တက္ကသိုလ်ဝင်တန်း အမှတ် (၄၀၀) နှင့်အထက်ရရှိသူများ ရေဆင်း စိုက်ပျိုးရေးတက္ကသိုလ် လျှောက်နိုင်

တက္ကသိုလ်ဝင်တန်း အမှတ် (၄၀၀) နှင့်အထက်ရရှိသူများ ရေဆင်း စိုက်ပျိုးရေးတက္ကသိုလ် လျှောက်နိုင်


၂. အမျိုးသားဦးရေ (၁၅၀) နှင့် အမျိုးသမီးဦးရေ (၁၅၀) စုစုပေါင်း (၃၀၀) ဦး လက်ခံမည်။

၃. လျှောက်ထားသူသည် -

(က) ၀င်ခွင့်လျှောက်ထားချိန်တွင် တည်ဆဲနိုင်ငံသားဖြစ်မှု ဥပဒေနှင့် ကိုက်ညီသော နိုင်ငံသားဖြစ်ရမည်။

(ခ) တက္ကသိုလ်ဝင်စာမေးပွဲတွင် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ရူပဗေဒ၊ ဓာတုဗေဒ၊ ဇီဝဗေဒဘာသာ တွဲဖြင့် အောင်မြင်သူဖြစ်ရမည်။

(ဂ) တက္ကသိုလ်ဝင်စာမေးပွဲတွင် စုစုပေါင်းရမှတ် (၄၀၀) နှင့်အထက်ရရှိသူဖြစ်ရမည်။

(ဃ) လက်တွေ့ကွင်းဆင်းဆောင်ရွက်ရမှာဖြစ်တာကြောင့် ကိုယ်လက်အင်္ဂါပြည့်စုံပြီး ကျန်းမာရေး (က) အဆင့်ရှိဖို့ လိုပါတယ်။

၎. ပထမနှစ်ဝင်ခွင့် လျှောက်လွှာပုံစံမှာ အောက်ဖော်ပြပါအတိုင်းဖြစ်ပြီး မိမိအစီအစဉ်ဖြင့် (A4-Size) ကွန်ပျူတာရိုက်၍ လျှောက်ထားနိုင်သလို အောက်ပါ Link များတွင်လည်း Download ဆွဲ၍ ရယူနိုင်ပါသည်၊

(www.yau.edu.mm/category/news)

၅. ပထမနှစ်ဝင်ခွင့် လျှောက်လွှာနှင့်အတူ အောက်ဖော်ပြပါ အထောက်အထားများ ပူးတွဲတင်ပြရမည်။

(က) တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ကြောင်း သက်ဆိုင်ရာ ကျောင်းအုပ်ကြီး၏ ထောက်ခံချက် (မူရင်း)

(ခ) အမှတ်စာရင်း (မူရင်း)

(ဂ) လျှောက်ထားသူနှင့် မိဘနှစ်ပါးတို့၏ နိုင်ငံသားစိစစ်ရေးကတ် (မိတ္တူ)

(ဃ) အကျင့်စာရိတ္တကောင်းမွန်ကြောင်း ရဲစခန်း၊ ကျေးရွာ/ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် သက်ဆိုင်ရာ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးတို့၏ ထောက်ခံချက် (မူရင်း)

(င) လိုင်စင်ဓာတ်ပုံ (၃) ပုံ

၆. လျှောက်လွှာကို ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၊ ကျောင်းသားရေးရာဌာန၊ ရေဆင်းသို့ လိပ်မူ၍ ၁၇.၈.၂၀၁၈ (သောကြာနေ့) နောက်ဆုံးထား၍ ပေးပို့ရမည်။ သတ်မှတ်ရက်ထက် နောက်ကျသော လျှောက်လွှာများ၊ မပြည့်စုံသော

လျှောက်လွှာများအား ထည့်သွင်းစဉ်းစားမည်မဟုတ်ပါ။ မမှန်မကန် ဖော်ပြ၍ လျှောက်ထားကြောင်း စစ်ဆေးတွေ့ရှိပါက ရွေးချယ်ခြင်းခံရစေကာမူ ပယ်ဖျက်ခြင်း တက္ကသိုလ်မှ ထုတ်ပယ်ခြင်း ခံရမည်။

၇. အကယ်၍ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်သို့ ၀င်ခွင့်မရရှိပါက တက္ကသိုလ်ဝင်ခွင့် ဆုံးရှုံးမှုမဖြစ်စေရန်အတွက် တက္ကသိုလ်ဝင်ခွင့် စိစစ်ရွေးချယ်ရေးအဖွဲ့က ကြေညာသတ်မှတ်ထားသော နည်းလမ်းအတိုင်း တက္ကသိုလ်ဝင်ခွင့်

လျှောက်လွှာအိတ်ဖြင့် အခြားတက္ကသိုလ်များသို့လည်း လျှောက်ထားရန် လိုအပ်မည်ဖြစ်သည်။

၈. အသေးစိတ်သိရှိလိုပါက ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၊ ကျောင်းသားရေးရာဌာန ဖုန်း ၀၆၇-၃၄၁၆၅၂၁ နှင့် ၀န်ထမ်းရေးရာဌာန ဖုန်း ၀၆၇-၃၄၁၆၅၁၃ တို့ကို ဆက်သွယ်စုံစမ်းနိုင်ပါသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ ကျောင်းများScholarshipKnowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။


source: yezin agricultural university

News Read 6516 times