၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဓာတုဗေဒမေးခွန်းအတွက် စာဖြေသူများ နစ်နာမှုမရှိစေရေးအတွက် ဆောင်ရွက်သွားမည် ဖြစ်

၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဓာတုဗေဒမေးခွန်းအတွက် စာဖြေသူများ နစ်နာမှုမရှိစေရေးအတွက် ဆောင်ရွက်သွားမည် ဖြစ်

၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဓာတုဗေဒမေးခွန်း၌ မေးခွန်းနံပါတ် 8 (a) (1) တွင် အဓိပ္ပာယ်ဖွင့်ဆိုချက်အနေဖြင့် မေးထားသည့်မေးခွန်းမှာ သင်ရိုးညွှန်းတမ်းထဲမှ ပယ်ဖျက်ထားသည့် သင်ခန်းစာဖြစ်နေသည့်အတွက် အဆိုပါကိစ္စနှင့် ပတ်သက်၍ ဝေဖန်မှုများ ပေါ်ထွက်ခဲ့ခြင်းဖြစ်သည်။

၂၀၁၈ ခုနှစ် ဓာတုဗေဒမေးခွန်းမှာ ၂၀၁၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ၌ ရခိုင်ပြည်နယ်တွင် မေးခဲ့သည့် မေးခွန်းနှင့် ရာခိုင်နှုန်း ၉၀ ကျော်တူညီနေပြီး မှား/မှန် မေးခွန်းများမှာလည်း ပယ်ဖျက်ပြီးသား သင်ခန်းစာထဲမှ ပါဝင်နေပြီး စုစုပေါင်း ငါးမှတ် ၀န်းကျင်ရှိသည်။

၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၇ ရက်တွင် မြန်မာစာ၊ ၈ ရက်တွင် အင်္ဂလိပ်စာ၊ ၉ ရက်တွင် သင်္ချာ၊ ၁၂ ရက်တွင် ဓာတုဗေဒ နှင့် စိတ်ကြိုက်မြန်မာစာ၊ ၁၃ ရက်တွင် ရူပဗေဒ၊  ၁၄ ရက်တွင် ဇီဝဗေဒနှင့် ဘောဂဗေဒ၊ ၁၅ ရက်တွင် ပထ၀ီဝင်၊ ၁၆ ရက်တွင် သမိုင်းဘာသာရပ်များကို နံနက် ၉ နာရီမှ ၁၂ နာရီအထိ ဖြေဆိုရပြီး နိုင်ငံခြားစာစစ်ဌာန ၂၁ ခု အပါအ၀င် တစ်နိုင်ငံလုံး၌ စာစစ်ဌာန ၁၇၄၂ ခု ဖွင့်လှစ် စစ်ဆေးခြင်းဖြစ်သည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ ကျောင်းများScholarshipKnowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

Source: daily eleven

News Read 6303 times