၂၀၁၇ ခုနှစ် တက္ကသိုလ်ဝင်တန်းအောင်လက်မှတ်များ မကြာမီထုတ်ယူနိုင်တော့မည်

၂၀၁၇ ခုနှစ် တက္ကသိုလ်ဝင်တန်းအောင်လက်မှတ်များ မကြာမီထုတ်ယူနိုင်တော့မည်

၂၀၁၇ ခုနှစ်တွင် တက္ကသိုလ်ဝင်တန်းအောင်မြင်ထားသော ကျောင်းသား၊ ကျောင်းသူများ၏ တက္ကသိုလ်ဝင်တန်းအောင်လက်မှတ်များကို လာမည့် ရက်သတ္တပတ်တွင် ထုတ်ယူနိုင်ရန် စီစဉ်လျက်ရှိသည်။

၂၀၁၇ ခုနှစ် တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသား၊ ကျောင်းသူများ၏ လက်မှတ်များကို ရန်ကုန်လှိုင် တက္ကသိုလ်နယ်မြေရှိ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၊ ဇွဲကပင်ဆောင်နှင့် နေပြည်တော်ရှိ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန ရုံးအမှတ် (၅၂) တို့တွင်သာ ထုတ်ပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံစာစစ် ဦးစီးဌာနမှ သိရသည်။

READ - တက္ကသိုလ်ဝင်တန်းရမှတ် ၄၈၀ ကျော်လွန်သူများ ရန်ကုန်နည်းပညာတက္ကသိုလ်ဝင်ခွင့် လျှောက်ထားနိုင်

အောင်လက်မှတ်များကို လာမယ့်ရှေ့တစ်ပတ်ထဲလောက်မှာ ထုတ်ပေးနိုင်ဖို့အတွက် လုပ်နေပါတယ်။ ရှေ့တစ်ပတ်ထဲမှာ စုံစမ်းရင် ပိုပြီး နီးစပ်ပါ့မယ်။ အောင်လက်မှတ်ကတော့ ရန်ကုန်နှင့် နေပြည်တော် နှစ်နေရာမှာပဲ ထုတ်ပေးမှာ ဖြစ်ပါတယ်။

ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အောင်လက်မှတ်များကို မိမိတို့ကိုယ်တိုင် လာရောက်ထုတ်ယူရမည်ဖြစ်သော်လည်း ကိုယ်စားထုတ်ယူလိုပါက ကိုယ်စားထုတ်ယူမည့်သူ၏ မှတ်ပုံတင်မိတ္တူ၊ ကျောင်းသား၊ ကျောင်းသူ၏ မှတ်ပုံတင်မိတ္တူ၊ ဓာတ်ပုံ နှစ်ပုံ၊ မိမိတို့ ဖြေဆိုခဲ့သည့် စာစစ်ဌာန၊ ခုံအမှတ်၊ ဖြေဆိုသည့် ခုနှစ်တို့ကို တစ်ပါတည်းယူဆောင်လာရမည် ဖြစ်ကြောင်း သိရသည်။

အောင်လက်မှတ်ကတော့ နေရာနှစ်ခုမှာပဲ ထုတ်ပေးမယ်။ မိုဘိုင်းနဲ့ထုတ်ပေးဖို့ကျ တော့ မရဘူး။

ယခုနှစ် တက္ကသိုလ်ဝင်တန်းကို ကျောင်းသား၊ ကျောင်းသူ နှစ်သိန်းလေးသောင်းကျော် အောင်မြင်ထားပါသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: democracy today

News Read 5533 times