အဝေးသင်စီးပွားရေး ဘာသာရပ်များသို့ ဝင်ခွင့်ရရှိခဲ့သော အမှတ်များ

အဝေးသင်စီးပွားရေး ဘာသာရပ်များသို့ ဝင်ခွင့်ရရှိခဲ့သော အမှတ်များ

၂၀၁၉ ပညာသင်နှစ်၊ (အဝေးသင်) မိတ္ထီလာစီးပွားရေးတက္ကသိုလ်၊ ရန်ကုန်စီးပွားရေးတက္ကသိုလ်နှင့် မုံရွာစီးပွားရေးတက္ကသိုလ် ဝင်ခွင့်ရရှိသူများ၏ အမြင့်ဆုံး/အနိမ့်ဆုံးအမှတ်၊ လက်ခံ ဦးရေ စာရင်းများကို ဖော်ပြပေးလိုက်ပါတယ်။

စီးပွားရေးပညာနှင့် စီးပွားစီမံဘာသာရပ် အဝေးသင် ပထမနှစ်သင်တန်းများကို ယခင်ကဲ့သို့ ဝိဇ္ဇာ၊ သိပ္ပံတက္ကသိုလ်များရှိ အဝေးသင်တက္ကသိုလ်ဌာနခွဲများ တွင် မတက်ရတော့ဘဲ ရန်ကုန်၊ မုံရွာနှင့် မိတ္ထီလာစီးပွားရေးတက္က သိုလ်တို့၌ ပြောင်းတက်ရမည်ဖြစ်သည်။

ယခင်နှစ်အထိ ရန်ကုန်အဝေးသင် တက္ကသိုလ်နှင့် မန္တလေး အဝေးသင် တက္ကသိုလ်လက် အောက်၌ အဝေးသင်ဌာနခွဲဖွင့် ထားသည့် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ် ၃၆ ခုရှိပြီး မြန်မာစာ၊ အင်္ဂလိပ်စာ၊ ပထဝီဝင်၊ သမိုင်း၊ ဒဿနိကဗေဒ၊ စိတ်ပညာ၊ အရှေ့တိုင်းပညာ၊ ဥပဒေပညာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ သင်္ချာ၊ သတ္တဗေဒ၊ ရုက္ခဗေဒ၊ စီးပွားရေးပညာ၊ စီးပွားစီမံပညာ ဟူသည့် အထူးပြု ဘာသာရပ် ၁၅ ခုကို ထိုတက္ကသိုလ်များတွင် တက်ရသည်။

၂၀၁၉ ပညာသင်နှစ်က စ၍ အဝေးသင်တက္ကသိုလ် ပထမနှစ် တက်မည့်သူများသည် ထိုဘာသာရပ် ၁၅ ခုအနက် စီးပွားစီမံ၊ စီးပွားရေးပညာ ဘာသာရပ်များ ကို စီးပွားရေးတက္ကသိုလ်များ၌သာ တက်ရမည်ဖြစ်သည်။

စီးပွားရေးပညာနှင့် စီးပွားစီမံဘာသာရပ်များအတွက် အနိမ့်ဆုံးဝင်ခွင့်ပြုရမှတ်မှာ ၃၅၀ ဖြစ်ပါတယ်။

တက္ကသိုလ်အမည် အထူးပြု ဘာသာရပ် အမြင့်ဆုံးအမှတ် အနိမ့်ဆုံးအမှတ် လက်ခံဦးရေ
မိတ္ထီလာစီးပွားရေးတက္ကသိုလ် (အဝေးသင်) စီးပွားရေး ၄၅၄ ၃၅၀ ၇၇၀ ဦး
စီးပွားစီမံ ၄၈၆ ၃၅၀ ၁၄၃ ဦး
မုံရွာ စီးပွားရေးတက္ကသိုလ် (အဝေးသင်) စီးပွားရေး ၄၅၉ ၃၅၀ ၆၀၆ ဦး
စီးပွားစီမံ ၄၂၇ ၃၅၀ ၇၂ ဦး
ရန်ကုန် စီးပွားရေးတက္ကသိုလ် (အဝေးသင်) စီးပွားရေး ၄၉၇ ၃၅၀ ၇၁၉ ဦး
စီးပွားစီမံ ၅၀၂ ၃၅၀ ၃၆၇ ဦး

 

source: ministry of education

News Read 4320 times