၂၀၁၈ ခုနှစ် ပညာသင်နှစ်အတွက် အဝေးသင်တက္ကသိုလ်များ၏ ဒုတိယနှစ်နှင့် အထက် သင်တန်းများကို ဖေဖော်ဝါရီလ ၆ ရက်တွင် စတင်ဖွင့်လှစ်မည်ဖြစ်သည်။
၂၀၁၈ ခုနှစ် ပညာသင်နှစ်တွင် ဒုတိယနှစ်နှင့် အထက် သင်တန်းများကို တက်ရောက်ခွင့်ရရှိကြသော ကျောင်းသား၊ ကျောင်းသူများအနေဖြင့် တက္ကသိုလ်၊ ဒီဂရီကောလိပ်များရှိ သက်ဆိုင်ရာ အဝေးသင်ဌာနခွဲ အသီးသီးတွင် ဆက်သွယ်တက်ရောက်ရမည်ဖြစ်သည်။
ဒုတိယနှစ်နှင့် အထက် သင်တန်းများကို ၂၀၁၈ ခုနှစ်၊ မေ ၁၆ ရက်တွင် နောက်ဆုံးထား ငွေသွင်း မှတ်ပုံ တင်ရမည်ဖြစ်ပြီး ပထမနှစ်ဝက် Assignment များကို ၂၀၁၈ ခုနှစ်၊ ဇွန် ၃၀ ရက်တွင်လည်းကောင်း၊ ဒုတိယနှစ်ဝက် Assignment များကို ၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၃၁ ရက်တွင် လည်းကောင်း၊ နောက်ဆုံးထား တင်သွင်းရမည်ဖြစ်သည်။
ဒုတိယနှစ်နှင့်အထက် သိပ္ပံအထူးပြု သင်တန်းများ၏ လက်တွေ့သင်တန်းများကို ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်တွင် စတင်မည် ဖြစ်သည်။
READ - အဝေးသင်တက္ကသိုလ်များ၏ ဒုတိယနှစ်နှင့်အထက် သင်တန်းများ ဖေဖော်ဝါရီလ ၆ ရက်တွင် ဖွင့်လှစ်မည်
အဝေးသင်တက္ကသိုလ်ဌာနခွဲများကို သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် အဝေးသင်တက္ကသိုလ် ဌာနခွဲများကို ဖွင့်လှစ်ထားရှိရာ ကချင်ပြည်နယ်အတွက် မြစ်ကြီးနားတက္ကသိုလ်၊ ဗန်းမော်တက္ကသိုလ်၊ မိုးညှင်းဒီဂရီကောလိပ်၊ ကယားပြည်နယ်အတွက် လွိုင်ကော်တက္ကသိုလ်၊ ကရင်ပြည်နယ်အတွက် ဘားအံတက္ကသိုလ်၊ ချင်းပြည်နယ် (ပလက်ဝမြို့နယ်မှအပ) အတွက် ကလေးတက္ကသိုလ်၊ ပခုက္ကူတက္ကသိုလ်၊ စစ်ကိုင်းတိုင်းဒေသကြီးအတွက် မုံရွာတက္ကသိုလ်၊ ကလေးတက္ကသိုလ်၊ ရွှေဘိုတက္ကသိုလ်၊ စစ်ကိုင်းတက္ကသိုလ်၊ တနင်္သာရီတိုင်းဒေသကြီးအတွက် ထားဝယ်တက္ကသိုလ်၊ မြိတ်တက္ကသိုလ်၊ ပဲခူးတိုင်းဒေသကြီးအတွက် တောင်ငူတက္ကသိုလ်၊ ပြည်တက္ကသိုလ်၊ ပဲခူးတက္ကသိုလ်၊ မကွေးတိုင်းဒေသကြီးအတွက် ပခုက္ကူတက္ကသိုလ်၊ ရေနံချောင်းဒီဂရီကောလိပ် တို့ဖြစ်သည်။
ထို့ပြင် မန္တလေးတိုင်းဒေသကြီးအတွက် ရတနာပုံတက္ကသိုလ်၊ မိတ္ထီလာတက္ကသိုလ်၊ ကျောက်ဆည် တက္ကသိုလ်၊ မြင်းခြံဒီဂရီကောလိပ်၊ မန္တလာကောလိပ်၊ မွန်ပြည်နယ်အတွက် မော်လမြိုင်တက္ကသိုလ်၊ ရခိုင်ပြည်နယ်နှင့် ပလက်ဝမြို့နယ်အတွက် စစ်တွေတက္ကသိုလ်၊ ရန်ကုန်တိုင်းဒေသကြီးအတွက် ဒဂုံ တက္ကသိုလ်၊ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၊ ရန်ကုန်အနောက်ပိုင်း တက္ကသိုလ်၊ ရှမ်းပြည်နယ်အတွက် တောင်ကြီးတက္ကသိုလ်၊ ပင်လုံတက္ကသိုလ်၊ လားရှိုးတက္ကသိုလ်၊ ကျိုင်းတုံတက္ကသိုလ်၊ ဧရာဝတီတိုင်း ဒေသကြီးအတွက် ပုသိမ်တက္ကသိုလ်၊ ဟင်္သာတတက္ကသိုလ်၊ မအူပင်တက္ကသိုလ်တို့ ဖြစ်သည်။
ပညာရေးဝန်ကြီးဌာနအဆင်မြင့်ပညာဦးစီးဌာန စာရင်းအရ ၂၀၁၇ ခုနှစ် ပညာသင်နှစ်၌ ရန်ကုန်အဝေးသင် တက္ကသိုလ်တွင် ၂၃၉၅၀၃ ဦး၊ မန္တလေးအဝေးသင်တက္ကသိုလ်တွင် ၂၅၇၁၇၃ ဦး တက်ရောက်သင်ကြား လျက်ရှိသည်။
မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။
Source: daily eleven