၂၀၁၇ ခုနှစ် တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာများကို တက္ကသိုလ် ၁၇ ခုမှ လက်ခံဆောင်ရွက်ပေးမည်၊ နယ်ကျော်လျှောက်ထားခြင်းများကိုလည်း ခွင့်ပြုပေးမည်

၂၀၁၇ ခုနှစ် တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာများကို တက္ကသိုလ် ၁၇ ခုမှ လက်ခံဆောင်ရွက်ပေးမည်၊ နယ်ကျော်လျှောက်ထားခြင်းများကိုလည်း ခွင့်ပြုပေးမည်

ယခင်နှစ်များက မိမိတို့နေထိုင်ရာဒေသမှ တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးပါက မိမိတို့ဒေသရှိ တက္ကသိုလ်များတွင်သာ ၀င်ခွင့်လျှောက်ထားနိုင်ခဲ့ရာ ယခုနှစ်မှစတင်ပြီး နယ်ကျော်လျှောက်ထားလာပါကလည်း ၀င်ခွင့်ပေးမည်ဖြစ်သည်။

ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကုန်ကျစရိတ် အများကြီးသက်သာသွားမှာပါ။ ဒါက ဒီနှစ်မှာ စတင်ပြီး တီထွင်လိုက်တဲ့စနစ်တစ်ခုပါ။ သတ်မှတ်ထားတဲ့ တက္ကသိုလ် ၁၇ ခုမှာ ၀င်ခွင့်လျှောက်လွှာများကို သွားရောက်တင်နိုင်ပါတယ်။

READ - ရန်ကုန်တက္ကသိုလ်တွင် ကျောင်းသား၊ ကျောင်းသူ ၂,၂၀၀ ဦးလက်ခံမည်

တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာများကို လာမည့် သြဂုတ်လ ဒုတိယအပတ်မှ စတင်ကာ သြဂုတ်လကုန်အထိ လက်ခံဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး မြစ်ကြီးနားတက္ကသိုလ်၊ လွိုင်ကော် တက္ကသိုလ်၊ ဘားအံ တက္ကသိုလ်၊ မန္တလေး တက္ကသိုလ်၊ မော်လမြိုင် တက္ကသိုလ်၊ စစ်တွေ တက္ကသိုလ်၊ ဟားခါး တက္ကသိုလ်၊ မုံရွာ တက္ကသိုလ်၊ ထားဝယ် တက္ကသိုလ်၊ တောင်ငူ တက္ကသိုလ်၊ ပဲခူး တက္ကသိုလ်၊ မကွေး တက္ကသိုလ်၊ ရန်ကုန် တက္ကသိုလ်၊ တောင်ကြီး တက္ကသိုလ်၊ လားရှိုး တက္ကသိုလ်၊ ကျိုင်းတုံ တက္ကသိုလ်၊ ပုသိမ် တက္ကသိုလ် တို့တွင် လျှောက်လွှာများကို လက်ခံမည်ဖြစ်ကြောင်း သိရသည်။

ဝင်ခွင့်လျှောက်ထားမည့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မိမိတို့နေထိုင်ရာဒေသရှိ သတ်မှတ်တက္ကသိုလ်များတွင် ၀င်ခွင့်လျှောက်လွှာများကို တင်သွင်းနိုင်ကာ ယခင်ကလို ရန်ကုန်၊ နေပြည်တော် အထိ လာရောက်ပေးပို့စရာ မလိုတော့ကြောင်း သိရသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: democracy today

News Read 7445 times