၂၀၁၇ တက္ကသိုလ်ဝင်စာမေးပွဲ အောင်လက်မှတ်များ စတင်ထုတ်ယူနိုင်

၂၀၁၇ တက္ကသိုလ်ဝင်စာမေးပွဲ အောင်လက်မှတ်များ စတင်ထုတ်ယူနိုင်

‘‘အောင်လက်မှတ်တွေ စထုတ်ပေးနေပါပြီ။ တစ်ဦးချင်း လာထုတ်နိုင်သလို အုပ်စုလိုက် ထုတ်တာမျိုး တွေကိုလည်း ဆောင်ရွက်ပေးနေပါတယ်’’ဟု ဒေါက် တာသိန်းဇံက ပြောသည်။

အောင်လက်မှတ်ထုတ်ယူရာတွင် ကျောင်းသား၊ ကျောင်းသူကိုယ်တိုင် ထုတ်ယူပါက ခြောက်လအတွင်း ရိုက်ကူးထားသော ပတ်စ်ပို့ ဓာတ်ပုံနှစ်ပုံ၊ နိုင်ငံသား စိစစ်ရေးကတ်ပြားမူရင်း၊ အမည်၊ခုံအမှတ်၊ စာစစ်ဌာန၊ မွေးသက္က ရာဇ်၊ အမိအမည်၊ အဖအမည်နှင့် နေရပ်လိပ်စာတို့လိုအပ်မည်ဖြစ် သည်။

READ - ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် ဘီအီးဒီ ငါးနှစ်တန်းဝင်ခွင့် သိပ္ပံ/၀ိပ္ပံဘာသာတွဲ ရမှတ် ၃၅၀နှင့်အထက်၊ ၀ိဇ္ဇာဘာသာတွဲ ရမှတ် ၃၀၀နှင့်အထက် ရရှိသူများသာ ရွေးချယ်မည်

ကိုယ်စားထုတ်ယူမည်ဆိုပါ က ခြောက်လအတွင်းရိုက်ကူး ထားသော ပတ်စ်ပို့ဓာတ်ပုံနှစ်ပုံကိုယ်စားထုတ်ယူခွင့် လျှောက် ထားသူ၏ နိုင်ငံသားစိစစ်ရေး ကတ်ပြားမူရင်းနှင့် မိတ္တူတစ်စုံ၊ကျောင်းသား၊ ကျောင်းသူ၏ နိုင်ငံသား စိစစ်ရေးကတ်ပြားမိတ္တူတစ်စုံ၊ အမည်၊ ခုံအမှတ်၊ စာစစ်ဌာန၊ မွေးသက္ကရာဇ်၊ အမိအမည်၊ အဖ အမည်နှင့် နေရပ်လိပ်စာတို့လို အပ်သည်။

‘‘တစ်ဦးချင်းနဲ့ နှစ်ဦး၊ သုံးဦး စာပေါင်းထုတ်တာမျိုးကိုတော့ နေ့ချင်းပြီး ထုတ်ပေးမှာပါ။ လူ များရင် အုပ်စုလိုက် ထုတ်တာမျိုး ဆိုရင်တော့ ရက်ချိန်းပြန်ပေးရ တာမျိုးရှိတတ်တယ်။ အတတ်နိုင် ဆုံးတော့ အဆင်ပြေအောင် ဆောင်ရွက်ပေးထားပါတယ်’’ဟု ၎င်းက ပြောသည်။

ယခုနှစ် အောင်မြင်သူများသည် တက္ကသိုလ်ဝင်စာမေးပွဲ အောင်လက်မှတ်များကို မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန (လှိုင်တက္ကသိုလ်နယ်မြေ) ရှိ ဇွဲကပင်ဆောင် နှင့် မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန (နေပြည်တော်၊ ရုံးအမှတ်-၅၂)၊ ယခင်နှစ်များက အောင်မြင်ခဲ့သူ များသည် မြန်မာနိုင်ငံ စာစစ်ဦးစီး ဌာန (လသာ) တွင် တံဆိပ်ခေါင်းဖိုး ကျပ် ၆၀၀ ပေးသွင်း ထုတ်ယူနိုင်သည်။

၂၀၁၇ တက္ကသိုလ်ဝင်စာမေးပွဲကို ၇၁၆,၁၈၈ ဦး ဝင်ရောက်ဖြေ ဆိုခဲ့ရာ ၂၄၂,၇၃၆ ဦး အောင်မြင် ခဲ့ပြီး အောင်ချက်ရာခိုင်နှုန်း ၃၃ ဒသမ ၈၉ ရာခိုင်နှုန်းရှိခဲ့သည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: 7 day daily

News Read 8065 times