ထိုသို့ ထုတ်ပြန်ရာတွင် ကျောင်းသား၊ ကျောင်းသူများထံသို့ အကြောင်းကြားစာများ ပေးပို့သွားမည် ဖြစ်သည့်အပြင် အဝေးသင်တက္ကသိုလ် ၀က်ဘ်ဆိုက်များမှလည်း ကြေညာပေးသွားမည် ဖြစ်ကြောင်း အဆင့်မြင့်ပညာဦးစီးဌာနမှ သိရသည်။
“အဝေးသင်တက္ကသိုလ် ၀င်ခွင့်တွေမသိရသေးပါဘူး။ အခုထိ ရွေးချယ်နေတုန်းပဲ ရှိပါသေးတယ်။ ပုံမှန်အားဖြင့်တော့ ဒီဇင်ဘာလလယ်လောက်ဆိုရင် ၀င်ခွင့်တွေကို ထုတ်ပြန်ပေးလေ့ရှိပါတယ်။ ထို့ကြောင့် အဲဒီအချိန်မှာ ထုတ်ပြန်နိုင်ဖို့ လုပ်နေပါတယ်” ဟု ပြောကြားသည်။
READ - ၂၀၁၇-၂၀၁၈ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အချိန်စာရင်းအတိအကျကို ဒီဇင်ဘာလအတွင်း ထုတ်ပြန်ပေးမည်
ယခုနှစ်တွင် အဝေးသင်တက္ကသိုလ်ပထမနှစ်ကျောင်းအပ်သူများ၏ ကျောင်းအပ်ခနှုန်း ထားလည်း အပြောင်းအလဲမရှိကြောင်း သိရသည်။
ကျောင်းအပ်မည့်သူများအနေဖြင့် မှတ်ပုံတင်ကြေး ကျပ် ၅၀၊ ကျောင်းဝင်ကြေး ကျပ် ၅၀၊ တစ်နှစ်စာသင်တန်းကြေး ကျပ် ၁၅၀၀၊ ပြဌာန်းစာအုပ်၊ လေ့လာမှု လမ်းညွှန်စာအုပ်၊ စာစဉ်မေးခွန်းများ၊ သင်ခန်းစာပို့ချချက်၊ စီဒီ၊ ဗီစီဒီ အခွေများအတွက် စုစုပေါင်း ကျပ် ၁၅၀၀၀၊ ဓာတ်ခွဲခန်းကြေး (သိပ္ပံတွဲ) ကျပ် ၃၀၀၊ စာမေးပွဲကြေး ကျပ် ၁၀၀ စုစုပေါင်း ကျပ် ၁၇၀၀၀ သာ ပေးဆောင်ရမည် ဖြစ်သည်။
“၀င်ခွင့်တွေတော့ မသိသေးပါဘူး။ ကျောင်းအပ်ခတွေကတော့ ပုံမှန်အတိုင်းပဲ ကောက်ခံမှာပါ။ ပြောင်းလဲကောက်ခံထားတာ မရှိပါဘူး” ဟု ပြောသည်။
မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။
Source: democracy today