးထားတဲ့နံပါတ်တွေကို အဖြေလွှာမှာ အရင်ရေးထားပါ။ သက်ဆိုင်ရာအဖြေကိုတော့ ကျက်စာ၊ တွက်စာ ဖြေပြီးမှာ မှား/မှန်၊ ကွက်လပ်ဖြည့်၊ ရွေးချယ်မှုအဖြေတွေကို စဉ်းစားပြီး တစ်ခုမကျန်ဖြေပါ။
မေးခွန်းနံပါတ် (၂)
အဓိပ္ပာယ်သတ်မှတ်ချက်မေးခွန်းတွေအတွက် အခန်း (၁)(၃)(၄) နဲ့ (၅) ထဲက အဓိပ္ပာယ်သတ်မှတ်ချက်များကို သေသေချာချာ ကျက်ထားရင် စိတ်ချရပါတယ်။
မေးခွန်းနံပါတ် ၃၊ ၄၊ နဲ့ ၅
မေးခွန်း ၃၊ ၄၊ နဲ့ ၅ က ပုံစံတူမေးခွန်းတစ်ပိုဒ်စီမှာ အပိုင်း (က) နဲ့ (ခ) ဆိုပြီး နှစ်ပိုင်းပါပါတယ်။
အပိုင်း (က) မေးခွန်းကိုဖြေရင် အပိုင်း (ခ) က မှတ်စုတိုတွေကို ဖြေဖို့မလိုပါဘူး။ အပိုင်း (ခ) က မေးခွန်းတို လေးခုထဲက နှစ်ခုဖြေရင် အပိုင်း (က) ကို ဖြေဖို့ မလိုတာကို သတိပြုရမယ်။
အပိုင်း (ခ) မှ မေးခွန်း ၃၊ ၄၊ ၅၊ ၆ ထဲက စုစုပေါင်း (၃) ပုဒ်ကိုသာ ဖြေရမယ်ဆိုတာကိုလည်း သတိပြုပါ။
မေးခွန်းရှည်ကို ကျက်မှတ်တဲ့အခါ ခွဲခြမ်းစိတ်ဖြာပြီး ကျက်မှတ်ဖို့ လိုတယ်။
ဥပမာ - ဈေးကွက်အမျိုးမျိုးကို ကျက်တဲ့အခါ ထုတ်ကုန်ဈေးကွက်များ၊ အင်အားစုဈေးကွက်များ၊ လုပ်အားဈေးကွက်၊ အရင်းအနှီးဈေးကွက်နဲ့ ငွေကြေးဈေးကွက်ရယ်လို့ မှတ်စုတိုအဖြစ်မေးနိုင်တယ်။
ဝယ်လိုအားကို ပြဌာန်းသောအချက်များ၊ ရောင်းလိုအားကို ပြဌာန်းသော အချက်များ၊ ဗဟိုဘဏ်၏ လုပ်ဆောင်ချက်များ၊ ငွေကြေး၏ လုပ်ဆောင်ချက်များ၊ ပြည်သူ့အသုံးစရိတ်များ၏ သဘောသဘာဝနှင့် အမျိုးအစားများ၊ ကုန်ဖလှယ်မှုအချိုးထဲက တစ်ချက်ချင်း (သို့မဟုတ်) နှစ်ချက်၊ သုံးချက်၊ ပေါင်းပြီး မှတ်စုတို မေးနိုင်တယ်။
တစ်ခါတလေ အင်အားစုအခငွေဈေးနှုန်းနှင့် ဈေးကွက်ပေါက်ဈေးတို့၏ သဘောနှင့် ပုံသေဈေးနှုန်းနှင့် ဈေးကွက်ပေါက်ဈေးတို့၏ သဘောတို့ကို နှိုင်းယှဉ်ဖော်ပြပါလို့ အကြောင်းအရာနှစ်ခုကို ဆက်စပ်ပြီး မေးနိုင်တာကိုလည်း သတိပြုပါ။
မေးခွန်းနံပါတ် (၆) အတွက်တော့ နမူနာမေးခွန်းနဲ့ စံပြအဖြေတို့ကို ဖော်ပြပေးလိုက်ပါတယ်။ ဂရုတစိုက်လေ့လာပါ။
အတွက်ပုစ္ဆာတိုင်းမှာ သက်ဆိုင်ရာ အဓိပ္ပာယ်သတ်မှတ်ချက်၊ ပုံသေနည်း၊ အသေးစိတ်တွက်ချက်မှုအပြင် သုံးသပ်ချက်ကိုလည်း ထည့်ဖြေရပါမယ်။
READ - ၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအတွက် မြန်မာစာဘာသာရပ်မေးခွန်းပုံစံ
မေးခွန်းပုံစံ (၁)
ငွေကြေးပမာဏ (M) သည် ၂၀၀ ကျပ်၊ ဈေးနှုန်း (P) သည် ၅ ကျပ်နှင့် ကုန်စည်အရေအတွက် (T) သည် ၅၀၀ ဖြစ်ပါက
(၁) အပေးအယူလုပ်သည့် တန်းဖိုး (R) နှင့် ငွေကြေးလှည့်ပတ်မှုအရှိ (V) တို့ကို ရှာပါ။
(၂) M သည် ၂၀%၊ T သည် ၁၀%တိုးနေပြီး
(က) V သည် ပုံသေဖြစ်လျှင် M, P နှင့် T တို့ကို ရှာပါ။
(ခ) V သည် ၈ ဖြစ်လျှင် P ကို ရှာပါ။
စံပြအဖြေ (၁)
ငွေကြေးအရေအတွက် ဒီဂရီ
ငွေကြေးအရေအတွက်သီအိုရီသည် အထွေထွေဈေးနှုန်းအဆင့်နှင့် လှည့်လည်နေသော ငွေးကြေးအရေအတွက် တို့သည် တိုက်ရိုက်အချိုးတူ ဆက်စပ်ပြောင်းလဲနေသည်ကို ဖော်ပြသည့် သီအိုရီဖြစ်သည်။
ငွေကြေးပမာဏ M = ၂၀၀ ကျပ်
ဈေးနှုန်း P = ၅ ကျပ်
ကုန်စည်အရေအတွက် T= ၅၀၀
အပေအးအယူပြုလုပ်သည့်တန်ဖိုး R =?
ငွေကြေးလှည့်ပတ်မှုအရှိန် V=?
R = PT = MV
R = PT
မေးခွန်းပုံစံ (၂)
တိုင်းပြည်တစ်ပြည်လျှင် ၂၀၀၈ ခုနှစ်၊ ၂၀၀၉ ခုနှစ်၊ ၂၀၁၀ ခုနှစ် ပို့ကုန်ဈေးဆနှုန်းကိန်းနှင့် သွင်းကုန်ဆနှုန်း ကိန်းများကို အောက်ပါဇယားတွင် ပေးထားသည်။ (၂၀၀၈ ခုနှစ်သည် အခြေခံနှစ်ဖြစ်သည်။)
ခုနှစ် |
ပို့ကုန်ဈေးဆနှုန်းကိန်း |
သွင်းကုန်ဈေးဆနှုန်းကိန်း |
၂၀၀၈ |
၁၀၀ |
၁၀၀ |
၂၀၀၉ |
၁၅၀ |
၁၂၀ |
၂၀၁၀ |
၉၀ |
၁၁၀ |
(၁) ဖော်ပြပါနှစ်များ၏ ကုန်ဖလှယ်မှုအချိုးကို တွက်ချက်ပါ။
(၂) ကုန်ဖလှယ်မှုအချိုး ပြောင်းလဲခြင်းကို သုံးသပ်ပါ။
စံပြအဖြေ (၂)
ကုန်ဖလှယ်မှုအချိုး
တိုင်းပြည်တစ်ပြည်၏ ကုန်ဖလှယ်မှုအချိုးဆိုသည်မှာ ၄င်း၏ ပို့ကုန်ဈေးနှုန်းနှင့်သွင်းကုန်ဈေးနှုန်းတို့အကြား ဆက်စပ်မှုကို ဖော်ပြခြင်းဖြစ်သည်။
ကုန်ဖလှယ်မှုအချိုး =
ခုနှစ် |
ပို့ကုန်ဈေးဆနှုန်းကိန်း |
သွင်းကုန်ဈေးဆနှုန်းကိန်း |
ကုန်ဖလှယ်မှုအချိုး |
၂၀၀၈ |
၁၀၀ |
၁၀၀ |
၁၀၀ |
၂၀၀၉ |
၁၅၀ |
၁၂၀ |
၁၂၅ |
၂၀၁၀ |
၉၀ |
၁၁၀ |
၈၁.၈၂ |
၂၀၀၈ ခုနှစ်သည် အခြေခံနှစ်ဖြစ်သည်။
၂၀၁၉ ခုနှစ်၏ ကုန်ဖလှယ်မှုအချိုးမှာ ၁၂၅ ဖြစ်သောကြောင့် ၂၀၁၈ ခုနှစ် (အခြေခံနှစ်) နှင့် နှိုင်းယှဉ်လျှင် ၁၀၀ ထက်များသောကြောင့် ကုန်ဖလှယ်မှုအချိုး တိုးတက်သည်။
ထို့ကြောင့် ထိုနိုင်ငံသည် ၂၀၀၉ ခုနှစ် တွင် ပို့ကုန်တင်ပို့မှုမရသော နိုင်ငံခြားငွေဖြင့် သွင်းကုန်များကို ပို၍ ၀ယ်ယူနိုင်သောကြောင့် အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးတွင် အခွင့်သာသော အခြေအနေရှိသည်။
၂၀၁၀ ခုနှစ်၏ ကုန်ဖလှယ်မှုအချိုးမှာ ၈၁ ဒသမ ၈၂ ဖြစ်သောကြောင့် ၂၀၀၈ ခုနှစ် (အခြေခံနှစ်) နှင့် နှိုင်းယှဉ်လျှင် ၁၀၀ ထက်နည်းသောကြောင့် ကုန်ဖလှယ်မှုအချိုး ကျဆင်းတက်သည်။
ထို့ကြောင့် ထိုနိုင်ငံသည် ၂၀၁၀ ခုနှစ် တွင် ပို့ကုန်တင်ပို့မှုမရသော နိုင်ငံခြားငွေဖြင့် သွင်းကုန်များကို လျှော့၍ ၀ယ်ယူနိုင်သောကြောင့် အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးတွင် အခွင့်မသာသော အခြေအနေနှင့် ရင်ဆိုင်ရသည်။
------
လေ့ကျင့်ထားရန်မေးခွန်းများ
၁။ ပေးထားသော ဇယားမှ ကုန်စည် X အတွက် ၀ယ်လိုအား၏ ၀င်ငွေအလျှော့အတင်းနှင့် ဈေးနှုန်းအလျှော့အတင်းများကို တွက်ချက်သုံးသပ်ပါ။
ကုန်စည် X |
စားသုံးသူ၏ ၀င်ငွေ (ကျပ်) |
ကုန်စည် X၀ယ်ယူသည့် အရေအတွက် (ပိဿာ) |
၅၀၀ |
၁၀၀၀၀၀ |
၁၅၀၀ |
၅၅၀ |
၁၂၀၀၀၀ |
၁၂၀၀ |
၂။ ဇယားပါအချက်များကို အသုံးပြု၍ ကုန်စည်အသီးသီးအတွက် ၀ယ်လိုအား၏ အပြန်အလှန်အလျှော့အတင်းများကို တွက်ချက် သုံးသပ်ပါ။
ကုန်စည် A ဈေးနှုန်း |
ဝယ်ယူသည့်အရေအတွက် (ယူနစ်) |
||
ကုန်စည် X |
ကုန်စည် Y |
ကုန်စည် Z |
|
၄၅၀၀ |
၁၅၀ |
၄၀၀ |
၅၀၀ |
၅၄၀၀ |
၂၀၀ |
၂၅၀ |
၅၀၀ |
၃။ အောက်ပါဖြစ်ရပ်များသည် သက်ဆိုင်ရာကုန်စည်ဈေးကွက်၏ အားမျှခြေအပေါ် မည်သို့ အကျိုးသက်ရောက်စေမည်ကို ပုံများ ဆွဲ၍ သုံးသပ်ပါ။
(၁) သကြားဈေးနှုန်းတက်လာခြင်းနှင့် ကြံသကာရောင်းလိုအားဈေးကွက်
(၂) ရာသီဥတုဖောက်ပြန်ခြင်းနှင့် သီးနှံဈေးကွက်
(၃) အီဘိုလာရောဂါဖြစ်ပွားခြင်းနှင့် အသားဈေးကွက်
(၄) သားရေဈေးနှုန်းတက်လာခြင်းနှင့် သားရေအိတ်ဈေးကွက်
(၅) ၀ါပင်များပိုးကျခြင်းနှင့် အထည်ဈေးကွက်
(၆) ကြက်၊ ဌက် တုပ်ကွေးရောဂါဖြစ်ပွားခြင်းနှင့် ငါး၊ ပုစွန်ဈေးကွက်
(၇) တယ်လီဖုန်းဆင်းကတ် ဈေးနှုန်းကျဆင်းခြင်းနှင့် တယ်လီဖုန်းဟမ်းဆက် ဈေးကွက်
(၈) မော်တော်ကားမျိုးစုံ ဈေးနှုန်းကျဆင်းခြင်းနှင့် လောင်စာဆီဈေးကွက်
(၉) အထွက်တိုးစပါးမျိုးသစ်ရှာဖွေ့တွေ့ရှိခြင်းနှင့် ဆန်ဈေးကွက်
(၁၀) လျှပ်စစ်ပစ္စည်းထုတ်လုပ်မှုနည်းပညာတိုးတက်လာခြင်းနှင့် လျှပ်စစ်ပစ္စည်းဈေးကွက်
၎။ ငွေကြေးပမာဏ M ဥည် ကျပ် ၈၀၀၊ ဈေးနှုန်း P သည် ၅ ကျပ်နှင့် ကုန်စည်အရေအတွက် T သည် ၄၀၀ ဖြစ်ပါက
(၁) အပေးအယူလုပ်သည့် တန်ဖိုး R နှင့် ငွေကြေးလှည့်ပတ်မှုအရှိန် V ကို ရှာပါ။
(၂) M သည် ၁၀ % ၊ T သည် ၂၅ % တိုးလျှင်
(က) V သည် ပုံသေဖြစ်လျှင် M,T နှင့် P ကို ရှာပါ။
(ခ) V သည် ၁၅ ဖြစ်လျှင် P ကို ရှာပါ။
၅။ အောက်ပါဇယားတွင် ကုန်စည်သုံးမျိုး၏ ဈေးနှုန်းနှင့် ၀ယ်ယူသည့် အရေအတွက်များကို ဖော်ပြထားသည်။ ၂၀၀၄ ခုနှစ်သည် အခြေခံနှစ် ဖြစ်သည်။
ကုန်စည် |
ဝယ်ယူသည့်အရေအတွက် (ယူနစ်) |
ဈေးနှုန်း (ကျပ်) |
|
|
|
၂၀၀၄ ခုနှစ် |
၂၀၀၅ ခုနှစ် |
P |
၃ |
၄၀၀ |
၄၅၀ |
Q |
၂ |
၅၀၀ |
၇၀၀ |
R |
၎ |
၄၅၀ |
၅၄၀ |
(၁) သက်ဆိုင်ရာနှစ်များအတွက် စားသုံးသူများ၏ ဈေးဆနှုန်းကိန်း (CPI) ကိုတွက်ချက်ပါ။
(၂) ၂၀၀၄ ခုနှစ်မှ ၂၀၀၅ ခုနှစ်အတွင်း ငွေဖောင်းပွမှုနှုန်းကို တွက်ချက်သုံးသပ်ပါ။
မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။
Source: democracy today