တက္ကသိုလ်ဝင်တန်းအဖြေလွှာကို ပြန်လည်စစ်ဆေးပေးရန် တောင်းဆိုပါက တစ်လအတွင်း စစ်ဆေးပေးမည်

တက္ကသိုလ်ဝင်တန်းအဖြေလွှာကို ပြန်လည်စစ်ဆေးပေးရန် တောင်းဆိုပါက တစ်လအတွင်း စစ်ဆေးပေးမည်

၂၀၁၇ ခုနှစ်တွင် ဖြေဆိုထားသော တက္ကသိုလ်ဝင်တန်းအောင်စာရင်းများကို ဇွန်လ ဒုတိယအပတ်ခန့်တွင် ထုတ်ပြန်မည်ဖြစ်ပါသည်။

ထိုအောင်စာရင်းတွင် ကျရှုံးသူများ၊ အောင်မြင်သူများ၊ ဂုဏ်ထူးရရှိသူများအနေဖြင့် မိမိတို့ ထွက်ပေါ်ခဲ့သည့် ရလဒ်များအပေါ်တွင် ဖြေဆိုစဉ် ခန့်မှန်းထားခဲ့သော အခြေအနေများနှင့် ရရှိခဲ့သော အခြေအနေများ ကွာဟချက်ရှိသည်ကို သံသယရှိပါက အဖြေလွှာများ ပြန်လည်စစ်ဆေးပေးရန် တောင်းခံနိုင်ပြီး မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနအနေဖြင့် အောင်စာရင်းထွက်ရှိပြီး တစ်လခန့်အကြာတွင် ယင်းကိစ္စများအား ဆောင်ရွက်ပေးမည် ဖြစ်သည်။

လက်ရှိအထိတော့ complain တွေကို ဘယ်နေ့ ဘယ်ရက်မှာ စလုပ်လို့ရမယ်ဆိုတာတော့ မပြောသေးဘူး။

Read - ၀ိဇ္ဇာ-သိပ္ပံနှင့် နည်းပညာတက္ကသိုလ်ကောလိပ်များအတွက် နည်းပြသရုပ်ပြဆရာ၊ ဆရာမများ ခေါ်ယူ

နှစ်စဉ်တော့ အောင်စာရင်းထွက်ပြီး တစ်လလောက် အကြာမှာ လုပ်ပေးလေ့ရှိတယ်။ ဒီနှစ်လည်း တစ်လလောက်အကြာမှာ လုပ်ပေးမယ်လို့ သိရပါတယ်။

လျှောက်ထားလိုသူများ အနေဖြင့် မိမိတို့၏ ကိုယ်ရေးအချက်အလက်၊ ပြန်လည်စစ်ဆေးပေးလိုသည့် ဘာသာရပ်၊ ခုံအမှတ်နှင့် စာစာဌာန၊ နေရပ်လိပ်စာ အပြည့်အစုံတို့ လိုအပ်မည်ဖြစ်ပြီး ပြန်လည်စစ်ဆေးမှုများ ပြုလုပ်ပြီးပါက မိမိတို့ နေထိုင်ရာ အိမ်အရောက် ပြန်လည်အကြောင်း ကြားပေးလေ့ရှိကြောင်း သိရသည်။

ထို့သို့ လျှောက်ထားရာတွင် သက်ဆိုင်ရာမှာ အဖြေလွှာများကို ပြန်လည်စိစစ်ပေးမည်ဖြစ်သော်လည်း အဖြေလွှာများကို ကြည့်ရှုခွင့်ရရှိမည် မဟုတ်ပါ။

နှစ်စဉ်အဖြေလွှာများ ပြန်လည်စစ်ဆေးပေးရန်အတွက် ကျရှုံးသူများ၊ အောင်မြင်သူများ နှင့် ဂုဏ်ထူးရရှိသူများပါ ပြန်လည်စစ်ဆေးပေးရန် တောင်းဆိုမှုများရှိကြောင်း သိရသည်။

တက္ကသိုလ်ဝင်တန်းအဖြေလွှာများ ပြန်လည်စစ်ဆေးပေးခြင်းကို မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ ၂၀၁၀ ခုနှစ်တွင် စတင်ပြုလုပ်ပေးခဲ့ခြင်း ဖြစ်ပါသည်။

READ - ၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင်တန်း အောင်မြင်သူများအတွက် တက္ကသိုလ်ဝင်ခွင့် အနိမ့်ဆုံးအမှတ်များ

www.edge.com.mm

Source: democracy today

News Read 5151 times