အဖြေလွှာများစစ်ဆေးရန် စာမေးပွဲဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူများ၏ ခုံနံပါတ်များကို ကုတ်နံပါတ်များဖြင့် ချိပ် ပိတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေပါသည်။
ဧပြီ ၁ ရက်နေ့မှ အဖြေလွှာ တွေ စတင်စစ်ဆေးမည်ဖြစ်ပြီး စာစစ်မည့် ဆရာ၊ ဆရာမတွေအတွက် စာစစ်ခ တစ်ရက်ကို ကျပ် ၁,၀၀၀ သတ်မှတ်ပေးထားတယ်။
မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။
ဒီနှုန်း ထားက အရင်ကထက်စာရင် ပို လာတယ်လို့ ပြောလို့ရတယ်။ အ ရင်က တစ်ရက်ကို ကျပ် ၇၀၀ နှုန်းနဲ့ပေးခြင်း ဖြစ်ပါတယ်။
အဖြေလွှာစစ်ဆေးခြင်းကို ဧပြီ ၁ ရက်နေ့မှ ၁၂ ရက်နေ့အထိ စစ်ဆေးမည်ဖြစ်ပြီး ရန်ကုန်၊ ဒဂုံ၊ တောင်ကြီး၊ မုံရွာ၊ မြစ်ကြီးနား၊ မော်လမြိုင်၊ စစ်တွေ၊ မကွေး၊ မန္တလေးနှင့် ပုသိမ်တက္ကသိုလ်များတွင် သက်ဆိုင်ရာ ဘာသာရပ်များ အလိုက် ပါမောက္ခ၊ တွဲဖက်ပါမောက္ခများအား စာစစ်မှူးချုပ် များ ခန့်အပ်ပြီး အမှတ်ပေးစည်း မျဉ်းရေးဆွဲကာ ဆောင်ရွက်မည် ဖြစ်ပါသည်။
ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် သင်္ချာဘာသာရပ်၌ မေးခွန်းမပြည့်စုံမှုဖြစ်ပေါ်ခဲ့ခြင်းကြောင့် စာစစ်မှူးချုပ်များက ယင်းကိစ္စကို အရေးပေါ်သတ်မှတ်ဖြေရှင်း ဆောင်ရွက်ရမည်ဖြစ်ပါသည်။
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက သင်္ချာဘာသာရပ်မေး ခွန်းမပြည့်စုံမှု ဖြစ်ပေါ်ခဲ့ခြင်းကြောင့် ကျောင်းသား၊ ကျောင်းသူများ နစ်နာမှုမရှိစေရန် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားထားပါသည်။
ယခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုရန် စာရင်းပေးသွင်းသူ ၇၆၇,၄၂၂ ဦး ရှိပြီး ယခင်နှစ်များထက် စာရင်းပေးသွင်းသော ကျောင်းသားဦးရေ သိသိသာသာ မြင့်တက်ခဲ့သော်လည်း ကျောင်း သား ၇၁၆,၂၁၆ ဦး ၀င်ရောက်ဖြေ ဆိုခဲ့ကာ စာမေးပွဲဖြေဆိုရန် ပျက်ကွက်သော ကျောင်းသားဦးရေ ၅၀,၀၀၀ ကျော်ရှိကြောင်း မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနမှ သတင်းရရှိသည်။
မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။
Source: 7 day daily